< သုတ္တံကျမ်း 26 >

1 နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
כשלג בקיץ--וכמטר בקציר כן לא-נאוה לכסיל כבוד
2 စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
כצפור לנוד כדרור לעוף-- כן קללת חנם לא (לו) תבא
3 မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။
שוט לסוס מתג לחמור ושבט לגו כסילים
4 မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
אל-תען כסיל כאולתו פן-תשוה-לו גם-אתה
5 မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
ענה כסיל כאולתו פן-יהיה חכם בעיניו
6 မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။
מקצה רגלים חמס שתה-- שלח דברים ביד-כסיל
7 သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။
דליו שקים מפסח ומשל בפי כסילים
8 မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
כצרור אבן במרגמה-- כן-נותן לכסיל כבוד
9 ဆူးသည် ယစ်မူးသောသူ၏လက်ကို စူးသကဲ့သို့၊ သတ္တံစကားသည် မိုက်သောသူ၏ နှုတ်၌ရှိ၏။
חוח עלה ביד-שכור ומשל בפי כסילים
10 ၁၀ ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ်၏။
רב מחולל-כל ושכר כסיל ושכר עברים
11 ၁၁ ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။
ככלב שב על-קאו-- כסיל שונה באולתו
12 ၁၂ ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
ראית--איש חכם בעיניו תקוה לכסיל ממנו
13 ၁၃ ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
אמר עצל שחל בדרך ארי בין הרחבות
14 ၁၄ တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။
הדלת תסוב על-צירה ועצל על-מטתו
15 ၁၅ ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
טמן עצל ידו בצלחת נלאה להשיבה אל-פיו
16 ၁၆ ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
חכם עצל בעיניו-- משבעה משיבי טעם
17 ၁၇ လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။
מחזיק באזני-כלב-- עבר מתעבר על-ריב לא-לו
18 ၁၈ ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊
כמתלהלה הירה זקים-- חצים ומות
19 ၁၉ မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။
כן-איש רמה את-רעהו ואמר הלא-משחק אני
20 ၂၀ ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
באפס עצים תכבה-אש ובאין נרגן ישתק מדון
21 ၂၁ မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
פחם לגחלים ועצים לאש ואיש מדונים (מדינים) לחרחר-ריב
22 ၂၂ ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
דברי נרגן כמתלהמים והם ירדו חדרי-בטן
23 ၂၃ ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
כסף סיגים מצפה על-חרש-- שפתים דלקים ולב-רע
24 ၂၄ အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
בשפתו ינכר שונא ובקרבו ישית מרמה
25 ၂၅ ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
כי-יחנן קולו אל-תאמן-בו כי שבע תועבות בלבו
26 ၂၆ အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။
תכסה שנאה במשאון תגלה רעתו בקהל
27 ၂၇ တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
כרה-שחת בה יפול וגולל אבן אליו תשוב
28 ၂၈ မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။
לשון-שקר ישנא דכיו ופה חלק יעשה מדחה

< သုတ္တံကျမ်း 26 >