< တောလည်ရာ 5 >
1 ၁ ထာဝရဘုရားသည်မောရှေအား၊
Locutusque est Dominus ad Moysen, dicens:
2 ၂ ``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
Præcipe filiis Israel, ut eiiciant de castris omnem leprosum, et qui semine fluit, pollutusque est super mortuo:
3 ၃ ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
tam masculum quam feminam eiicite de castris, ne contaminent ea cum habitaverint vobiscum.
4 ၄ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
Feceruntque ita filii Israel, et eiecerunt eos extra castra, sicut locutus erat Dominus Moysi.
5 ၅ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
Locutusque est Dominus ad Moysen, dicens:
Loquere ad filios Israel: Vir, sive mulier, cum fecerint ex omnibus peccatis, quæ solent hominibus accidere, et per negligentiam transgressi fuerint mandatum Domini, atque deliquerint,
7 ၇ ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
confitebuntur peccatum suum, et reddent ipsum caput, quintamque partem desuper ei, in quem peccaverint.
8 ၈ အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
Sin autem non fuerit qui recipiat, dabunt Domino, et erit sacerdotis, excepto ariete, qui offertur pro expiatione, ut sit placabilis hostia.
9 ၉ ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
Omnes quoque primitiæ, quas offerunt filii Israel, ad sacerdotem pertinent:
10 ၁၀ ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
et quidquid in Sanctuarium offertur a singulis, et traditur manibus sacerdotis, ipsius erit.
11 ၁၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသ ရေလအမျိုးသားတို့အား အောက်ပါညွှန်ကြား ချက်များကိုပေးတော်မူ၏။ ခင်ပွန်းသည်တစ်ဦး သည်မိမိ၏ဇနီးသစ္စာဖောက်၍ အခြားယောကျာ်း နှင့်ပြစ်မှားခဲ့သည်ဟုခင်ပွန်းသည်ကမယုံ သင်္ကာဖြစ်အံ့။ သို့သော်လည်းဇနီးသည်ထို အမှုကိုလျှို့ဝှက်ထား၍သော်လည်းကောင်း၊ မျက်မြင်သက်သေမရှိ၍သော်လည်းကောင်း၊ လက်ပူးလက်ကြပ်မမိ၍သော်လည်းကောင်း ခင်ပွန်းကအတိအကျမစွပ်စွဲနိုင်။ သို့ တည်းမဟုတ်ဇနီးသည်အခြားသူတစ်ဦး နှင့်မဖောက်ပြန်သော်လည်း ခင်ပွန်းသည်က မယားအားမယုံသင်္ကာဖြစ်အံ့။-
Locutusque est Dominus ad Moysen, dicens:
Loquere ad filios Israel, et dices ad eos: Vir, cuius uxor erraverit, maritumque contemnens
dormierit cum altero viro, et hoc maritus deprehendere non quiverit, sed latet adulterium, et testibus argui non potest, quia non est inventa in stupro:
si spiritus zelotypiæ concitaverit virum contra uxorem suam, quæ vel polluta est, vel falsa suspicione appetitur,
15 ၁၅ မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
adducet eam ad sacerdotem, et offeret oblationem pro illa decimam partem sati farinæ hordeaceæ: non fundet super eam oleum, nec imponet thus: quia sacrificium zelotypiæ est, et oblatio investigans adulterium.
16 ၁၆ ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
Offeret igitur eam sacerdos, et statuet coram Domino.
17 ၁၇ သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။-
assumetque aquam sanctam in vase fictili, et pauxillum terræ de pavimento tabernaculi mittet in eam.
18 ၁၈ ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
Cumque steterit mulier in conspectu Domini, discooperiet caput eius, et ponet super manus illius sacrificium recordationis, et oblationem zelotypiæ: ipse autem tenebit aquas amarissimas, in quibus cum execratione maledicta congessit.
19 ၁၉ ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။-
adiurabitque eam, et dicet: Si non dormivit vir alienus tecum, et si non polluta es deserto mariti thoro, non te nocebunt aquæ istæ amarissimæ, in quas maledicta congessi.
20 ၂၀ သို့သော်သင်သည်သစ္စာဖောက်ခဲ့လျှင်၊
Sin autem declinasti a viro tuo, atque polluta es, et concubuisti cum altero viro:
21 ၂၁ သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
his maledictionibus subiacebis: Det te Dominus in maledictionem, exemplumque cunctorum in populo suo: putrescere faciat femur tuum, et tumens uterus tuus disrumpatur.
22 ၂၂ ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။ ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
ingrediantur aquæ maledictæ in ventrem tuum, et utero tumescente putrescat femur. Et respondebit mulier, Amen, amen.
23 ၂၃ ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။-
Scribetque sacerdos in libello ista maledicta, et delebit ea aquis amarissimis, in quas maledicta congessit,
24 ၂၄ အမျိုးသမီးအား ပြင်းပြသောဝေဒနာ ဖြစ်စေနိုင်မည့်ရေကိုမတိုက်မီ၊-
et dabit ei bibere. Quas cum exhauserit,
25 ၂၅ ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
tollet sacerdos de manu eius sacrificium zelotypiæ, et elevabit illud coram Domino, imponetque illud super altare: ita dumtaxat ut prius,
26 ၂၆ ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-
pugillum sacrificii tollat de eo, quod offertur, et incendat super altare: et sic potum det mulieri aquas amarissimas.
27 ၂၇ အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
Quas cum biberit, si polluta est, et contempto viro adulterii rea, pertransibunt eam aquæ maledictionis, et inflato ventre computrescet femur: eritque mulier in maledictionem, et in exemplum omni populo.
28 ၂၈ သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
Quod si polluta non fuerit, erit innoxia, et faciet liberos.
29 ၂၉ အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
Ista est lex zelotypiæ. Si declinaverit mulier a viro suo, et si polluta fuerit,
maritusque zelotypiæ spiritu concitatus adduxerit eam in conspectu Domini, et fecerit ei sacerdos iuxta omnia quæ scripta sunt:
31 ၃၁ ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။
maritus absque culpa erit, et illa recipiet iniquitatem suam.