< ဖိလိပ္ပိ 2 >
1 ၁ သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။-
Ikiwa kuna kutiwa moyo katika Kristo. Ikiwa kuna faraja kutoka katika pendo lake. Ikiwa kuna ushirika wa Roho. Ikiwa kuna rehema na huruma.
2 ၂ သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။-
Ikamilisheni furaha yangu kwa kunia mamoja mkiwa na upendo mmoja, mkiwa wamoja katika roho, na kuwa na kusudi moja.
3 ၃ ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
Msifanye kwa ubinafsi na majivuno. Isipokuwa kwa unyenyekevu mkiwaona wengine kuwa bora zaidi yenu.
4 ၄ မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။-
Kila mmoja wenu asiangalie tu mahitaji yake binafsi, bali pia ajali mahitaji ya wengine.
5 ၅ ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောမျိုး ကိုသင်တို့၌လည်းရှိစေကြလော့။
Muwe na nia kama aliyonayo Kristo Yesu.
6 ၆ ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
Ingawaje yeye ni sawa na Mungu. Lakini hakujali kuwa sawa na Mungu ni kitu cha kushikamana nacho.
7 ၇ ယင်းသို့ပြုမည့်အစားမိမိအလိုအလျောက် ဘုန်းအသရေတော်ရှိသမျှကိုစွန့်၍ အစေခံ၏ဇာတိကိုခံယူတော်မူ၏။ ကိုယ်တော်သည်လူ့အသွင်ကိုယူဆောင်၍ လူကဲ့သို့သောအဖြစ်ကိုခံယူတော်မူပေသည်။
Badala yake, alijishusha mwenyewe. Alichukua umbo la mtumishi. Akajitokeza katika mfano wa wanadamu. Alionekana mwanadamu.
8 ၈ မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။
Yeye alijinyeyekeza na kuwa mtii hadi kifo, kifo cha msalaba.
9 ၉ ဤအကြောင်းကြောင့်ဘုရားသခင်သည် ကိုယ်တော်အားအထက်ဘဝဂ်သို့တိုင်အောင် ချီးမြှောက်၍၊ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့ နာမကို ပေးသနားတော်မူ၏။
Hivyo basi Mungu alimtukuza sana. Alimpa jina kuu lipitalo kila jina.
10 ၁၀ ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည် သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊
Alifanya hivyo ili kwamba katika jina la Yesu kila goti sharti liiname. Magoti ya walio mbinguni na walio juu ya ardhi na chini ya ardhi.
11 ၁၁ ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
Na alifanya hivyo ili kwamba kila ulimi sharti ukiri kwamba Yesu kristo ni Bwana, kwa utukufu wa Mungu Baba.
12 ၁၂ သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
Kwa hiyo basi, wapendwa wangu kama mnavyotii siku zote, Si tu katika uwepo wangu lakini sasa ni zaidi sana hata pasipo uwepo wangu, uwajibikeni wokovu wenu wenyewe kwa hofu na kutetemeka.
Kwa kuwa ni Mungu anayetenda kazi ndani yenu ili kuwawezesha kunia na kutenda mambo yale yampendezayo yeye.
14 ၁၄ သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-
Fanyeni mambo yote bila malalamiko na mabishano.
15 ၁၅ သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
Fanyeni hivyo ili kwamba msilaumike na kuwa watoto wa Mungu waaminifu wasiyo na lawama. Fanyeni hivyo ili kwamba muwe nuru ya dunia, katika kizazi cha uasi na uovu.
Shikani sana neno la uzima ili kwamba niwe na sababu ya kutukuza siku ya Kristo. Kisha nitafahamu kwamba sikupiga mbio bure wala sikutaabika bure.
17 ၁၇ သင်တို့၏ယုံကြည်ခြင်းကဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါ၏အသက်သွေးကို သွန်းလောင်းရမည်ဆိုလျှင် ငါသည်ဝမ်းမြောက် လျက်သင်တို့နှင့်အတူဝမ်းမြောက်သည်။-
Lakini hata kama ninamiminwa kama sadaka juu ya dhabidhu na huduma ya imani yenu, ninafurahi, na ninafurahi pamoja nanyi nyote.
18 ၁၈ သင်တို့သည်လည်းဝမ်းမြောက်လျက်ငါနှင့် အတူဝမ်းမြောက်ကြလော့။
Vilevile na ninyi pia mnafurahi, na mnafurahi pamoja nami.
