< သုတ္တံကျမ်း 7 >
1 ၁ ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
Filho meu, guarda minhas palavras; e deposita em ti meus mandamentos.
2 ၂ ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
Guarda meus mandamentos, e vive; e minha lei, como as pupilas de teus olhos.
3 ၃ သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
Ata-os aos teus dedos; escreve-os na tábua do teu coração.
4 ၄ ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။
Dize à sabedoria: Tu és minha irmã; E à prudência chama de parente.
5 ၅ သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
Para que te guardem da mulher alheia, da estranha, [que] lisonjeia com suas palavras.
6 ၆ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊
Porque da janela de minha casa, pelas minhas grades eu olhei;
7 ၇ ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
E vi entre os simples, prestei atenção entre os jovens, um rapaz que tinha falta de juízo;
8 ၈ ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
Que estava passando pela rua junto a sua esquina, e seguia o caminho da casa dela;
9 ၉ မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။
No crepúsculo, ao entardecer do dia, no escurecer da noite e nas trevas.
10 ၁၀ ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
E eis que uma mulher lhe [saiu] ao encontro, com roupas de prostituta, e astuta de coração.
11 ၁၁ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
Esta era barulhenta e insubordinada; os pés dela não paravam em sua casa.
12 ၁၂ ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
De tempos em tempos ela fica fora [de casa], nas ruas, espreitando em todos os cantos.
13 ၁၃ ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
Então ela o pegou, e o beijou; e com atrevimento em seu rosto, disse-lhe:
14 ၁၄ ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။
Sacrifícios pacíficos tenho comigo; hoje paguei meus votos.
15 ၁၅ ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
Por isso saí para te encontrar; para buscar apressadamente a tua face, e te achei.
16 ၁၆ ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။
Já preparei minha cama com cobertas; com tecidos de linho fino do Egito.
17 ၁၇ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
Já perfumei meu leito com mirra, aloés e canela.
18 ၁၈ လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
Vem [comigo]; iremos nos embebedar de paixões até a manhã, e nos alegraremos de amores.
19 ၁၉ ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။
Porque [meu] marido não está em casa; ele viajou para longe.
20 ၂၀ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
Ele tomou uma bolsa de dinheiro em sua mão; [e só] volta para casa no dia determinado.
21 ၂၁ ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
Ela o convenceu com suas muitas palavras sedutoras; com a lisonja de seus lábios ela o persuadiu.
22 ၂၂ နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
Ele foi logo após ela, como o boi vai ao matadouro; e como o louco ao castigo das prisões.
23 ၂၃ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
Até que uma flecha atravesse seu fígado; como a ave que se apressa para a armadilha, e não sabe que está [armada] contra sua vida.
24 ၂၄ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
Agora pois, filhos, escutai-me; e prestai atenção às palavras de minha boca.
25 ၂၅ ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
Que teu coração não se desvie para os caminhos dela, e não andes perdido pelas veredas dela.
26 ၂၆ အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
Porque ela derrubou muitos feridos; e são muitíssimos os que por ela foram mortos.
27 ၂၇ သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ (Sheol )
A sua casa é caminho para o Xeol, que desce para as câmaras da morte. (Sheol )