< သုတ္တံကျမ်း 15 >
1 ၁ ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
विनम्र जवाफले क्रोधलाई हटाउँछ, तर कठोर वचनले रिस उठाउँछ ।
2 ၂ ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
बुद्धिमान् मानिसहरूको जिब्रोले ज्ञानको तारिफ गर्छ, तर मूर्खहरूको मुखले मूर्खता खन्याउँछ ।
3 ၃ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။
परमप्रभुको दृष्टि जताततै छ । उहाँले दुष्ट र असलमाथि नजर लगाउनुहुन्छ ।
4 ၄ ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။
निको पार्ने जिब्रो जीवनको रुख हो, तर छलपूर्ण जिब्रोले आत्मालाई चोट पुर्याउँछ ।
5 ၅ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
मूर्खले आफ्नो बुबाको अर्तीलाई हेला गर्छ, तर सुधारबाट सिक्नेचाहिँ विवेकशील हो ।
6 ၆ ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။
धर्मात्माको घरमा ठुलो खजाना हुन्छ, तर दुष्ट मानिसको कमाइले त्यसलाई कष्ट दिन्छ ।
7 ၇ ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
बुद्धिमान् मानिसहरूको ओठले चारैतिर ज्ञान फैलाउँछ, तर मूर्खहरूको हृदय त्यस्तो हुँदैन ।
8 ၈ မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
परमप्रभुले दुष्ट मानिसहरूको बलिदानलाई घृणा गर्नुहुन्छ, तर धर्मी मानिसहरूको प्रार्थना उहाँको आनन्द हो ।
9 ၉ မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
परमप्रभुले दुष्ट मानिसहरूको मार्गलाई घृणा गर्नुहुन्छ, तर ठिक कुराको पछि लाग्नेलाई उहाँले प्रेम गर्नुहुन्छ ।
10 ၁၀ လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။
कठोर अनुशासनले आफ्नो बाटो त्याग्नेको प्रतीक्षा गर्छ, र सुधारलाई घृणा गर्नेचाहिँ मर्ने छ ।
11 ၁၁ မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ (Sheol )
पाताल र विनाश परमप्रभुको सामु खुला छन् भने मानिसको हृदय झन् कति खुला होला? (Sheol )
12 ၁၂ မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။
गिल्ला गर्ने सुधारदेखि अप्रसन्न हुन्छ । त्यो बुद्धिमान्कहाँ जाँदैन ।
13 ၁၃ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။
आनन्दित हृदयले मुहारलाई हँसिलो बनाउँछ, तर हृदयको पिरले आत्मालाई चोट पुर्याउँछ ।
14 ၁၄ ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
विवेशकशीलहरूको हृदयले ज्ञानको खोजी गर्छ, तर मूर्खहरूको मुखले मूर्खता नै रुचाउँछ ।
15 ၁၅ ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။
थिचोमिचोमा परेकाहरूका सबै दिन दुःखद हुन्छन्, तर आनन्दित हृदयको सुखको अन्त्य हुँदैन ।
16 ၁၆ နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
भ्रमको साथ धेरै धन-सम्पत्ति हुनुभन्दा बरु परमप्रभुको भयको साथ थोरै हुनु उत्तम हो ।
17 ၁၇ ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
घृणा भएको ठाउँमा पुष्टाइएको बाछो खानुभन्दा बरु प्रेम भएको ठाउँमा सागसब्जी खानु उत्तम हो ।
18 ၁၈ မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။
रिसाएको मानिसले तर्क-वितर्क गर्छ, तर रिसाउनमा धिमा व्यक्तिले झगडालाई शान्त पार्छ ।
19 ၁၉ ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
अल्छेको बाटो काँढाको छेकबार भएको ठाउँझैँ हुन्छ, तर धर्मीको बाटो निर्मित लोकमार्ग हो ।
20 ၂၀ ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
बुद्धिमान् छोरोले आफ्नो बुबालाई आनन्द दिन्छ, तर मूर्ख व्यक्तिले आफ्नी आमालाई तुच्छ ठान्छ ।
21 ၂၁ ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။
मूर्खताले बेसमझको मानिसलाई आनन्द दिन्छ, तर समझशक्ति भएको मानिस सिधा बाटोमा हिँड्छ ।
22 ၂၂ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။
सरसल्लाह नहुँदा योजनाहरू गलत हुन्छन्, तर धेरै परामर्शदाताहरूद्वारा तिनीहरू सफल हुन्छन् ।
23 ၂၃ လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
उचित जवाफ दिँदा मानिसले आनन्द पाउँछ । ठिक समयमा बोलिएको वचन कति असल हुन्छ!
24 ၂၄ ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ (Sheol )
जीवनको मार्गले विवेकशील मानिसहरूलाई उँभोतिर लैजान्छ । यसले तिनीहरूलाई उँधो पातालतिर जानदेखि फर्काउँछ । (Sheol )
25 ၂၅ မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။
परमप्रभुले अहङ्कारीको घर भत्काइदिनुहुन्छ, तर विधवाको सम्पत्तिको रक्षा गर्नुहुन्छ ।
26 ၂၆ မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
परमप्रभुले दुष्ट मानिसहरूको विचारलाई घृणा गर्नुहुन्छ, तर दयाका वचनहरू शुद्ध हुन्छन् ।
27 ၂၇ မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
चोरी गर्नेले आफ्नो परिवारमा सङ्कष्ट ल्याउँछ, तर घुसलाई घृणा गर्नेचाहिँ बाँच्ने छ ।
28 ၂၈ ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
जवाफ दिनुअगि धर्मात्माको हृदयले मनन गर्छ, तर दुष्ट मानिसको मुखले आफ्नो सबै खराबी ओकल्छ ।
29 ၂၉ ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
दुष्ट मानिसहरूबाट परमप्रभु निकै टाढा हुनुहुन्छ, तर उहाँले धर्मी मानिसहरूको प्रार्थना सुन्नुहुन्छ ।
30 ၃၀ မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။
आँखाको ज्योतिले हृदयमा आनन्द ल्याउँछ, र शुभ खबर शरीरको लागि स्वास्थ्य हो ।
31 ၃၁ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။
कसरी जिउने भनी कसैले तिमीलाई सुधार गर्दा तिमीले ध्यान दियौ भने तिमी बुद्धिमान् मानिसहरूका बिचमा रहने छौ ।
32 ၃၂ ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။
अनुशासनलाई इन्कार गर्नेले आफैलाई तुच्छ ठान्छ, तर सुधारलाई ध्यान दिनेले समझशक्ति पाउँछ ।
33 ၃၃ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
परमप्रभुको भयले बुद्धि सिकाउँछ, र आदरअगि विनम्रता आउँछ ।