< သုတ္တံကျမ်း 6 >
1 ၁ ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
Con ơi, nếu con bảo lãnh bạn sơ giao, hay đưa tay cam kết với người lạ mặt.
2 ၂ ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
Nếu con vướng mắc lời thề, bị miệng lưỡi con ràng buộc—
3 ၃ ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
hãy nghe lời ta khuyên và tự cứu mình, vì con đã rơi vào tay của bạn con. Hãy hạ mình xuống; đi xin họ hủy lời cam kết.
4 ၄ အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
Đừng trì hoãn; con phải đi ngay! Không được nghỉ ngơi cho đến khi xong việc.
5 ၅ မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
Phải lo giải thoát lấy thân, như nai thoát tay thợ săn, như chim thoát bẫy.
6 ၆ အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
Này người lười biếng, hãy quan sát sinh hoạt loài kiến. Hãy rút tỉa bài học để khôn ngoan!
7 ၇ ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
Tuy không có thủ lãnh, quan chức, hay người cai trị,
8 ၈ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
nhưng mùa hè, chúng biết dự trữ lương thực, mùa gặt chúng biết gom góp thóc lúa.
9 ၉ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
Nhưng người lười biếng kia, còn ngủ mãi sao? Đến bao giờ mới thức giấc?
10 ၁၀ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
Ngủ một chút, mơ màng thêm một chút, khoanh tay nghỉ một chút nữa thôi—
11 ၁၁ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
cảnh nghèo đến như kẻ trộm; bạo tàn, đột ngột như phường cướp tấn công.
12 ၁၂ ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
Bọn vô lại độc ác thích điều gì? Họ không ngớt nói lời dối trá,
13 ၁၃ မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
nháy mắt, khều chân hay tay ngầm ra dấu.
14 ၁၄ ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
Lòng đầy gian tà, mưu toan điều ác, xui cạnh tranh, bất hòa.
15 ၁၅ ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
Nhưng họ sẽ bị tai họa bất ngờ, bị diệt không phương cứu thoát.
16 ၁၆ ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
Sáu điều Chúa Hằng Hữu ghét— hay bảy điều làm Ngài gớm ghê:
17 ၁၇ ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
Mắt kiêu căng, lưỡi gian dối, bàn tay đẫm máu vô tội,
18 ၁၈ မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
lòng mưu toan những việc hung tàn, chân phóng nhanh đến nơi tội ác,
19 ၁၉ မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
làm chứng gian khai mang hại người, xúi giục anh chị em tranh chấp.
20 ၂၀ ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
Con ơi, phải nghe lời cha khuyên dạy, và đừng bỏ khuôn phép mẹ con.
21 ၂၁ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
Phải luôn luôn ghi lòng tạc dạ. Đeo những lời ấy vào cổ con.
22 ၂၂ သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
Nó sẽ dẫn dắt con khi đi. Gìn giữ con lúc ngủ. Trò chuyện khi con thức dậy.
23 ၂၃ အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
Vì sự khuyên dạy là ngọn đèn, khuôn phép là ánh sáng; Quở trách khuyên dạy là vạch đường sống cho con.
24 ၂၄ ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
Gìn giữ con khỏi đàn bà tội lỗi, khỏi lưỡi dụ dỗ của dâm phụ.
25 ၂၅ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
Lòng con đừng thèm muốn nhan sắc nó. Chớ để khóe mắt nó chinh phục con.
26 ၂၆ အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
Mê kỹ nữ thì sẽ lâm cảnh vong gia bại sản, lấy vợ người thì mất cả hồn linh.
27 ၂၇ လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
Có ai mang lửa trong lòng, mà áo quần không bốc cháy?
28 ၂၈ ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
Có ai bước trên than hồng, mà khỏi bị phỏng chân chăng?
29 ၂၉ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
Ai ngoại tình với vợ người cũng vậy. Người đụng đến nàng hẳn không tránh khỏi hình phạt.
30 ၃၀ မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
Người ta có thể khoan hồng cho kẻ trộm, vì hắn phạm tội ăn cắp do đói.
31 ၃၁ တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
Nhưng nếu bị bắt nó phải bồi thường gấp bảy lần, phải lấy hết tài vật trong nhà để trang trải.
32 ၃၂ သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
Nhưng người phạm tội ngoại tình thật ngu dại, vì tự hủy diệt chính mình.
33 ၃၃ နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
Danh liệt, thân bại. Hổ thẹn nhục nhã suốt đời.
34 ၃၄ အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
Người chồng sẽ ghen tuông giận dữ, báo thù chẳng chút nương tay.
35 ၃၅ လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။
Anh ta không nhận tiền chuộc lỗi, dù con nộp bao nhiêu cũng không bằng lòng.