< သုတ္တံကျမ်း 18 >
1 ၁ သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
Ɔhonankani yɛ pɛsɛmenkomenya; na ɔmfa atɛntenenee nyɛ hwee.
2 ၂ မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
Ɔkwasea nni nhunumu ho anigyeɛ na mmom deɛ ɔpɛ ara ne sɛ ɔde nʼadwene bɛto dwa.
3 ၃ မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
Sɛ amumuyɛsɛm ba a animtiabuo di so, na aniwuo nso di animguaseɛ akyi.
4 ၄ နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
Onipa anom nsɛm yɛ nsuo a emu dɔ, na nyansa asutire yɛ asuwa a ɛrepu ahuro.
5 ၅ တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
Ɛnyɛ sɛ wɔdi ma omumuyɛfoɔ anaasɛ wɔbu deɛ ɔdi bem atɛnkyea.
6 ၆ မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
Ɔkwasea ano de akasakasa ba na nʼano frɛfrɛ ɔhweɛ.
7 ၇ မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
Ɔkwasea ano yɛ ɔno ara sɛeɛ na nʼanofafa yɛ ne kra afidie.
8 ၈ ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Osekuni anom asɛm te sɛ mfremfremadeɛ; ɛwurawura kɔ onipa akwaa mu nyinaa.
9 ၉ အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
Deɛ ɔtoto nʼadwuma ase no nuabarima ne deɛ ɔyɛ ɔsɛefoɔ.
10 ၁၀ ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
Awurade din yɛ abantenten a ɛyɛ den; ahotefoɔ dwane kɔtoa na wɔnya banbɔ.
11 ၁၁ ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
Adefoɔ ahonyadeɛ ne wɔn kuropɔn a wɔabɔ ho ban wɔfa no sɛ ɔfasuo tenten a wɔntumi mforo.
12 ၁၂ ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
Ansa na onipa bɛhwe ase no ɔnya ahomasoɔ akoma, na ahobrɛaseɛ di animuonyam anim.
13 ၁၃ အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
Deɛ ɔntie asɛm ansa na wama mmuaeɛ no, ɛno ne ne gyimie ne nʼanimguaseɛ.
14 ၁၄ လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
Onipa sunsum na ɛhyɛ no den wɔ yadeɛ mu na honhom a apɛkyɛ deɛ, hwan na ɔpɛ?
15 ၁၅ သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
Nhunumu akoma nya nimdeɛ; na anyansafoɔ aso nso hwehwɛ.
16 ၁၆ လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
Akyɛdeɛ bue ɛkwan ma deɛ ɔde ma na ɛde no ba atitire anim.
17 ၁၇ ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
Ɛyɛ deɛ ɔbɔ ne nkuro kane no sɛ nʼasɛm yɛ dɛ, kɔsi sɛ ɔfoforɔ bɛba abɛbisa no nsɛm no mu.
18 ၁၈ စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
Ntontobɔ twa akyinnyegyeɛ so, na ɛpata atamfoɔ.
19 ၁၉ အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
Onua a wɔafom noɔ no asɛm yɛ dene sene kuropɔn a ɛwɔ banbɔ, akyinnyegyeɛ te sɛ abankɛsewa apono a wɔabram akyire.
20 ၂၀ လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
Onipa anom asɛm so aba ma ɔyafunu mee, nnɔbaeɛ a nʼanofafa twa no mee no.
21 ၂၁ လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
Tɛkrɛma kura nkwa ne owuo tumi, na wɔn a wɔdɔ no no bɛdi nʼaba.
22 ၂၂ မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
Deɛ wanya yere no anya adepa na ɔnya adom firi Awurade hɔ.
23 ၂၃ ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
Ohiani srɛ ahummɔborɔ, nanso ɔdefoɔ de kasaden bua no.
24 ၂၄ အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။
Ɔbarima a ne nnamfonom dɔɔso bɛtumi ahwe ase, nanso adamfo bi wɔ hɔ a ɔbɛfam ne ho asene onua.