< သုတ္တံကျမ်း 9 >

1 ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
[Sapientia ædificavit sibi domum: excidit columnas septem.
2 သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
Immolavit victimas suas, miscuit vinum, et proposuit mensam suam.
3 ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
Misit ancillas suas ut vocarent ad arcem et ad mœnia civitatis.
4 ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
Si quis est parvulus, veniat ad me. Et insipientibus locuta est:
5 လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
Venite, comedite panem meum, et bibite vinum quod miscui vobis.
6 မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
Relinquite infantiam, et vivite, et ambulate per vias prudentiæ.]
7 မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
[Qui erudit derisorem, ipse injuriam sibi facit, et qui arguit impium, sibi maculam generat.
8 မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
Noli arguere derisorem, ne oderit te: argue sapientem, et diliget te.
9 ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
Da sapienti occasionem, et addetur ei sapientia; doce justum, et festinabit accipere.
10 ၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
Principium sapientiæ timor Domini, et scientia sanctorum prudentia.
11 ၁၁ အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
Per me enim multiplicabuntur dies tui, et addentur tibi anni vitæ.
12 ၁၂ သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
Si sapiens fueris, tibimetipsi eris; si autem illusor, solus portabis malum.]
13 ၁၃ မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
[Mulier stulta et clamosa, plenaque illecebris, et nihil omnino sciens,
14 ၁၄ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
sedit in foribus domus suæ, super sellam in excelso urbis loco,
15 ၁၅ လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
ut vocaret transeuntes per viam, et pergentes itinere suo:
16 ၁၆ ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
Qui est parvulus declinet ad me. Et vecordi locuta est:
17 ၁၇ ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
Aquæ furtivæ dulciores sunt, et panis absconditus suavior.
18 ၁၈ ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol h7585)
Et ignoravit quod ibi sint gigantes, et in profundis inferni convivæ ejus.] (Sheol h7585)

< သုတ္တံကျမ်း 9 >