< တောလည်ရာ 6 >
1 ၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား အောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။-
Yahvé habló a Moisés, diciendo:
2 ၂ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့်အထူးအဋ္ဌိဋ္ဌာန်ပြု၍ မိမိ ကိုယ်ကိုထာဝရဘုရားအားဆက်ကပ်လျှင်၊-
“Habla a los hijos de Israel y diles: ‘Cuando un hombre o una mujer haga un voto especial, el voto de nazareo, para consagrarse a Yahvé,
3 ၃ ထိုသူသည်သေရည်သေရက်ကိုရှောင်ကြဉ်ရ မည်။ သူသည်စပျစ်ရည်ကိုမသောက်ရ၊ စပျစ် သီးစိမ်းသို့မဟုတ်စပျစ်ခြောက်ကိုမစား ရ။-
se separará del vino y de la bebida fuerte. No beberá vinagre de vino, ni vinagre de bebida fermentada, ni beberá jugo de uva, ni comerá uvas frescas o secas.
4 ၄ သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
Durante todos los días de su consagración, no comerá nada que esté hecho de la vid, desde las semillas hasta los hollejos.
5 ၅ သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
“‘Durante todos los días de su voto de separación, ninguna navaja se acercará a su cabeza, hasta que se cumplan los días en que se separa de Yahvé. Será santo. Dejará crecer los mechones de su cabeza.
6 ၆ သူ၏ဆံပင်သည်မိမိကိုယ်ကို ဘုရားသခင် အားဆက်ကပ်သောအမှတ်လက္ခဏာဖြစ်သည်။ ထိုကြောင့်သူသည်မိမိကိုယ်ကိုမညစ်ညမ်း စေရန်လူသေအလောင်းအနီးသို့မချဉ်း ကပ်ရ။ မိဘ၊ ညီအစ်ကို၊ နှမသေသော် လည်းမချဉ်းကပ်ရ။-
“‘Todos los días que se consagre de Yahvé no se acercará a un cadáver.
No se contaminará por su padre, ni por su madre, ni por su hermano, ni por su hermana, cuando mueran, porque su separación a Dios está sobre su cabeza.
8 ၈ သူသည်နာဇရိဂိုဏ်းဝင်ဖြစ်သည့်ကာလ ပတ်လုံး ထာဝရဘုရားအားဆက်ကပ်ထား သူဖြစ်သည်။
Todos los días de su consagración es santo para Yahvé.
9 ၉ နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
“‘Si alguno muere muy repentinamente junto a él, y contamina la cabeza de su consagración, entonces se afeitará la cabeza en el día de su purificación. Al séptimo día se la afeitará.
10 ၁၀ အဋ္ဌမနေ့တွင်သူသည်ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော် မူရာတဲတော်တံခါးဝရှိယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။-
Al octavo día traerá dos tórtolas o dos pichones al sacerdote, a la puerta de la Tienda de reunión.
11 ၁၁ သူသည်လူသေကောင်နှင့်တွေ့ထိ၍ညစ်ညမ်း သွားသဖြင့် ယဇ်ပုရောဟိတ်သည်သူ့အတွက် သန့်စင်ခြင်းဝတ်ပြုရန် ငှက်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်လည်းကောင်း၊ ကျန်ငှက်တစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်းပူဇော်ရမည်။ ထိုနေ့တွင်သူ၏ ဆံပင်ကို ထာဝရဘုရားအားပြန်လည် ဆက်ကပ်ရမည်။-
El sacerdote ofrecerá uno como ofrenda por el pecado y el otro como holocausto, y hará expiación por él, porque pecó por causa de la muerte, y santificará su cabeza ese mismo día.
12 ၁၂ နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။
Separará para Yahvé los días de su consagración, y traerá un cordero macho de un año como ofrenda por la culpa; pero los días anteriores serán anulados, porque su consagración fue contaminada.
13 ၁၃ နာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။-
“‘Esta es la ley del nazireo: cuando se cumplan los días de su separación, será llevado a la puerta de la Tienda del Encuentro,
y ofrecerá su ofrenda a Yahvé: un cordero macho de un año sin defecto para el holocausto, una oveja de un año sin defecto para la ofrenda por el pecado, un carnero sin defecto para las ofrendas de paz,
15 ၁၅ သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။
una cesta de panes sin levadura, tortas de harina fina mezcladas con aceite, y obleas sin levadura untadas con aceite con su ofrenda y sus libaciones.
16 ၁၆ ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာအားလုံး ကိုထာဝရဘုရားထံဆက်သ၍ အပြစ်ဖြေ ရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော်ရမည်။-
El sacerdote los presentará ante Yahvé, y ofrecerá su ofrenda por el pecado y su holocausto.
17 ၁၇ သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
Ofrecerá el carnero como sacrificio de paz a Yahvé, con el cesto de los panes sin levadura. El sacerdote ofrecerá también su ofrenda y su libación.
18 ၁၈ နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။
El nazareo se afeitará la cabeza de su consagración a la puerta de la Tienda del Encuentro, tomará el pelo de la cabeza de su separación y lo pondrá sobre el fuego que está debajo del sacrificio de paz.
19 ၁၉ ထိုနောက်ယဇ်ပုရောဟိတ်သည်ပြုတ်ပြီး သောသိုးပခုံးသားနှင့်တကွ မုန့်တောင်းထဲ မှမုန့်တစ်လုံး၊ မုန့်ပြားတစ်ပြားကို နာဇရိ ဂိုဏ်းဝင်၏လက်ထဲသို့ထည့်ရမည်။-
El sacerdote tomará la espaldilla cocida del carnero, una torta sin levadura del canasto y una oblea sin levadura, y las pondrá sobre las manos del nazareo después de que haya afeitado la cabeza de su consagración;
20 ၂၀ ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
y el sacerdote las agitará como ofrenda mecida ante Yahvé. Son sagrados para el sacerdote, junto con el pecho que se agita y el muslo que se ofrece. Después, el nazareo podrá beber vino.
21 ၂၁ ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
“‘Esta es la ley del nazareo que hace voto y de su ofrenda a Yahvé por su consagración, además de lo que pueda pagar. Según su voto que hace, así debe hacer según la ley de su consagración’”.
22 ၂၂ အာရုန်နှင့်သူ၏သားတို့ဣသရေလအမျိုး သားတို့အားအောက်ပါအတိုင်း ကောင်းချီးမင်္ဂ လာပေးစေရန်ထာဝရဘုရားသည်မောရှေ မှတစ်ဆင့်မိန့်မှာတော်မူ၏။
Yahvé habló a Moisés diciendo:
“Habla a Aarón y a sus hijos, diciendo: ‘Así bendecirás a los hijos de Israel’. Les dirás,
24 ၂၄ ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။
‘Que el Señor te bendiga y te guarde.
25 ၂၅ ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။
Yahvé hace brillar su rostro sobre ti, y ser amable contigo.
26 ၂၆ ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။
Yahvé levanta su rostro hacia ti, y te dará la paz”.
27 ၂၇ ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။
“Así pondrán mi nombre sobre los hijos de Israel, y los bendeciré”.