< ဆာလံ 103 >
1 ၁ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
Davidov. Blagoslivljaj Jahvu, dušo moja, i sve što je u meni, sveto ime njegovo!
2 ၂ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
Blagoslivljaj Jahvu, dušo moja, i ne zaboravi dobročinstva njegova:
3 ၃ ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
on ti otpušta sve grijehe tvoje, on iscjeljuje sve slabosti tvoje;
4 ၄ ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
on ti od propasti čuva život, kruni te dobrotom i ljubavlju;
5 ၅ ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
život ti ispunja dobrima, k'o orlu ti se mladost obnavlja.
6 ၆ ထာဝရဘုရားသည် ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့် သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
Jahve čini pravedna djela i potlačenima vraća pravicu,
7 ၇ ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
Mojsiju objavi putove svoje, sinovima Izraelovim djela svoja.
8 ၈ ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
Milosrdan i milostiv je Jahve, spor na srdžbu i vrlo dobrostiv.
9 ၉ ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။ အစဉ်အမြဲအမျက်ထွက်တော်မမူ။
Jarostan nije za vječna vremena niti dovijeka plamti srdžba njegova.
10 ၁၀ ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
Ne postupa s nama po grijesima našim niti nam plaća po našim krivnjama.
11 ၁၁ ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
Jer kako je nebo visoko nad zemljom, dobrota je njegova s onima koji ga se boje.
12 ၁၂ အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
Kako je istok daleko od zapada, tako udaljuje od nas bezakonja naša.
13 ၁၃ ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
Kako se otac smiluje dječici, tako se Jahve smiluje onima što ga se boje.
14 ၁၄ ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
Jer dobro zna kako smo sazdani, spominje se da smo prašina.
15 ၁၅ ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
Dani su čovjekovi kao sijeno, cvate k'o cvijetak na njivi;
16 ၁၆ လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
jedva ga dotakne vjetar, i već ga nema, ne pamti ga više ni mjesto njegovo.
17 ၁၇ သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
Al' ljubav Jahvina vječna je nad onima što ga se boje i njegova pravda nad sinovima sinova,
nad onima što njegov Savez čuvaju i pamte mu zapovijedi da ih izvrše.
19 ၁၉ ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
Jahve u nebu postavi prijestolje svoje, i kraljevska vlast svemir mu obuhvaća.
20 ၂၀ တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
Blagoslivljajte Jahvu, svi anđeli njegovi, vi jaki u sili, što izvršujete naredbe njegove, poslušni riječi njegovoj!
21 ၂၁ ကိုယ်တော်၏အလိုတော်အတိုင်း လုပ်ဆောင်သူအစေခံများဖြစ်သော ကောင်းကင်အာဏာပိုင်အပေါင်းတို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
Blagoslivljajte Jahvu, sve vojske njegove, sluge njegove koje činite volju njegovu!
22 ၂၂ ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
Blagoslivljajte Jahvu, sva djela njegova, na svakome mjestu vlasti njegove: blagoslivljaj Jahvu, dušo moja!