< သုတ္တံကျမ်း 4 >
1 ၁ ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။
Halljátok, fiúk, az atya oktatását s figyeljetek, hogy meg ösmerjétek az értelmességet;
2 ၂ ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
mert jó tanúlságot adtam nektek, tanomat el ne hagyjátok.
3 ၃ ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။
Mert fia voltam atyámnak, gyöngéd s egyetlen az anyám előtt;
4 ၄ ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
az tanított meg engem, s mondta nékem: Tartsa meg szavaimat szíved, őrizd meg parancsaimat, hogy élj.
5 ၅ ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
Szerezz bölcsességet, szerezz értelmességet; ne felejtsd el, ne hajolj el szájam mondásaitól.
6 ၆ ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
Ne hagyd el őt s megőriz téged, szeresd őt és megóv téged.
7 ၇ ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
Kezdete a bölcsességnek: szerezz bölcsességet! s minden szerzeményeden szerezz értelmességet!
8 ၈ သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။
Tüntesd ki őt és fölemel téged, tiszteltté tesz téged, midőn átkarolod.
9 ၉ သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။
Ad majd fejednek kecses füzért, díszes koronával ajándékoz meg téged.
10 ၁၀ ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
Halljad fiam s fogadd el mondásaimat, hogy megsokasodjanak a te életed évei.
11 ၁၁ ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
Bölcsesség útjára tanítottalak, járattalak az egyenesség nyomdokaiban.
12 ၁၂ ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။
Jártadban nem szorul meg lépésed, s ha futsz, nem botlasz meg.
13 ၁၃ ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
Ragaszkodjál az oktatáshoz, ne hagyd abba, óvd meg őt, mert ő az életed.
14 ၁၄ အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။
A gonoszok ösvényére ne menj, és ne haladj a rosszak útján.
15 ၁၅ သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။
Vesd el, ne vonulj rajta, térj le róla s vonulj el.
16 ၁၆ သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
Mert nem alusznak, ha rosszat nem tesznek, s el van rabolva álmuk, ha botlást nem okoznak.
17 ၁၇ ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
Mert ették a gonoszság kenyerét és az erőszakoskodás borát isszák.
18 ၁၈ ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
S az igazak ösvénye akár a fényes napvilág, mely egyre világosabb lesz a nappal megszilárdultáig;
19 ၁၉ မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
a gonoszok útja akár az éjhomály, nem tudják, miben botlanak meg.
20 ၂၀ ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
Fiam, szavaimra figyelj, mondásaimra hajtsad füledet;
21 ၂၁ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
ne mozduljanak el szemeid elől, őrizd azokat szíved belsejében:
22 ၂၂ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
mert élet azok megtalálóik számára s egész testöknek gyógyulás.
23 ၂၃ နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။
Minden őrzendőnél jobban óvjad szívedet, mert abból erednek az élet forrásai.
24 ၂၄ ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
Vesd le magadról a szájnak görbeségét, s az ajkak ferdeségét távolítsd el magadtól.
25 ၂၅ သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။
Szemeid előre tekintsenek és szempilláid egyenesen nézzenek magad elé.
26 ၂၆ သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
Mérlegeld lábad nyomdokát s mind az útjaid megszilárdulnak.
27 ၂၇ လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။
Ne hajolj jobbra és balra, távoztasd lábadat a rossztól.