< ဆာလံ 101 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​သစ္စာ​စောင့်​သိ​ခြင်း​နှင့် တ​ရား​မျှ​တ​ခြင်း​အ​ကြောင်း​ကို​သီ​ချင်း​ဆို​ပါ​မည်။ ရှေ့​တော်​၌​သီ​ချင်း​ဆို​ပါ​မည်။
A psalm of David. I will sing of covenant faithfulness and justice; to you, Yahweh, I will sing praises.
2 ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင် ကျင့်​ကြံ​ပါ​မည်။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​မှ​ကျွန်​တော်​မျိုး ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အိမ်​တွင်​ဖြူ​စင်​သည့် စိတ်​သ​ဘော​ထား​ဖြင့်​ကျင့်​ကြံ​ပြု​မူ​ပါ​မည်။
I will walk in the way of integrity. Oh, when will you come to me? I will walk with integrity within my house.
3 မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။
I will not put wrongdoing before my eyes; I hate worthless evil; it will not cling to me.
4 ငါ​သည်​လိမ်​လည်​ကောက်​ကျစ်​မည်​မ​ဟုတ်​ပါ။ မ​ကောင်း​မှု​ပြု​သူ​တို့​နှင့်​ပေါင်း​ဖော်​မည်​မဟုတ်​ပါ။
Perverse people will leave me; I am not loyal to evil.
5 သူ​တစ်​ပါး​အ​ကြောင်း​မ​ကောင်း​သ​တင်း တီး​တိုး​လွှင့်​တတ်​သူ​ကို​ဖယ်​ရှား​ပစ်​ပါ​မည်။ မာန်​မာ​န​ထောင်​လွှား​လျက်​စိတ်​နေ​မြင့်​သူ​ကို သည်း​ခံ​မည်​မ​ဟုတ်​ပါ။
I will destroy whoever secretly slanders his neighbor. I will not tolerate anyone who has a proud demeanor and an arrogant attitude.
6 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။
I will look to the faithful of the land to sit at my side. Those who walk in the way of integrity may serve me.
7 လိမ်​လည်​ပြော​ဆို​တတ်​သူ​သည်​ငါ​၏​နန်း​တော်​တွင် နေ​ရ​မည်​မ​ဟုတ်​ပါ။ သူ​တော်​ယောင်​ဆောင်​တတ်​သူ​သည် ငါ​၏​ရှေ့​မှောက်​တွင်​နေ​ရ​မည်​မ​ဟုတ်​ပါ။
Deceitful people will not remain within my house; liars will not be welcome before my eyes.
8 ငါ​တို့​တိုင်း​နိုင်​ငံ​တွင်​ရှိ​သ​မျှ​သော​သူ​ယုတ်​မာ တို့​ကို ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​သုတ်​သင်​ပစ်​ပါ​မည်။ ဆိုး​ညစ်​သူ​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ​ဘုရား​၏ မြို့​တော်​မှ​နှင်​ထုတ်​ပါ​မည်။
Morning by morning I will destroy all the wicked from the land; I will remove all evildoers from the city of Yahweh.

< ဆာလံ 101 >