< သုတ္တံကျမ်း 22 >

1 ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
Laba slava der vairāk, nekā liela bagātība; mīlestība pie ļaudīm labāka, nekā sudrabs un zelts.
2 ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
Bagāts sastopas ar nabagu; Tas Kungs viņus visus radījis.
3 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
Gudrais paredz nelaimi un paglābjas; bet neprāta ļaudis skrien vien un dabū ciest.
4 စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
Pazemības, proti Dieva bijības alga ir bagātība un gods un dzīvība.
5 သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
Ērkšķi un valgi ir netiklam ceļā; kas savu dvēseli sargā, paliks tālu no tiem.
6 သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
Māci bērnam viņa ceļu, tad viņš, arī vecs palicis, no tā neatkāpsies.
7 ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
Bagātais valda pār nabagiem, un kas aizņēmās, ir aizdevēja kalps.
8 ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
Kas netaisnību sēj, tas bēdas pļaus un ies bojā caur savas blēdības rīksti.
9 ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
Žēlīga acs taps svētīta; jo viņa no savas maizes dod nabagam.
10 ၁၀ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
Izdzen garzobi, tad aizies ķilda, un riešana mitēsies un kauns.
11 ၁၁ စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
Kam šķīsta sirds un mute mīlīga, tam ķēniņš ir par draugu.
12 ၁၂ ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
Tā Kunga acis pasargā, kam atzīšana; bet nelieša vārdus viņš izdeldē.
13 ၁၃ ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
Slinkais saka: „Lauva ir ārā; ielas vidū mani saplosīs!“
14 ၁၄ အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
Maukas mute ir dziļa bedre; ko Tas Kungs ienīst, tas krīt tur iekšā.
15 ၁၅ မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
Blēņas līp bērna sirdī; bet pārmācības rīkste tās izdzen tālu.
16 ၁၆ ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
Kas no nabaga plēš, savu mantu vairot, tas to atkal dos bagātam līdz pat trūcībai.
17 ၁၇ သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
Griez savu ausi un klausies gudro vārdu un loki savu sirdi pie manas atzīšanas.
18 ၁၈ သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
Jo tas būs jaukums, ja tu tos sirdī pasargāsi un tos visnotaļ stādīsi uz savām lūpām.
19 ၁၉ သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
Lai tava cerība stāv uz To Kungu. Šodien es tevi mācu, tiešām tevi!
20 ၂၀ သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
Vai tev jau sen to neesmu rakstījis ar padomiem un mācībām,
21 ၂၁
Ka tev rādītu taisnus un patiesīgus vārdus, atbildēt patiesības vārdus tiem, kas tevi sūta.
22 ၂၂ ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
Neaplaupi nabagu, tādēļ ka tas nabags, un nenospaidi sērdieni tiesas priekšā;
23 ၂၃ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
Jo Tas Kungs iztiesās viņu tiesu un laupīs dvēseli tiem, kas tos laupa.
24 ၂၄ စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
Netinies ar bargu, un nesameties ar to, kam ātras dusmas,
25 ၂၅ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
Ka tu nemācies viņa tekas un nesavaldzini savu dvēseli.
26 ၂၆ လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
Neturies pie tiem, kas ar roku apsolās un par parādu galvo;
27 ၂၇
Kad tev nebūs ko maksāt, tad noņems tavu gultu apakš tevis.
28 ၂၈ ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
Neatcel vecās robežas, ko tavi tēvi likuši.
29 ၂၉ ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
Ja tu vīru redzi, kas tikuši(prasmīgi) savu darbu dara, tas stāvēs ķēniņu priekšā, un nestāvēs šādu tādu ļaužu priekšā.

< သုတ္တံကျမ်း 22 >