< သုတ္တံကျမ်း 13 >
1 ၁ ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
Filius sapiens doctrina patris; qui autem illusor est non audit cum arguitur.
2 ၂ လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
De fructu oris sui homo satiabitur bonis: anima autem prævaricatorum iniqua.
3 ၃ မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
Qui custodit os suum custodit animam suam; qui autem inconsideratus est ad loquendum, sentiet mala.
4 ၄ ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
Vult et non vult piger; anima autem operantium impinguabitur.
5 ၅ ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဘွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။
Verbum mendax justus detestabitur; impius autem confundit, et confundetur.
6 ၆ ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။
Justitia custodit innocentis viam, impietas autem peccatorem supplantat.
7 ၇ အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။
Est quasi dives, cum nihil habeat, et est quasi pauper, cum in multis divitiis sit.
8 ၈ စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။
Redemptio animæ viri divitiæ suæ; qui autem pauper est, increpationem non sustinet.
9 ၉ ဖြောင့်မတ်သော သူ၏အလင်းသည် ရွှင်လန်း ၏။ မတရားသော သူ၏မီးခွက်မူကား၊ သေရလိမ့်မည်။
Lux justorum lætificat: lucerna autem impiorum extinguetur.
10 ၁၀ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
Inter superbos semper jurgia sunt; qui autem agunt omnia cum consilio, reguntur sapientia.
11 ၁၁ လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
Substantia festinata minuetur; quæ autem paulatim colligitur manu, multiplicabitur.
12 ၁၂ မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
Spes quæ differtur affligit animam; lignum vitæ desiderium veniens.
13 ၁၃ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။
Qui detrahit alicui rei, ipse se in futurum obligat; qui autem timet præceptum, in pace versabitur. Animæ dolosæ errant in peccatis: justi autem misericordes sunt, et miserantur.
14 ၁၄ ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။
Lex sapientis fons vitæ, ut declinet a ruina mortis.
15 ၁၅ ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ်၏။ ပြစ်မှားသော သူတို့လမ်းမူကား၊ ခက်သော လမ်းဖြစ်၏။
Doctrina bona dabit gratiam; in itinere contemptorum vorago.
16 ၁၆ သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
Astutus omnia agit cum consilio; qui autem fatuus est aperit stultitiam.
17 ၁၇ မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
Nuntius impii cadet in malum; legatus autem fidelis, sanitas.
18 ၁၈ သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
Egestas et ignominia ei qui deserit disciplinam; qui autem acquiescit arguenti glorificabitur.
19 ၁၉ အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။
Desiderium si compleatur delectat animam; detestantur stulti eos qui fugiunt mala.
20 ၂၀ ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
Qui cum sapientibus graditur sapiens erit; amicus stultorum similis efficietur.
21 ၂၁ အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
Peccatores persequitur malum, et justis retribuentur bona.
22 ၂၂ သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
Bonus reliquit hæredes filios et nepotes, et custoditur justo substantia peccatoris.
23 ၂၃ ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။
Multi cibi in novalibus patrum, et aliis congregantur absque judicio.
24 ၂၄ ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
Qui parcit virgæ odit filium suum; qui autem diligit illum instanter erudit.
25 ၂၅ ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။
Justus comedit et replet animam suam; venter autem impiorum insaturabilis.