< ဖိလိပ္ပိ 1 >

1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။
Paul and Timothy, servants of Messiah Yeshua; To all the kadoshim in Messiah Yeshua who are at Philippi, with the overseers and servants:
2 သင်​တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။
Grace to you and peace from God our Father and the Lord Yeshua the Messiah.
3 သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။-
I thank my God whenever I remember you,
4 အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။-
always in every prayer of mine for all of you, making my requests with joy,
5
for your partnership in the Good News from the first day until now;
6 သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-
being confident of this very thing, that he who began a good work in you will complete it until the day of Messiah Yeshua.
7 သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-
It is even right for me to think this way about all of you, because I have you in my heart, because, both in my imprisonment and in the defense and confirmation of the Good News, you all are partakers with me of grace.
8 ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။
For God is my witness, how I long after all of you in the tender mercies of Messiah Yeshua.
9 သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။-
This I pray, that your love may abound yet more and more in knowledge and all discernment;
10 ၁၀
so that you may approve the things that are excellent; that you may be pure and blameless for the Day of Messiah;
11 ၁၁ ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။
being filled with the fruit of righteousness, which are through Yeshua the Messiah, to the glory and praise of God.
12 ၁၂ ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။-
Now I desire to have you know, brothers, that the things which happened to me have turned out rather to the progress of the Good News;
13 ၁၃ ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။-
so that it became evident to the whole praetorian guard, and to all the rest, that my bonds are in Messiah;
14 ၁၄ ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။
and that most of the brothers in the Lord, being confident through my bonds, are more abundantly bold to speak the word without fear.
15 ၁၅ အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။-
Some indeed preach Messiah even out of envy and strife, and some also out of good will.
16 ၁၆ ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။-
The latter out of love, knowing that I am appointed for the defense of the Good News.
17 ၁၇ အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။
The former insincerely preach Messiah from selfish ambition, thinking that they add affliction to my chains.
18 ၁၈ ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။-
What does it matter? Only that in every way, whether out of false motives or in truth, Messiah is proclaimed. I rejoice in this, yes, and will rejoice.
19 ၁၉ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။-
For I know that this will turn out for my deliverance, through your petition and the supply of the Ruach of Yeshua the Messiah,
20 ၂၀ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-
according to my earnest expectation and hope, that I will in no way be disappointed, but with all boldness, as always, now also Messiah will be magnified in my body, whether by life, or by death.
21 ၂၁ အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။-
For to me to live is Messiah, and to die is gain.
22 ၂၂ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။-
But if I live on in the flesh, this will bring fruit from my work; yet I do not make known what I will choose.
23 ၂၃ ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။-
But I am in a dilemma between the two, having the desire to depart and be with Messiah, which is far better.
24 ၂၄ သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။-
Yet, to remain in the flesh is more needful for your sake.
25 ၂၅ ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။-
And since I am persuaded of this, I know that I will remain and continue with all of you for your progress and joy in the faith,
26 ၂၆ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။
that your rejoicing may abound in Messiah Yeshua in me through my presence with you again.
27 ၂၇ ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။-
Only let your manner of life be worthy of the Good News of Messiah, that, whether I come and see you or am absent, I may hear of your state, that you stand firm in one spirit, with one soul striving for the faith of the Good News;
28 ၂၈ သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။-
and in nothing frightened by the adversaries, which is for them a proof of destruction, but to you of salvation, and that from God.
29 ၂၉ သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။-
Because it has been granted to you on behalf of Messiah, not only to believe in him, but also to suffer on his behalf,
30 ၃၀ ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။
having the same conflict which you saw in me, and now hear is in me.

< ဖိလိပ္ပိ 1 >