< သုတ္တံကျမ်း 23 >

1 မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
כי-תשב ללחום את-מושל-- בין תבין את-אשר לפניך
2 သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
ושמת שכין בלעך-- אם-בעל נפש אתה
3 ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
אל-תתאו למטעמותיו והוא לחם כזבים
4 ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
אל-תיגע להעשיר מבינתך חדל
5 ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
התעוף (התעיף) עיניך בו ואיננו כי עשה יעשה-לו כנפים כנשר ועיף (יעוף) השמים
6 မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
אל-תלחם--את-לחם רע עין ואל-תתאו למטעמתיו
7 သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
כי כמו שער בנפשו-- כן-הוא אכול ושתה יאמר לך ולבו בל-עמך
8 သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။
פתך-אכלת תקיאנה ושחת דבריך הנעימים
9 မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။
באזני כסיל אל-תדבר כי-יבוז לשכל מליך
10 ၁၀ အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။
אל-תסג גבול עולם ובשדי יתומים אל-תבא
11 ၁၁ အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
כי-גאלם חזק הוא-יריב את-ריבם אתך
12 ၁၂ ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
הביאה למוסר לבך ואזנך לאמרי-דעת
13 ၁၃ သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
אל-תמנע מנער מוסר כי-תכנו בשבט לא ימות
14 ၁၄ ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ (Sheol h7585)
אתה בשבט תכנו ונפשו משאול תציל (Sheol h7585)
15 ၁၅ ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
בני אם-חכם לבך-- ישמח לבי גם-אני
16 ၁၆ သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
ותעלזנה כליותי-- בדבר שפתיך מישרים
17 ၁၇ အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
אל-יקנא לבך בחטאים כי אם-ביראת-יהוה כל-היום
18 ၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။
כי אם-יש אחרית ותקותך לא תכרת
19 ၁၉ ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
שמע-אתה בני וחכם ואשר בדרך לבך
20 ၂၀ စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
אל-תהי בסבאי-יין-- בזללי בשר למו
21 ၂၁ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
כי-סבא וזולל יורש וקרעים תלביש נומה
22 ၂၂ သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
שמע לאביך זה ילדך ואל-תבוז כי-זקנה אמך
23 ၂၃ သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
אמת קנה ואל-תמכר חכמה ומוסר ובינה
24 ၂၄ ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
גול (גיל) יגיל אבי צדיק יולד (ויולד) חכם וישמח- (ישמח-) בו
25 ၂၅ သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။
ישמח-אביך ואמך ותגל יולדתך
26 ၂၆ ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
תנה-בני לבך לי ועיניך דרכי תרצנה (תצרנה)
27 ၂၇ ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
כי-שוחה עמקה זונה ובאר צרה נכריה
28 ၂၈ သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
אף-היא כחתף תארב ובוגדים באדם תוסף
29 ၂၉ အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
למי אוי למי אבוי למי מדונים (מדינים) למי שיח-- למי פצעים חנם למי חכללות עינים
30 ၃၀ စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
למאחרים על-היין-- לבאים לחקר ממסך
31 ၃၁ ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
אל-תרא יין כי יתאדם כי-יתן בכיס (בכוס) עינו יתהלך במישרים
32 ၃၂ နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
אחריתו כנחש ישך וכצפעני יפרש
33 ၃၃ သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။
עיניך יראו זרות ולבך ידבר תהפכות
34 ၃၄ အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
והיית כשכב בלב-ים וכשכב בראש חבל
35 ၃၅ သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
הכוני בל-חליתי-- הלמוני בל-ידעתי מתי אקיץ אוסיף אבקשנו עוד

< သုတ္တံကျမ်း 23 >