< တောလည်ရာ 9 >
1 ၁ ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊-
出埃及國後第二年正月,上主在西乃曠野吩咐梅瑟說:「
2 ၂ ``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။-
以色列子民在定期內當舉行踰越節。
於本月十四日黃昏時,在定期內舉行此節;應按一切規定和禮儀舉行。」
4 ၄ သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊-
梅瑟遂號令以色列子民舉行踰越節。
5 ၅ သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
他們就在正月十四日黃昏,於西乃曠野舉行了踰越節;上主怎樣吩咐了梅瑟,以色列子民就怎樣做了。
6 ၆ သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
但是,有些人因沾染了死人的不潔,不能在那一天舉行踰越節,就在那天來到梅瑟和亞郎前;
7 ၇ ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
這些人對他說:「我們沾染了死人的不潔;為什麼我們就被拒絕,而不能在以色列子民中,於定期內奉獻上主供物﹖」
8 ၈ ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
梅瑟對他們說:「你們等一下,我去聽上主對你們有何吩咐。」
9 ၉ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသရေလအမျိုးသားတို့အား``ယခုဖြစ်စေ၊ နောင်အခါဖြစ်စေ ဣသရေလအမျိုးသားတို့တွင်တစ်စုံတစ်ယောက်သည် ပသခါပွဲခံချိန်၌လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်သူသည်လည်းကောင်း၊ ရပ်ဝေးသို့ခရီးလွန်နေသူသည်လည်းကောင်းပသခါပွဲခံလိုသော်၊-
上主吩咐梅瑟說:「
你訓示以色列子民說:幾時你們中或你們後裔中,若有人沾了死人的不潔,或因到遠方旅行,仍要為上主舉行踰越節,
11 ၁၁ တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
應在二月十四日黃昏舉行,同時吃無酵餅和苦菜,
12 ၁၂ နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-
不要剩下什麼到早晨,也不要折斷羔羊的骨頭:應全依照踰越節的規定舉行此節。
13 ၁၃ တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
但如有人是潔淨的,又不在旅行中,竟忽略了過踰越節,這人就應由民間剷除,因為他沒有在定期內奉獻上主供物,這人應自負罪債。
14 ၁၄ ``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
至於與你們同住的僑民,若為上主舉行踰越節,應按照踰越節的規定和禮儀舉行;不論是僑民,或是本國公民,你們應守同樣的法律。」
15 ၁၅ ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-
在豎立帳幕那一天,有雲彩遮蓋了帳幕,即會幕;到晚上雲彩停在帳幕上,形狀似火,直到早晨。
17 ၁၇ မိုးတိမ်အထက်သို့တက်သည့်အခါတိုင်းဣသရေလအမျိုးသားတို့သည် စခန်းဖြုတ်၍မိုးတိမ်သက်ဆင်းသည့်နေရာတွင်တစ်ဖန်စခန်းချကြ၏။-
幾時雲彩由帳幕上升起,以色列子民隨即起程;雲彩在那裏停住了,以色列子民就在那裏紮營。
18 ၁၈ သူတို့သည်ထာဝရဘုရား၏အမိန့်တော်အရစခန်းဖြုတ်ခြင်း၊ စခန်းချခြင်းပြုကြ၏။ မိုးတိမ်သည်တဲတော်အပေါ်တွင်တည်ရှိနေသမျှကာလပတ်လုံးသူတို့သည်စခန်းမဖြုတ်ကြချေ။-
以色列子民照上主的命令起程,亦照上主的命令紮營:雲彩停留在帳幕上幾日,他們就幾日紮營不動。
19 ၁၉ မိုးတိမ်သည်တဲတော်အပေါ်တွင်အချိန်ကြာမြင့်စွာတည်ရှိနေသောအခါ သူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုနာခံ၍ခရီးဆက်ခြင်းမပြုကြချေ။-
雲彩若多日停留在帳幕上,以色列子民就遵照上主的命令,不移營前行。
20 ၂၀ တစ်ခါတစ်ရံမိုးတိမ်သည်တဲတော်အပေါ်တွင်ရက်အနည်းငယ်မျှသာတည်ရှိနေ၏။ မည်သို့ပင်ဖြစ်စေသူတို့သည်ထာဝရဘုရား၏အမိန့်တော်အတိုင်းသာ စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းကိုပြုလုပ်ကြသည်။-
有時雲彩只數日停留在帳幕上,他們就依照上主的命令紮營不動,並依照上主的命令起程。
21 ၂၁ တစ်ခါတစ်ရံမိုးတိမ်သည်ညနေခင်းမှနံနက်အထိသာတည်ရှိ၏။ သူတို့သည်မိုးတိမ်တက်လျှင်ခရီးဆက်ကြသည်။-
有時雲彩從晚上到早晨停住,一到早晨就上升,他們就隨之起程;或者一日一夜以後纔上升,他們也隨之起程。
22 ၂၂ တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။-
如雲彩兩日或一月,或一年停留在帳幕上,無論停留多久,以色列子民也就安營不動多久;只在雲彩上升時,方起程前行。
23 ၂၃ မောရှေမှတစ်ဆင့်ထာဝရဘုရားပေးသောအမိန့်တော်အရ သူတို့သည်စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းပြုလုပ်ကြ၏။
他們依照上主的命令紮營,依照上主的命令起程;他們全照上主藉梅瑟所吩咐的,遵守上主的訓示。