< ဆာလံ 102 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ။
O rugăciune a celui nenorocit, când este copleșit și își revarsă plângerea înaintea DOMNULUI. Ascultă-mi rugăciunea, DOAMNE, și să ajungă strigătul meu până la tine.
2 ၂ ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
Nu îți ascunde fața de la mine în ziua tulburării; apleacă-ți urechea spre mine, în ziua când chem, răspunde-mi repede.
3 ၃ ကျွန်တော်မျိုး၏ဘဝအသက်တာသည် မီးခိုးကဲ့သို့လွင့်ပျောက်လျက် ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် မီးကဲ့သို့လောင်ကျွမ်းလျက်နေပါ၏။
Căci zilele mele sunt mistuite ca fumul și oasele mele sunt arse ca un tăciune.
4 ၄ ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။
Inima mea este lovită și uscată precum iarba, încât uit să îmi mănânc pâinea.
5 ၅ ကျွန်တော်မျိုးသည်အသံကျယ်စွာညည်းညူ ရပါ၏။ ကျွန်တော်မျိုးမှာအရိုးနှင့်အရေသာလျှင် ရှိပါတော့သည်။
Din cauza vocii geamătului meu oasele mi se lipesc de pielea mea.
6 ၆ ကျွန်တော်မျိုးသည်တောကန္တာရရှိ တောငှက်ကဲ့သို့လည်းကောင်း၊ ယိုယွင်းပျက်စီးနေသောအဆောက်အအုံရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။
Sunt ca un pelican în pustie, sunt ca o bufniță a deșertului.
7 ၇ ကျွန်တော်မျိုးသည်အိပ်၍မပျော်နိုင်ဘဲ ဖြစ်နေပါ၏။ ကျွန်တော်မျိုးသည်အိမ်မိုးပေါ်တွင်တစ်ကောင်တည်း နားနေရသောငှက်နှင့်တူပါ၏။
Veghez și sunt ca o vrabie singură pe acoperișul casei.
8 ၈ ကျွန်တော်မျိုးအားရန်သူများသည်တစ်နေ့လုံး စော်ကားကြပါ၏။ သူတို့သည်ကျွန်တော်မျိုးကိုပုံခိုင်း၍ ကျိန်ဆဲကြပါ၏။
Dușmanii mei mă ocărăsc toată ziua; și cei furioși pe mine jură împotriva mea.
9 ၉ ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
Căci am mâncat cenușa ca pâinea și mi-am amestecat băutura cu plâns,
Din cauza indignării tale și a furiei tale, căci tu m-ai ridicat și m-ai aruncat jos.
11 ၁၁ ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
Zilele mele sunt ca o umbră care se lungește; și eu sunt uscat precum iarba.
12 ၁၂ သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
Dar tu, DOAMNE, vei dăinui pentru totdeauna; și amintirea ta din generație în generație.
13 ၁၃ ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
Tu te vei ridica și vei avea milă de Sion, căci a venit timpul să îi arăți favoare, da, timpul rânduit a venit.
14 ၁၄ ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်း ထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
Fiindcă servitorii tăi au plăcere în pietrele sale și arată favoare țărânii lui.
15 ၁၅ လူမျိုးအပေါင်းတို့သည်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ လောကဘုရင်အပေါင်းတို့သည်ကိုယ်တော်၏ တန်ခိုးတော်ကိုကြောက်ရွံ့ရိုသေကြလိမ့်မည်။
Astfel păgânii se vor teme de numele DOMNULUI și toți împărații pământului de gloria ta.
16 ၁၆ ထာဝရဘုရားသည်ဇိအုန်မြို့ကိုပြန်လည် တည်ထောင်တော်မူသောအခါ မိမိ၏ဘုန်းအသရေတော်ကိုပေါ်လွင် ထင်ရှားစေတော်မူလိမ့်မည်။
Când va zidi DOMNUL Sionul, el se va arăta în gloria sa.
17 ၁၇ ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
Va lua aminte la rugăciunea celor lipsiți și nu va disprețui rugăciunea lor.
18 ၁၈ ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
Aceasta se va scrie pentru generația ce vine, și poporul care va fi creat va lăuda pe DOMNUL.
19 ၁၉ အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
Pentru că a privit în jos din înaltul sanctuarului său; din cer a privit DOMNUL pământul,
Pentru a asculta geamătul prizonierului, pentru a dezlega pe cei ce sunt rânduiți la moarte.
21 ၂၁ သို့ဖြစ်၍အတိုင်းတိုင်းအပြည်ပြည်မှ လူမျိုးတကာတို့သည် စုရုံးလာကြပြီးလျှင်ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုကြသောအခါဇိအုန်တောင် ပေါ်၌ ကိုယ်တော်၏နာမတော်ကိုကြေညာကြလိမ့်မည်။ ယေရုရှလင်မြို့တွင်ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
Pentru a vesti numele DOMNULUI în Sion și lauda lui în Ierusalim,
Când popoarele și împărățiile se vor aduna, pentru a servi DOMNULUI.
23 ၂၃ ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည် ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
El mi-a slăbit puterea pe cale; mi-a scurtat zilele.
24 ၂၄ အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
Am spus: Dumnezeul meu, nu mă lua în mijlocul zilelor mele; anii tăi sunt din generație în generație.
25 ၂၅ ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
Din vechime tu ai pus temelia pământului, și cerurile sunt lucrarea mâinilor tale.
26 ၂၆ ထိုအရာအားလုံးသည်ကွယ်ပျောက်သွား ကြမည်ဖြစ်သော်လည်း ကိုယ်တော်ရှင်မူကားရှိနေတော်မူမည်ဖြစ်ပါ၏။ ထိုအရာအပေါင်းတို့သည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ထိုအရာတို့သည်ပြောင်းလဲကွယ်ပျောက် သွားကြပါလိမ့်မည်။
Ele vor pieri, dar tu vei dăinui, da, toate se vor învechi precum o haină; ca pe un veșmânt le vei schimba și vor fi schimbate;
27 ၂၇ သို့ရာတွင်ကိုယ်တော်ရှင်မူကားအဘယ်အခါ ၌မျှ ပြောင်းလဲတော်မမူပါ။ အသက်တော်သည်လည်းအဘယ်အခါ၌မျှ ကုန်ဆုံးတော်မူလိမ့်မည်မဟုတ်ပါ။
Dar tu ești același și anii tăi nu vor avea sfârșit.
28 ၂၈ ကျွန်တော်မျိုးတို့၏သားမြေးများသည် ဘေးမဲ့လုံခြုံစွာနေရပါလိမ့်မည်။ သူတို့၏အမျိုးအနွယ်များသည်လည်း ကိုယ်တော်ရှင်၏ထံတော်၌လုံခြုံစွာခိုလှုံ ရပါလိမ့်မည်။
Copiii servitorilor tăi vor dăinui, și sămânța lor va fi întemeiată, înaintea ta.