19 ၁၉ ငါသည်သင်တို့၏အကြောင်းသတင်းကောင်းကို ကြား၍ အားတက်လာစေရန်သခင်ဘုရားအလို တော်ရှိလျှင် တိမောသေကိုသင်တို့ထံသို့မကြာ မီစေလွှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
Lakini natumaini katika Bwana Yesu kumtuma Timotheo kwenu hivi karibuni, ili kwamba niweze kutiwa moyo nitakapojua mambo yenu.
20 ၂၀ တိမောသေတစ်ဦးသာလျှင်ငါနှင့်သဘောချင်း တူ၍သင်တို့၏အကျိုးကိုအကယ်ပင်လိုလား သူဖြစ်၏။-
Kwa kuwa sina mwingine aliye na mtazamo kama wake, mwenye nia ya kweli kwa ajili yenu.
21 ၂၁ အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-
Wengine wote ambao ningewatuma kwenu wanatafuta mambo yao binafsi tu, na siyo mambo ya Yesu Kristo.
22 ၂၂ တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။-
Lakini mnaijua thamani yake, kwa sababu kama mtoto anavyomhudumia baba yake, ndivyo alivyotumika pamoja nami katika injili.
23 ၂၃ သို့ဖြစ်၍ငါ့အမှုကိစ္စအဘယ်သို့ဖြစ်မည်ကိုသိ လျှင်သိခြင်း သူ့အားသင်တို့ထံသို့စေလွှတ်နိုင် မည်ဟုငါမျှော်လင့်၏။-
Kwa hiyo ninatumaini kumtuma haraka pindi tu nitakapofahamu nini kitatokea kwangu.
24 ၂၄ သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။
Lakini nina hakika katika Bwana kwamba mimi mwenyewe pia nitakuja hivi karibuni.
25 ၂၅ ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
Lakini nafikiri ni muhimu kumrejesha kwenu Epafradito. Yeye ni ndugu yangu na mtenda kazi mwenzangu na askari mwenzangu, mjumbe na mtumishi wenu kwa ajili ya mahitaji yangu.
26 ၂၆ သူသည်သင်တို့အပေါင်းကိုလွမ်းဆွတ်လျက် နေ၏။ သူဖျားနာသည့်သတင်းကိုသင်တို့ကြား သိသွားသဖြင့်သူသည်စိတ်မချမ်းမသာ ဖြစ်လျက်နေ၏။-
Kwa sababu alikuwa na hofu na alitamani kuwa pamoja nanyi nyote, kwa kuwa mlisikia kwamba alikuwa mgonjwa.
27 ၂၇ သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။-
Maana hakika alikuwa mgonjwa sana kiasi cha kufa. Lakini Mungu alimhurumia, na wema huo haukuwa juu yake tu, lakini pia ulikuwa juu yangu, ili kwamba nisiwe na huzuni juu ya huzuni.
28 ၂၈ ထို့ကြောင့်သင်တို့သည်သူ့ကိုတစ်ဖန်တွေ့မြင်ရ သဖြင့်ဝမ်းမြောက်ကြစေရန်လည်းကောင်း၊ ငါ ၏ဝမ်းနည်းမှုကိုလည်းပပျောက်သွားစေရန် လည်းကောင်းသူ့အားသင်တို့ထံသို့စေလွှတ် ရန်ငါပို၍စိတ်အားထက်သန်လျက်ရှိ၏။-
Kwa hiyo ninamrejesha kweny haraka iwezekanavyo, Ili kwamba mtakapomwona tena mpate kufurahi na mimi nitakuwa nimeondolewa wasi wasi.
29 ၂၉ သင်တို့သည်သူ့အားခရစ်ယာန်ညီအစ်ကိုတစ်ဦး အနေဖြင့်ဝမ်းမြောက်စွာကြိုဆိုကြလော့။ ထိုသို့ သောသူတို့ကိုရိုသေလေးစားကြလော့။-
Mkaribisheni Epafradito katika Bwana kwa furaha zote. Waheshimuni watu kama yeye.
30 ၃၀ သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။
Kwa kuwa ilikuwa kwa ajili ya kazi ya Kristo kwamba alikaribia kufa. Alihatarisha maisha yake ili kuniokoa mimi na akafanya kile ambacho hamkuweza kufanya katika kunihudumia mimi kwa mko mbali nami.