< တောလည်ရာ 1 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက် ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တော​ကန္တာ​ရ​ရှိ​စံ​တော်​မူ​ရာ​တဲ​တော်​၌​မော​ရှေ​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။-
Adonai spoke to Moses [Drawn out] in the wilderness of Sinai [Thorn], in the Tent of Meeting, on the first day of the second month (Iyar ·Light / I Am God your healer, 2·), in the second year after they had come out of the land of Egypt [Abode of slavery], saying,
2 ``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။-
“Take a census of all the congregation of the children of Israel [God prevails], by their families, by their fathers’ houses, according to the number of the names, every male, one by one;
3
from twenty years old and upward, all who are able to go out to war in Israel [God prevails]. You and Aaron [Light-bringer] shall count them by their divisions.
4 အ​နွယ်​တစ်​နွယ်​စီ​မှ​သား​ချင်း​စု​အ​ကြီး​အ​ကဲ​တစ်​ဦး​ကို သင်​တို့​အား​ကူ​ညီ​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-
With you there shall be a man of every tribe; everyone head of his fathers’ house.
5 သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ အ​နွယ် သား​ချင်း​စု​အ​ကြီး​အ​ကဲ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ
These are the names of the men who shall stand with you: Of Reuben [See, a son!]: Elizur the son of Shedeur.
6
Of Simeon [Hearing]: Shelumiel the son of Zurishaddai [My rock almighty].
7
Of Judah [Praised]: Nahshon the son of Amminadab.
8
Of Issachar [Hire, Reward]: Nethanel the son of Zuar.
9
Of Zebulun [Living together]: Eliab the son of Helon.
10 ၁၀
Of the children of Joseph [May he add]: Of Ephraim [Fruit]: Elishama the son of Ammihud. Of Manasseh [Causing to forget]: Gamaliel the son of Pedahzur.
11 ၁၁
Of Benjamin [Son of right hand, Son of south]: Abidan the son of Gideoni.
12 ၁၂
Of Dan [He judged]: Ahiezer the son of Ammishaddai.
13 ၁၃
Of Asher [Happy]: Pagiel the son of Ochran.
14 ၁၄
Of Gad [Good fortune]: Eliasaph the son of Deuel.
15 ၁၅
Of Naphtali [My wrestling]: Ahira the son of Enan.”
16 ၁၆
These are those who were called of the congregation, the princes of the tribes of their fathers; they were the heads of the thousands of Israel [God prevails].
17 ၁၇ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထို​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​၏​အ​ကူ​အ​ညီ​ဖြင့်၊-
Moses [Drawn out] and Aaron [Light-bringer] took these men who are mentioned by name.
18 ၁၈ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​လာ​စေ​၍ သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​သော​အ​မျိုး​သား​အား​လုံး​တို့​ကို စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​လေ​သည်။ မော​ရှေ​သည်​သိ​နာ​တော​ကန္တာ​ရ​ထဲ​တွင်​လူ​များ​ကို​စာ​ရင်း​ကောက်​ယူ​ခဲ့​၏။-
They assembled all the congregation together on the first day of the second month (Iyar ·Light / I Am God your healer, 2·); and they declared their ancestry by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, one by one.
19 ၁၉
As Adonai enjoined Moses [Drawn out], so he counted them in the wilderness of Sinai [Thorn].
20 ၂၀ ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​အ​နွယ်​မှ​အ​စ​ပြု​၍ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​အ​မျိုး​သား​အား​လုံး​တို့​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​၏။ စု​စု​ပေါင်း​လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အနွယ် ဦးရေ ရု​ဗင် ၄၆၅၀၀ ရှိ​မောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယု​ဒ ၇၄၆၀၀ ဣသ​ခါ ၅၄၄၀၀ ဇာ​ဗု​လုန် ၅၇၄၀၀ ဧ​ဖ​ရိမ် ၄၀၅၀၀ မ​နာ​ရှေ ၃၂၂၀၀ ဗင်္ယာ​မိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာ​ရှာ ၄၁၅၀၀ န​ဿ​လိ ၅၃၄၀၀ စု​စု​ပေါင်း ၆၀၃၅၅၀
The children of Reuben [See, a son!], Israel [God prevails]’s firstborn, their generations, by their families, by their fathers’ houses, according to the number of the names, one by one, every male from twenty years old and upward, all who were able to go out to war;
21 ၂၁
those who were counted of them, of the tribe of Reuben [See, a son!], were forty-six thousand five hundred.
22 ၂၂
Of the children of Simeon [Hearing], their generations, by their families, by their fathers’ houses, those who were counted of it, according to the number of the names, one by one, every male from twenty years old and upward, all who were able to go out to war;
23 ၂၃
those who were counted of them, of the tribe of Simeon [Hearing], were fifty-nine thousand three hundred.
