< ဆာလံ 101 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်သစ္စာစောင့်သိခြင်းနှင့် တရားမျှတခြင်းအကြောင်းကိုသီချင်းဆိုပါမည်။ ရှေ့တော်၌သီချင်းဆိုပါမည်။
A Psalm of David. I will sing of Your loving devotion and justice; to You, O LORD, I will sing praises.
2 ၂ ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
I will ponder the way that is blameless— when will You come to me? I will walk in my house with integrity of heart.
3 ၃ မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
I will set no worthless thing before my eyes. I hate the work of those who fall away; it shall not cling to me.
4 ၄ ငါသည်လိမ်လည်ကောက်ကျစ်မည်မဟုတ်ပါ။ မကောင်းမှုပြုသူတို့နှင့်ပေါင်းဖော်မည်မဟုတ်ပါ။
A perverse heart shall depart from me; I will know nothing of evil.
5 ၅ သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
Whoever slanders his neighbor in secret, I will put to silence; the one with haughty eyes and a proud heart, I will not endure.
6 ၆ ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။ သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။ လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။
My eyes favor the faithful of the land, that they may dwell with me; he who walks in the way of integrity shall minister to me.
7 ၇ လိမ်လည်ပြောဆိုတတ်သူသည်ငါ၏နန်းတော်တွင် နေရမည်မဟုတ်ပါ။ သူတော်ယောင်ဆောင်တတ်သူသည် ငါ၏ရှေ့မှောက်တွင်နေရမည်မဟုတ်ပါ။
No one who practices deceit shall dwell in my house; no one who tells lies shall stand in my presence.
8 ၈ ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။ ဆိုးညစ်သူအပေါင်းတို့အားထာဝရဘုရား၏ မြို့တော်မှနှင်ထုတ်ပါမည်။
Every morning I will remove all the wicked of the land, that I may cut off every evildoer from the city of the LORD.