< ဖိလိပ္ပိ 1 >
1 ၁ ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
Paulo na Timotheo, watumishi wa Kristo Yesu, Kwa wale walitengwa katika Kristo wanaoishi Filipi, pamoja na waangalizi na mashemasi.
2 ၂ သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
Neema na iwe kwenu na amani itokayo kwa Mungu Baba yetu na Bwana wetu Yesu Kristo.
3 ၃ သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
Namshukuru Mungu wangu kila ninapowakumbuka ninyi nyote.
4 ၄ အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။-
Mara zote katika kila ombi langu kwa ajili yenu ninyi nyote, huwa na furahi ninapowaombea.
Nina shukrani nyingi kwa sababu ya ushirika wenu katika injili tangu siku ya kwanza mpaka leo.
6 ၆ သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
Nina hakika kuwa yeye aliyeanzisha kazi njema ndani yenu ataendelea kuikamilisha mpaka siku ya Bwana Yesu Kristo.
7 ၇ သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
Ni sawa kwangu kujisikia hivi juu yenu ninyi nyote kwa sababu nimewaweka moyoni wangu. Maana ninyi mmekuwa washirika wenza katika neema katika kifungo changu na katika utetezi na uthibitishaji wangu wa injili.
8 ၈ ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
Mungu ni shahidi wangu, jinsi nilivyo na shauku juu ya yenu nyote katika undani wa pendo la Kristo Yesu.
9 ၉ သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
Na ninaomba kwamba: upendo wenu uongezeke zaidi na zaidi katika maarifa na ufahamu wote.
Ninaomba kwa ajili ya hili ili muwe na uwezo wa kupima na kuchagua mambo yaliyo bora sana. Pia ninawaombea ili muwe safi pasipokuwa na hatia yoyote katika siku ya Kristo.
11 ၁၁ ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
Na pia ili mjazwe na tunda la haki lipatikanalo katika Yesu Kristo, kwa utukufu na sifa ya Mungu.
12 ၁၂ ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။-
Sasa ndugu zangu, nataka mjue kuwa, mambo yaliyotokea kwangu yameifanya injili iendelee sana.
13 ၁၃ ငါသည်ခရစ်တော်၏အစေခံဖြစ်သည့်အတွက် ကြောင့်ငါအကျဉ်းခံရလျက်နေရကြောင်းကို နန်းတော်အစောင့်တပ်တစ်တပ်လုံးနှင့်အခြား သူအပေါင်းတို့သိရှိကြပေသည်။-
Ndiyo maana vifungo vyangu katika Kristo, vimejulikana kwa walinzi wa ikulu yote na kwa kila mtu pia.
14 ၁၄ ဤသို့ငါအကျဉ်းခံရခြင်းကြောင့်ခရစ်ယာန် ညီအစ်ကိုအများပင်သခင်ဘုရားအပေါ်တွင် ပို၍ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍သူတို့ သည်မကြောက်မရွံ့ဘဲနှုတ်ကပတ်တရားတော် ကိုပိုမို၍ဟောပြောဝံ့ကြပေသည်။
Na ndugu wengi katika Bwana, kwa sababu ya vifungo vyangu, wameshawishika na kuthubutu kulihubiri Neno pasipo hofu.
15 ၁၅ အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။-
Baadhi kweli hata humtangaza Kristo kwa fitina na ugomvi, na pia wengine kwa nia njema.
16 ၁၆ ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။-
Wale wanaomtangaza Kristo kwa upendo wanajua kuwa nimewekwa hapa kwa ajili ya utetezi wa injili.
17 ၁၇ အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
Bali wengine wanamtangaza Kristo kwa ubinafsi na nia mbaya. Hudhani kuwa wanasababisha matatizo kwangu katika minyororo yangu.
18 ၁၈ ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
Kwa hiyo? Sijali, aidha njia ikiwa ni kwa hila au kwa kweli, Kristo anatangazwa, na katika hili ninafurahia! Ndiyo, nitafurahia.
19 ၁၉ အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
kwa kuwa ninajua ya kuwa hili litaleta kufunguliwa kwangu. Jambo hili litatokea kwa sababu ya maombi yenu na kwa msaada wa Roho wa Yesu Kristo.
20 ၂၀ ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
Kulingana na matarajio yangu ya uhakika na kweli ni kwamba, sitaona aibu. Badala yake, kwa ujasiri wote, kama ambavyo siku zote na sasa, natarajia kuwa Kristo atainuliwa katika mwili wangu, ikiwa katika uzima au katika kifo.
21 ၂၁ အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။-
Kwa maana kwangu mimi, kuishi ni Kristo na kufa ni faida.
22 ၂၂ သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။-
Lakini, kama kuishi katika mwili huzaa tunda katika kazi yangu, kwa hiyo sijui ni lipi la kuchagua.
23 ၂၃ ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-
Maana ninasukumwa sana na mawazo haya mawili. Nina hamu ya kuuacha mwili na kuwa pamoja na Kristo, kitu ambacho ni cha thamani sana sana.
24 ၂၄ သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
Ingawa, kubaki katika mwili huu ni jambo la muhimu sana kwa ajili yenu.
25 ၂၅ ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။-
Kwa kuwa nina uhakika juu ya hili, ninajua nitabaki na kuendelea kuwa pamoja nanyi nyote, kwa ajili ya maendeleo na furaha ya imani yenu.
26 ၂၆ သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
Na hii italeta furaha yenu kubwa katika Kristo Yesu, kwasababu yangu itaongezeka, kwa sababu ya uwepo wangu tena pamoja nanyi.
27 ၂၇ ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
Mnatakiwa kuishi maisha yenu katika mwenendo mzuri uipasayo injili ya Kristo. fanyeni hivyo ili nikija kuwaona au nisipokuja, nisikie kuwa mmesimama imara katika roho moja. natamani kusikia kuwa mna roho moja, mkiishindania imani ya injili kwa pamoja.
28 ၂၈ သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-
na msitishwe na kitu chochote kinachofanywa na maadui zenu. Hii kwao ni ishara ya uharibifu. Bali kwenu ni ishara ya wokovu kutoka kwa Mungu.
29 ၂၉ သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။-
kwa maana ninyi mmepewa kwa ajili ya Kristo, si kumwamini tu, bali na kuteswa pia katika Yeye.
30 ၃၀ ယခုသင်တို့သည်ငါနှင့်အတူတိုက်ပွဲကိုဝင် နိုင်ကြလေပြီ။ ယခင်အခါကငါတိုက်ပွဲဝင် ခဲ့သည်ကိုသင်တို့တွေ့မြင်ခဲ့ကြ၏။ သင်တို့ ကြားသိသည့်အတိုင်းယခုလည်းငါသည် တိုက်ပွဲကိုဝင်လျက်နေသေး၏။
kwa maana mna mgogoro uleule kama mliouona kwangu na mnasikia kwamba ninao hata sasa.