< သုတ္တံကျမ်း 22 >
1 ၁ ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
美名胜过大财; 恩宠强如金银。
2 ၂ ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
富户穷人在世相遇, 都为耶和华所造。
3 ၃ သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
通达人见祸藏躲; 愚蒙人前往受害。
4 ၄ စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
敬畏耶和华心存谦卑, 就得富有、尊荣、生命为赏赐。
5 ၅ သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
乖僻人的路上有荆棘和网罗; 保守自己生命的,必要远离。
6 ၆ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
教养孩童,使他走当行的道, 就是到老他也不偏离。
7 ၇ ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
富户管辖穷人; 欠债的是债主的仆人。
8 ၈ ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
撒罪孽的,必收灾祸; 他逞怒的杖也必废掉。
9 ၉ ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
眼目慈善的,就必蒙福, 因他将食物分给穷人。
10 ၁၀ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
赶出亵慢人,争端就消除; 纷争和羞辱也必止息。
11 ၁၁ စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
喜爱清心的人因他嘴上的恩言, 王必与他为友。
12 ၁၂ ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
耶和华的眼目眷顾聪明人, 却倾败奸诈人的言语。
13 ၁၃ ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
懒惰人说:外头有狮子; 我在街上就必被杀。
14 ၁၄ အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
淫妇的口为深坑; 耶和华所憎恶的,必陷在其中。
15 ၁၅ မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
愚蒙迷住孩童的心, 用管教的杖可以远远赶除。
16 ၁၆ ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
欺压贫穷为要利己的, 并送礼与富户的,都必缺乏。
17 ၁၇ သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
你须侧耳听受智慧人的言语, 留心领会我的知识。
18 ၁၈ သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
你若心中存记, 嘴上咬定,这便为美。
19 ၁၉ သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
我今日以此特特指教你, 为要使你倚靠耶和华。
20 ၂၀ သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
谋略和知识的美事, 我岂没有写给你吗?
要使你知道真言的实理, 你好将真言回复那打发你来的人。
22 ၂၂ ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
贫穷人,你不可因他贫穷就抢夺他的物, 也不可在城门口欺压困苦人;
23 ၂၃ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
因耶和华必为他辨屈; 抢夺他的,耶和华必夺取那人的命。
24 ၂၄ စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
好生气的人,不可与他结交; 暴怒的人,不可与他来往;
25 ၂၅ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
恐怕你效法他的行为, 自己就陷在网罗里。
26 ၂၆ လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
不要与人击掌, 不要为欠债的作保。
28 ၂၈ ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
你先祖所立的地界, 你不可挪移。
29 ၂၉ ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
你看见办事殷勤的人吗? 他必站在君王面前, 必不站在下贱人面前。