24 ၂၄
Of the children of Gad [Good fortune], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
25 ၂၅
those who were counted of them, of the tribe of Gad [Good fortune], were forty-five thousand six hundred fifty.
26 ၂၆
Of the children of Judah [Praised], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
27 ၂၇
those who were counted of them, of the tribe of Judah [Praised], were seventy-four thousand six hundred.
28 ၂၈
Of the children of Issachar [Hire, Reward], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
29 ၂၉
those who were counted of them, of the tribe of Issachar [Hire, Reward], were fifty-four thousand four hundred.
30 ၃၀
Of the children of Zebulun [Living together], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
31 ၃၁
those who were counted of them, of the tribe of Zebulun [Living together], were fifty-seven thousand four hundred.
32 ၃၂
Of the children of Joseph [May he add], of the children of Ephraim [Fruit], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
33 ၃၃
those who were counted of them, of the tribe of Ephraim [Fruit], were forty thousand five hundred.
34 ၃၄
Of the children of Manasseh [Causing to forget], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
35 ၃၅
those who were counted of them, of the tribe of Manasseh [Causing to forget], were thirty-two thousand two hundred.
36 ၃၆
Of the children of Benjamin [Son of right hand, Son of south], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
37 ၃၇
those who were counted of them, of the tribe of Benjamin [Son of right hand, Son of south], were thirty-five thousand four hundred.
38 ၃၈
Of the children of Dan [He judged], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
39 ၃၉
those who were counted of them, of the tribe of Dan [He judged], were sixty-two thousand seven hundred.
40 ၄၀
Of the children of Asher [Happy], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
41 ၄၁
those who were counted of them, of the tribe of Asher [Happy], were forty-one thousand five hundred.
42 ၄၂
Of the children of Naphtali [My wrestling], their generations, by their families, by their fathers’ houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
43 ၄၃
those who were counted of them, of the tribe of Naphtali [My wrestling], were fifty-three thousand four hundred.
44 ၄၄
These are those who were counted, whom Moses [Drawn out] and Aaron [Light-bringer] counted, and the princes of Israel [God prevails], being twelve men: they were each one for his fathers’ house.
45 ၄၅
So all those who were counted of the children of Israel [God prevails] by their fathers’ houses, from twenty years old and upward, all who were able to go out to war in Israel [God prevails];
46 ၄၆
even all those who were counted were six hundred three thousand five hundred fifty.
47 ၄၇ လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။-
But the Levites [Descendants of United with] after the tribe of their fathers was not counted among them.
48 ၄၈ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား``သင်​သည်​စစ်​မှု​မ​ထမ်း​နိုင်​သူ​ဦး​ရေ​စာ​ရင်း​ကို​မ​ကောက်​နှင့်။-
For Adonai spoke to Moses [Drawn out], saying,
49 ၄၉
“Only the tribe of Levi [United with] you shall not count, neither shall you take a census of them among the children of Israel [God prevails];
50 ၅၀ စစ်​မှု​ထမ်း​စေ​မည့်​အ​စား​ကောက်​ယူ​ရာ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​ထိန်း​သိမ်း​စေ​လော့။ သူ​တို့​သည်​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​သယ်​ဆောင်​ရ​မည်။ သူ​တို့​သည်​တဲ​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​၍​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​နေ​ထိုင်​ရ​မည်။-
but appoint the Levites [Descendants of United with] over the Tabernacle of the Testimony, and over all its furnishings, and over all that belongs to it. They shall carry the tabernacle, and all its furnishings; and they shall take care of it, and shall encamp around it.
51 ၅၁ သင်​တို့​သည်​စ​ခန်း​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း​လေ​ဝိ​အ​မျိုး​သား​တို့​က တဲ​တော်​ကို​သိမ်း​၍​စခန်း​သစ်​ချ​ရာ​၌​တဲ​တော်​ကို​ပြန်​ထူ​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​ဦး​သည် တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
When the tabernacle is to move, the Levites [Descendants of United with] shall take it down; and when the tabernacle is to be set up, the Levites [Descendants of United with] shall set it up. The stranger who comes near shall be put to death.
52 ၅၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​စု​အ​လိုက်၊ အ​ဖွဲ့​အ​လိုက်၊ မိ​မိ​တို့​၏​အ​လံ​အ​နား​မှာ​နေ​ရာ​ယူ​ရ​မည်။-
The children of Israel [God prevails] shall pitch their tents, every man by his own camp, and every man by his own standard, according to their divisions.
53 ၅၃ တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
But the Levites [Descendants of United with] shall encamp around the Tabernacle of the Testimony, that there may be no wrath on the congregation of the children of Israel [God prevails]: and the Levites [Descendants of United with] shall be responsible for the Tabernacle of the Testimony.”
54 ၅၄ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။
Thus the children of Israel [God prevails] did. According to all that Adonai enjoined Moses [Drawn out], so they did.

< တောလည်ရာ 1 >