< သုတ္တံကျမ်း 10 >

1 ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
Mithali za Sulemani. Mwana mwenye hekima humfurahisha baba yake lakini mwana mpumbavu huleta majonzi kwa mama yake.
2 မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။
Hazina zilizolimbikizwa kwa uovu hakosa thamani, bali kwa kutenda haki hujilinda mbali na kifo.
3 ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
Yehova hawaachi wale watendao haki wapate njaa, bali hamu ya waovu huizuia.
4 ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။
Mkono mlegevu humfanya mtu awe masikini, bali mkono wa mtu mwenye bidii hupata utajiri.
5 အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
Mwana mwenye busara hukusanya mazao wakati wa kiangazi, bali ni aibu kwake alalaye wakati wa mavuno.
6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Zawadi kutoka kwa Mungu zipo juu ya kichwa cha wale watendao haki; bali kinywa cha uovu hufunikwa kwa jeuri.
7 တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
Mtu atendaye haki anatufurahisha tunapomkumbuka, bali jina la mwovu litaoza.
8 လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
Wale wenye akili hukubali maagiza, bali mpumbavu mwenye maneno mengi ataangamia.
9 ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
Yeye anayetembea katika uadilifu hutembea katika usalama, bali yule anayepotosha njia zake, ataonekana.
10 ၁၀ မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။
Yeye ambaye hukonyeza kwa jicho lake huleta majonzi, bali mpumbavu mwenye maneno mengi atatupwa chini.
11 ၁၁ ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Kinywa cha mwenye kutenda haki ni kama chemchemi ya maji ya uzima, bali kinywa cha uovu hufunikwa kwa jeuri.
12 ၁၂ မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
Chuki huchochea mafarakano, bali upendo hufunika juu ya makwazo yote.
13 ၁၃ ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။
Hekima inapatikana kwenye kinywa cha mtu mwenye ufahamu, bali fimbo ni kwa ajili ya mgongo wa yule asiye na akili.
14 ၁၄ ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
Watu wenye hekima hutunza maarifa, bali kinywa cha mpumbavu huleta uharibifu karibu.
15 ၁၅ ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
Mali ya mtu tajiri ni mji wake mwenye ngome; ufukara wa masikini ni uharibifu wao.
16 ၁၆ ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
Mshahara wa watenda haki huelekea kwenye uzima; manufaa ya waovu huelekea dhambini.
17 ၁၇ နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
Kuna njia kwenda kwenye uzima kwa yule anayefuata maongozo, bali anayekataa maonyo hupotea.
18 ၁၈ အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
Yeye afichaye chuki anamidomo ya uongo, na yeye anayesambaza kashfa ni mpumbavu.
19 ၁၉ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
Katika maneno mengi, hapakosi uhalifu, bali aliyemwangalifu katika usemi wake ni mwenye busara.
20 ၂၀ ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။
Ulimi wa yule atendaye haki ni fedha safi; kuna thamani ndogo katika moyo wa mbaya.
21 ၂၁ ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
Midomo ya yule atendaye haki huwastawisha wengi, bali wapumbavu hufa kwa sababu ya kukosa akili.
22 ၂၂ ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
Zawadi njema za Yehova huleta utajiri na haweki maumivu ndani yake.
23 ၂၃ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
Uovu ni mchezo achezao mpumbavu, bali hekima ni furaha kwa mtu mwenye ufahamu.
24 ၂၄ မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
Hofu ya mwenye uovu humkumba ghafla, bali shauku ya mwenye haki itatimizwa.
25 ၂၅ မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
Waovu ni kama dhoruba inayopita, na hawapo tena, bali mwenye haki ni msingi unaodumu milele.
26 ၂၆ ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
Kama siki kwenye meno na moshi kwenye macho, ndivyo alivyo mvivu kwa wale waliomtuma.
27 ၂၇ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
Hofu ya Yehova huongeza maisha, bali miaka ya waovu itakuwa mifupi.
28 ၂၈ ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
Matumaini ya wale watendao haki ndiyo furaha yao, bali miaka ya waovu itakuwa mifupi.
29 ၂၉ ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။
Njia ya Yehova huwalinda wale wenye uadilifu, bali kwa waovu ni uhalibifu.
30 ၃၀ ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။
Wale watendao haki hawataondolewa, bali waovu hawatabaki katika nchi.
31 ၃၁ ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
Katika kinywa cha wale watendao haki hutoka tunda la hekima, bali ulimi wa kupotosha utakatwa.
32 ၃၂ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
Midomo ya wale watendao mema huyajua yanayokubalika, bali kinywa cha waovu, huyajua yanayopotosha.

< သုတ္တံကျမ်း 10 >