< တောလည်ရာ 8 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
Und der Herr sprach zu Moses:
2 ``အာ​ရုန်​သည်​မီး​ခုံ​တိုင်​တွင်​မီး​ခွက်​ခု​နစ် လုံး​ကို​တင်​သော​အ​ခါ မီး​ခွက်​များ​မှ​အ​လင်း ရောင်​သည်​မီး​ခုံ​တိုင်​ရှေ့​သို့​ထွက်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
"Sprich zu Aaron und melde ihm: 'Wenn du die Lampen anzündest, so sollen zum Leuchterschaft hin die sieben Lampen leuchten!'"
3 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း မီး​ခုံ​တိုင်​မှ​အ​လင်း​ရောင်​ရှေ့ ထွက်​စေ​ရန်​မီး​ခွက်​များ​ကို​တင်​ထား​လေ သည်။-
Und Aaron tat so. Er setzte seine Lampen gegen den Leuchterschaft hin, wie der Herr dem Moses befohlen hatte.
4 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​ပြ​တော်​မူ သော​ပုံ​စံ​အ​တိုင်း မီး​ခုံ​တိုင်​တစ်​ခု​လုံး​ကို အောက်​ခြေ​မှ​အ​ထက်​ထိ​ရွှေ​ဖြင့်​ထု​လုပ် ထား​လေ​သည်။
Die Arbeit am Leuchter war aus Gold getrieben. Der Schaft und seine Blüten waren getriebene Arbeit. Wie es dem vom Herrn dem Moses gezeigten Bild entsprach, so hatte er den Leuchter gemacht.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
Und der Herr sprach zu Moses:
6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​များ​မှ​သီး​ခြား​ခွဲ​ထုတ်​၍ သူ​တို့​အ​တွက် အောက်​ပါ​အ​တိုင်း​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု လော့။-
"Nimm die Leviten aus den Söhnen Israels und reinige sie!
7 သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
Bei ihrer Reinigung sollst du also tun: Besprenge sie mit Entsündigungswasser! Sie sollen über ihren ganzen Leib ein Schermesser führen und ihre Kleider reinigen und sich so reinigen!
8 ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။-
Dann sollen sie einen jungen Stier nehmen und ein Speiseopfer, Feinmehl mit Öl angemacht! Und zum Sündopfer sollst du einen zweiten jungen Stier nehmen.
9 ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။-
Dann führe die Leviten vor das Festgezelt und versammle die israelitische Gesamtgemeinde!
10 ၁၀ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
Dann führe die Leviten vor den Herrn! Die Israeliten sollen dann auf die Leviten ihre Hände legen!
11 ၁၁ လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။-
Und Aaron weihe die Leviten vor dem Herrn als heilige Gabe der Söhne Israels! So seien sie fähig, den Dienst des Herrn zu tun!
12 ၁၂ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။
Die Leviten sollen ihre Hände auf den Farrenkopf legen! Den einen bereite zum Sündopfer, den anderen für den Herrn zum Brandopfer, um den Leviten Sühne zu schaffen!
13 ၁၃ ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။-
Dann stelle die Leviten vor Aaron und seine Söhne und verpflichte sie für den Herrn!
14 ၁၄ ဤ​နည်း​အား​ဖြင့်​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ ဖြစ်​စေ​ခြင်း​ငှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့ မှ​သီး​ခြား​ခွဲ​ထုတ်​လော့။-
So sondere aus der Israeliten Mitte die Leviten aus! Die Leviten sollen mir gehören!
15 ၁၅ သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-
Hernach mögen die Leviten zum Dienst am Festgezelt kommen! Du hast sie ja gereinigt und verpflichtet.
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။-
Sie sind aus der Israeliten Mitte mir als Diener gegeben. An Stelle alles dessen, was jeden Mutterschoß durchbricht, aller Erstgeburt, nehme ich sie mir aus den Söhnen Israels.
17 ၁၇ ငါ​သည်​အီ​ဂျစ်​ပြည်​တွင်​သား​ဦး​အ​ပေါင်း တို့​ကို​သေ​ဒဏ်​ခတ်​ခဲ့​စဉ်​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​များ​နှင့်​တိ​ရစ္ဆာန် သား​ဦး​ပေါက်​များ​ကို ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ် သီး​သန့်​ရွေး​ချယ်​ခဲ့​၏။-
Denn mir gehört alle Erstgeburt der Söhne Israels, Mensch und Vieh. An dem Tage, da ich im Lande Ägypten alle Erstgeburt geschlagen, habe ich sie mir geheiligt.
18 ၁၈ ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​အ​စား လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ်​၍၊-
An Stelle aller Erstgeburt der Israeliten nahm ich die Leviten an.
19 ၁၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
Als Diener gab ich die Leviten aus der Israeliten Mitte dem Aaron und seinen Söhnen, um am Festgezelt der Israeliten Dienst zu tun und so die Israeliten zu entsühnen, daß die Israeliten keine Plage befalle, wenn sich die Israeliten dem Heiligtum nahen."
20 ၂၀ သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-
Moses, Aaron und die israelitische Gesamtgemeinde taten so mit den Leviten. Genauso, wie der Herr dem Moses für die Leviten geboten hatte, taten die Israeliten mit ihnen.
21 ၂၁ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-
Die Leviten ließen sich entsündigen und reinigten ihre Kleider. Dann weihte sie Aaron vor dem Herrn. So schaffte ihnen Aaron zu ihrer Reinigung Sühne.
22 ၂၂ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။
Hernach kamen die Leviten, ihren Dienst am Festgezelt zu tun vor Aaron und seinen Söhnen. Wie der Herr dem Moses für die Leviten geboten, so haben sie mit ihnen getan.
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
Und der Herr redete mit Moses:
24 ၂၄ ``လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​အ​သက်​နှစ်​ဆယ့် ငါး​နှစ်​အ​ရွယ်​သို့​ရောက်​သူ​တိုင်း တဲ​တော် တွင်​အ​မှု​ထမ်း​၍၊-
"Das ist es, was für den Leviten gilt: Von fünfundzwanzig Jahren aufwärts soll er eintreten, Dienste bei des Festgezeltes Besorgung zu tun!
25 ၂၅ အ​သက်​ငါး​ဆယ်​အ​ရွယ်​တွင်​အ​မှု​တော် ထမ်း​ခြင်း​မှ​ရပ်​နား​ရ​မည်။-
Von fünfzig Jahren ab soll er der Dienstpflicht ledig sein und nicht mehr dienen!
26 ၂၆ အ​သက်​ငါး​ဆယ်​အ​ရွယ်​လွန်​သူ​သည်​တဲ တော်​နှင့်​ဆိုင်​သော​အ​လုပ်​တွင် ဆွေ​မျိုး​သား ချင်း​တို့​အား​ကူ​ညီ​နိုင်​သော်​လည်း မိ​မိ​ကိုယ် တိုင်​တာ​ဝန်​ယူ​၍​မ​ဆောင်​ရွက်​ရ။ သင်​သည် ဤ​စည်း​ကမ်း​ချက်​များ​နှင့်​အ​ညီ လေ​ဝိ အ​နွယ်​ဝင်​တို့​အား​တာ​ဝန်​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
Er sei zwar seinen Brüdern im Festgezelt bei der Wartung des Amtes behilflich! Aber Dienste soll er nicht mehr tun! Also sollst du mit den Leviten bei ihren Ämtern tun!"

< တောလည်ရာ 8 >