< ဆာလံ 103 >

1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
ipsi David benedic anima mea Domino et omnia quae intra me sunt nomini sancto eius
2 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။
benedic anima mea Domino et noli oblivisci omnes retributiones eius
3 ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။
qui propitiatur omnibus iniquitatibus tuis qui sanat omnes infirmitates tuas
4 ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍ မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။
qui redimit de interitu vitam tuam qui coronat te in misericordia et miserationibus
5 ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​နု​ပျို​သန်​စွမ်း လျက်​ရှိ​၏။
qui replet in bonis desiderium tuum renovabitur ut aquilae iuventus tua
6 ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။
faciens misericordias Dominus et iudicium omnibus iniuriam patientibus
7 ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။
notas fecit vias suas Mosi filiis Israhel voluntates suas
8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
miserator et misericors Dominus longanimis et multum misericors
9 ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။ အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။
non in perpetuum irascetur neque in aeternum comminabitur
10 ၁၀ ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။
non secundum peccata nostra fecit nobis nec secundum iniustitias nostras retribuit nobis
11 ၁၁ ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။
quoniam secundum altitudinem caeli a terra corroboravit misericordiam suam super timentes se
12 ၁၂ အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။
quantum distat ortus ab occidente longe fecit a nobis iniquitates nostras
13 ၁၃ ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။
quomodo miseretur pater filiorum misertus est Dominus timentibus se
14 ၁၄ ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။
quoniam ipse cognovit figmentum nostrum recordatus est quoniam pulvis sumus
15 ၁၅ ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။
homo sicut faenum dies eius tamquam flos agri sic efflorebit
16 ၁၆ လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့် ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။
quoniam spiritus pertransivit in illo et non subsistet et non cognoscet amplius locum suum
17 ၁၇ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။
misericordia autem Domini ab aeterno et usque in aeternum super timentes eum et iustitia illius in filios filiorum
18 ၁၈
his qui servant testamentum eius et memores sunt mandatorum ipsius ad faciendum ea
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။
Dominus in caelo paravit sedem suam et regnum ipsius omnibus dominabitur
20 ၂၀ တန်​ခိုး​စွမ်း​ရည်​ကြီး​မား​၍​ကိုယ်​တော်​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​လျက် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သော ကောင်း​ကင်​တ​မန်​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
benedicite Domino angeli eius potentes virtute facientes verbum illius ad audiendam vocem sermonum eius
21 ၂၁ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း လုပ်​ဆောင်​သူ​အ​စေ​ခံ​များ​ဖြစ်​သော ကောင်း​ကင်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
benedicite Domino omnes virtutes eius ministri eius qui facitis voluntatem eius
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။
benedicite Domino omnia opera eius in omni loco dominationis ipsius benedic anima mea Domino

< ဆာလံ 103 >