< ဆာလံ 10 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ဝေး​၌ နေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​ချိန်​၌​အ​ဘယ် ကြောင့် မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ​သ​နည်း။
主よ、なにゆえ遠く離れて立たれるのですか。なにゆえ悩みの時に身を隠されるのですか。
2 သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။
悪しき者は高ぶって貧しい者を激しく責めます。どうぞ彼らがその企てたはかりごとにみずから捕えられますように。
3 သူ​ယုတ်​မာ​သည်​မိ​မိ​၏​ဆိုး​ညစ်​သော အ​လို​ဆန္ဒ​များ​အ​ကြောင်း​ကို​ကြွား​ဝါ​တတ်​၏။ လော​ဘ​ကြီး​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကျိန်​ဆဲ​ပစ်​ပယ်​တတ်​၏။
悪しき者は自分の心の願いを誇り、むさぼる者は主をのろい、かつ捨てる。
4 သူ​ယုတ်​မာ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဂ​ရု​မ​စိုက်​တတ်။ သူ​သည်​မာ​န​ထောင်​လွှား​လျက်​ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ်​ယူ​ဆ​တတ်​၏။
悪しき者は誇り顔をして、神を求めない。その思いに、すべて「神はない」という。
5 သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။
彼の道は常に栄え、あなたのさばきは彼を離れて高く、彼はそのすべてのあだを口先で吹く。
6 ``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
彼は心の内に言う、「わたしは動かされることはなく、世々わざわいにあうことがない」と。
7 သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။
その口はのろいと、欺きと、しえたげとに満ち、その舌の下には害毒と不正とがある。
8 သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။
彼は村里の隠れ場におり、忍びやかな所で罪のない者を殺す。その目は寄るべなき者をうかがい、
9 သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။ သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍ မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။
隠れ場にひそむししのように、ひそかに待ち伏せする。彼は貧しい者を捕えようと待ち伏せし、貧しい者を網にひきいれて捕える。
10 ၁၀ သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။
寄るべなき者は彼の力によって打ちくじかれ、衰え、倒れる。
11 ၁၁ သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။
彼は心のうちに言う、「神は忘れた、神はその顔を隠した、神は絶えて見ることはなかろう」と。
12 ၁၂ အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
主よ、立ちあがってください。神よ、み手をあげてください。苦しむ者を忘れないでください。
13 ၁၃ သူ​ယုတ်​မာ​သည်​အ​ဘယ်​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​၍ ``ကိုယ်​တော်​သည်​ငါ့​ကို​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နိုင်​ပါ​သ​နည်း။
なにゆえ、悪しき者は神を侮り、心のうちに「あなたはとがめることをしない」と言うのですか。
14 ၁၄ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။
あなたはみそなわし、悩みと苦しみとを見て、それをみ手に取られます。寄るべなき者はあなたに身をゆだねるのです。あなたはいつもみなしごを助けられました。
15 ၁၅ ယုတ်​မာ​သူ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​တော့​သည့်​တိုင် အောင် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။
悪しき者と悪を行う者の腕を折り、その悪を一つも残さないまでに探り出してください。
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
主はとこしえに王でいらせられる。もろもろの国民は滅びて主の国から跡を断つでしょう。
17 ၁၇ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။
主よ、あなたは柔和な者の願いを聞き、その心を強くし、耳を傾けて、
18 ၁၈ ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။
みなしごと、しえたげられる者とのためにさばきを行われます。地に属する人は再び人を脅かすことはないでしょう。

< ဆာလံ 10 >