< သုတ္တံကျမ်း 14 >
1 ၁ ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
Мудра жінка будує свій дім, а безумна своєю рукою руйнує його́.
2 ၂ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
Хто ходить в просто́ті своїй, боїться той Господа, а в ко́го доро́ги криві́, той пого́рджує Ним.
3 ၃ မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
На устах безу́мця галу́зка пихи́, а губи премудрих їх стережу́ть.
4 ၄ နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
Де немає биків, там я́сла порожні, а щедрість врожа́ю — у силі вола́.
5 ၅ သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
Сві́док правдивий не лже, а сві́док брехливий говорить неправду.
6 ၆ မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
Насмішник шукає премудрости, — та надаре́мно, пізна́ння легке́ для розумного.
7 ၇ မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
Ходи зда́лека від люди́ни безу́мної, і від того, в кого́ мудрих уст ти не бачив.
8 ၈ ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
Мудрість розумного — то розумі́ння дороги своєї, а глупо́та дурних — то ома́на.
9 ၉ မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။
Нерозумні сміються з гріха́, а між праведними — уподо́бання.
10 ၁၀ စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။
Серце знає гірко́ту своєї душі, і в радість його не втручається інший.
11 ၁၁ မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
Буде ви́гублений дім безбожних, а намет безневи́нних розкві́тне.
12 ၁၂ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
Буває, доро́га люди́ні здається простою, та кінець її — стежка до смерти.
13 ၁၃ လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။
Також іноді і від сміху́ болить серце, і закі́нчення радости — сму́ток.
14 ၁၄ စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
Хто підступного серця, наси́титься той із доріг своїх, а добра люди́на — із чинів своїх.
15 ၁၅ ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
Вірить безглу́здий в кожні́сіньке слово, а мудрий зважає на кро́ки свої.
16 ၁၆ ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
Мудрий боїться й від злого вступає, нерозумний же гні́вається та сміли́вий.
17 ၁၇ စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
Скорий на гнів учиняє глупо́ту, а люди́на лукава знена́виджена.
18 ၁၈ ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
Нерозумні глупо́ту вспадко́вують, а мудрі знання́м коронуються.
19 ၁၉ လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
Покло́няться злі перед добрими, а безбожники — при брамах праведного.
20 ၂၀ ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
Убогий знена́виджений навіть ближнім своїм, а в багатого дру́зі числе́нні.
21 ၂၁ မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
Хто погорджує ближнім своїм, той грішить, а ласка́вий до вбогих — блаже́нний.
22 ၂၂ မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။
Чи ж не блу́дять, хто о́ре лихе? А милість та правда для тих, хто о́ре добро́.
23 ၂၃ ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
Кожна праця прино́сить доста́ток, але́ праця уст в недоста́ток веде́.
24 ၂၄ ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
Корона премудрих — їхня му́дрість, а віне́ць нерозумних — глупо́та.
25 ၂၅ မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။
Свідок правдивий визво́лює душі, а свідок обма́нливий — бре́хні торо́чить.
26 ၂၆ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
У Господньому стра́хові сильна наді́я, і Він пристано́вище ді́тям Своїм.
27 ၂၇ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
Страх Господній — крини́ця життя, щоб віддаля́тися від пасток смерти.
28 ၂၈ ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
У числе́нності люду вели́чність царя, а в бра́ку народу — погибіль воло́даря.
29 ၂၉ စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
Терпели́вий у гніві — багаторозумний, а гнівли́вий вчиняє глупо́ту.
30 ၃၀ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
Ла́гідне серце — життя то для тіла, а за́здрість — гнили́зна косте́й.
31 ၃၁ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
Хто тисне нужде́нного, той ображає свого Творця́, а хто милости́вий до вбогого, той поважає Його.
32 ၃၂ မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
Безбожний у зло своє падає, а праведний повний надії й при смерті своїй.
33 ၃၃ ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
Мудрість має спочи́нок у серці розумного, а що в нутрі безумних, те ви́явиться.
34 ၃၄ ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
Праведність люд підійма́є, а беззако́ння — то сором наро́дів.
35 ၃၅ ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
Ласка царе́ва — рабо́ві розумному, гнів же його — проти того, хто соро́мить його.