< တောလည်ရာ 8 >
1 ၁ ထာဝရဘုရားသည်မောရှေအား၊-
locutus est Dominus ad Mosen dicens
2 ၂ ``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။-
loquere Aaroni et dices ad eum cum posueris septem lucernas contra eam partem quam candelabrum respicit lucere debebunt
3 ၃ အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
fecitque Aaron et inposuit lucernas super candelabrum ut praeceperat Dominus Mosi
4 ၄ ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
haec autem erat factura candelabri ex auro ductili tam medius stipes quam cuncta ex utroque calamorum latera nascebantur iuxta exemplum quod ostendit Dominus Mosi ita operatus est candelabrum
5 ၅ ထာဝရဘုရားသည်မောရှေအား၊-
et locutus est Dominus ad Mosen dicens
6 ၆ ``လေဝိအနွယ်ဝင်တို့ကိုဣသရေလအမျိုး သားများမှသီးခြားခွဲထုတ်၍ သူတို့အတွက် အောက်ပါအတိုင်းသန့်စင်ခြင်းဝတ်ကိုပြု လော့။-
tolle Levitas de medio filiorum Israhel et purificabis eos
7 ၇ သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
iuxta hunc ritum aspergantur aqua lustrationis et radant omnes pilos carnis suae cumque laverint vestimenta sua et mundati fuerint
8 ၈ ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။-
tollant bovem de armentis et libamentum eius similam oleo conspersam bovem autem alterum de armento tu accipies pro peccato
9 ၉ ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။-
et adplicabis Levitas coram tabernaculo foederis convocata omni multitudine filiorum Israhel
10 ၁၀ ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။-
cumque Levitae fuerint coram Domino ponent filii Israhel manus suas super eos
11 ၁၁ လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
et offeret Aaron Levitas munus in conspectu Domini a filiis Israhel ut serviant in ministerio eius
12 ၁၂ ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။
Levitae quoque ponent manus suas super capita boum e quibus unum facies pro peccato et alterum in holocaustum Domini ut depreceris pro eis
13 ၁၃ ``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။-
statuesque Levitas in conspectu Aaron et filiorum eius et consecrabis oblatos Domino
14 ၁၄ ဤနည်းအားဖြင့်သူတို့ကိုငါပိုင်ဆိုင်ရာ ဖြစ်စေခြင်းငှာ ဣသရေလအမျိုးသားတို့ မှသီးခြားခွဲထုတ်လော့။-
ac separabis de medio filiorum Israhel ut sint mei
15 ၁၅ သင်သည်လေဝိအနွယ်ဝင်တို့အားသန့်စင်မှု၊ ဆက်ကပ်မှုဆောင်ရွက်ပြီးသောအခါ သူတို့ သည်တဲတော်တွင်အမှုတော်ဆောင်နိုင်လိမ့် မည်။-
et postea ingrediantur tabernaculum foederis ut serviant mihi sicque purificabis et consecrabis eos in oblationem Domini quoniam dono donati sunt mihi a filiis Israhel
16 ၁၆ ဣသရေလအမျိုးသားတို့၏သားဦး အပေါင်းတို့ကိုယ်စား သူတို့ကိုငါ့အတွက် ငါရွေးကောက်ခဲ့သဖြင့်သူတို့သည်ငါနှင့် သာဆိုင်၏။-
pro primogenitis quae aperiunt omnem vulvam in Israhel accepi eos
17 ၁၇ ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
mea sunt omnia primogenita filiorum Israhel tam ex hominibus quam ex iumentis ex die quo percussi omnem primogenitum in terra Aegypti sanctificavi eos mihi
18 ၁၈ ယခုငါသည်ဣသရေလအမျိုးသား တို့၏သားဦးရှိသမျှတို့အစား လေဝိ အနွယ်ဝင်တို့ကိုရွေးချယ်၍၊-
et tuli Levitas pro cunctis primogenitis filiorum Israhel
19 ၁၉ ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
tradidique eos dono Aaroni et filiis eius de medio populi ut serviant mihi pro Israhel in tabernaculo foederis et orent pro eis ne sit in populo plaga si ausi fuerint accedere ad sanctuarium
20 ၂၀ သို့ဖြစ်၍မောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား မိန့်မှာတော်မူသည်အတိုင်း လေဝိအနွယ်ဝင် တို့ကိုဆက်ကပ်ကြ၏။-
feceruntque Moses et Aaron et omnis multitudo filiorum Israhel super Levitas quae praeceperat Dominus Mosi
21 ၂၁ လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
purificatique sunt et laverunt vestimenta sua elevavitque eos Aaron in conspectu Domini et oravit pro eis
22 ၂၂ ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။
ut purificati ingrederentur ad officia sua in tabernaculum foederis coram Aaron et filiis eius sicut praeceperat Dominus Mosi de Levitis ita factum est
23 ၂၃ ထာဝရဘုရားသည်မောရှေအား၊-
locutus est Dominus ad Mosen dicens
24 ၂၄ ``လေဝိအနွယ်ဝင်ထဲမှအသက်နှစ်ဆယ့် ငါးနှစ်အရွယ်သို့ရောက်သူတိုင်း တဲတော် တွင်အမှုထမ်း၍၊-
haec est lex Levitarum a viginti quinque annis et supra ingredientur ut ministrent in tabernaculo foederis
25 ၂၅ အသက်ငါးဆယ်အရွယ်တွင်အမှုတော် ထမ်းခြင်းမှရပ်နားရမည်။-
cumque quinquagesimum annum aetatis impleverint servire cessabunt
26 ၂၆ အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။
eruntque ministri fratrum suorum in tabernaculo foederis ut custodiant quae sibi fuerint commendata opera autem ipsa non faciant sic dispones Levitas in custodiis suis