< တောလည်ရာ 4 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
OLELO mai la o Iehova ia Mose a me Aarona, i mai la,
2 ``လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု​တွင်၊
E helu olua i na mamo a Kohata nowaena mai o na mamo a Levi, mamuli o ko lakou mau ohana, ma ko ka hale o ko lakou poe kupuna;
3 အ​သက်​သုံး​ဆယ်​မှ​ငါး​ဆယ်​အ​ထိ​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင် အ​မှု​တော် ဆောင်​နိုင်​မည့်​အ​မျိုး​သား​အား​လုံး​တို့​ကို ဘိုး​ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​လော့။-
Mai ke kanakolu o ka makahiki a keu aku, a hiki i ke kanalima o ka makahiki, i na mea a pau e komo ana iloko o ka poe nana e; hana i ka oihana ma ka halelewa o ke anaina.
4 သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ နှင့်​စပ်​လျဉ်း​သည့်​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
Eia no ka oihana a na mamo a, Kohata iloko o ka halelewa o ke anaina, no na mea hoano loa.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။-
I ka wa e hele aku ai ka poe hoomoana, e haele mai o Aarona mo kana mau keikikane, a e hookuu ilalo lakou i ka pale uhi, a e hoouhi iho i ka pahu kanawai ia mea;
6 ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။
A e kau iho maluna olaila i ka uhi ili tahasa, a e hohola maluna i lole paapu i ka uliuli, a e hookomo i kona mau auamo.
7 ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​တင်​လှူ​၍ ပူ​ဇော် သော​စား​ပွဲ​တော်​ပေါ်​တွင်​အ​ပြာ​ထည်​ကို ဖြန့်​ခင်း​၍​လင်​ပန်း​များ၊ နံ့​သာ​ပေါင်း​ခွက် များ၊ ဖ​လား​များ၊ စ​ပျစ်​ရည်​ခ​ရား​များ ကို​တင်​ရ​မည်။ တင်​လှူ​ပူ​ဇော်​သော​မုန့်​ကို လည်း​စား​ပွဲ​တော်​ပေါ်​တွင်​အ​မြဲ​ရှိ​စေ​ရ မည်။-
A e hohola lakou i ka lole uliuli maluna o ka papa no ka berena hoike, a e kau maluna olaila i na ipu me na puna a me na bola, a me na kiaha no ka mohaiinu; a maluna iho ka berena hoomauia.
8 ထို​ပစ္စည်း​များ​အား​လုံး​တို့​ကို​အ​နီ​ထည် ဖြင့်​ဖုံး​အုပ်​၍ ထို​အ​နီ​ထည်​ပေါ်​တွင်​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။ ထို နောက်​ထမ်း​ပိုး​များ​ကို​ကွင်း​များ​တွင် လျှို​ထား​ရ​မည်။
A e hohola iho lakou maluna o ia mau mea i ka lole ulaula, a e hoouhi ae ia mea i uhi ili tahasa, a e hookomo i kona mau auamo.
9 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။-
A e lawe lakou i lole uliuli, a e hoouhi i ke kumu kukui malamalama, a me na ipukukui ona, a me na upakoli ona, a me na ipuupakoli, a me kona mau ipu aila a pau, na mea a lakou e lawelawe ai no ia mea.
10 ၁၀ မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး​တို့​ကို နူး​ညံ့​သော​သား​ရေ​ထည်​ဖြင့်​ထုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။
E hahao hoi lakou ia me na ipu ona a pau maloko o ka wahi ili tahasa, a e kau aku maluna o ka auamo.
11 ၁၁ ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-
A maluna o ke kuahu gula e hohola ai lakou i lole uliuli, a e hoouhi lakou ia i uhi ili tahasa, a e hookomo i kona mau auamo.
12 ၁၂ သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။-
E lawe hoi lakou i na ipu a pau o ka oihana a lakou e lawelawe ai iloko o ke keenakapu, a e waiho iloko o ka lole uliuli, a e uhi iho ia mau mea i uhi ili tahasa, a e kau aku maluna o ka laau.
13 ၁၃ ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-
E lawe hoi lakou i ka lehu mai ke kuahu aku, a e hohola lakou i ka lole makue maluna iho.
14 ၁၄ ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-
A e kau aku lakou maluna ona i kona mau ipu a pau a lakou e lawelawe ai a puni, i na ipuahi, i na o no ka io, i na mea kope, a me na bola, a me na ipu a pau no ke kuahu; a e hohola lakou maluna i uhi ili tahasa, a e hookomo i kana mau auamo.
15 ၁၅ စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။
A pau ae la ka uhi ana o Aarona a me kana mau keikikane i ke keenakapu, i na ipu a pau o ke keenakapu, no ka neenee ana aku o ka poe hoomoana: a mahope iho, e hele mai na mamo a Kohata e halihali: aka, aole lakou e hoopa aku i kekahi mea i laa, o make lakou. O keia mau mea ka ukana a ka poe mamo a Kohata ma ka halelewa o ke anaina.
16 ၁၆ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ သည်​တဲ​တော်​အ​တွက်​လည်း​ကောင်း၊ မီး​ခွက် ဆီ၊ နံ့​သာ​ပေါင်း၊ ဘော​ဇဉ်​သ​ကာ၊ ဘိ​သိက် ဆီ​မှ​စ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ထား​သော​တဲ​တော်​ပစ္စည်း​ရှိ​သ​မျှ​ကို​လည်း ကောင်း​တာ​ဝန်​ယူ​ရ​မည်။
Ua pili hoi i ka oihana a Eleazara ke keiki a Aarona ke kahuna, ka aila no ka malamalama, me ka mea ala oluolu, ka mohai ai i kela la i keia la, a me ka aila poni; ke kiai ana i ka halelewa a pau, a me na mea a pau oloko, iloko hoi o ke keenakapu, a iloko o na ipu ona a pau.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊
Olelo mai la o Iehova ia Mose a me Aarona, i mai la,
18 ၁၈ ``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။-
Mai hooki aku olua i ka ohana o na hale o ka Kohata maiwaena aku o na Levi.
19 ၁၉
O keia ka olua e hana aku ai no lakou, i ola'i lakou, aole hoi e make, i ko lakou hele ana mai a kokoke i na mea hoano loa: na Aarona me kana mau keikikane e komo ae, a e haawi aku i kela kanaka i keia kanaka a pau i kana hana, a me kana ukana.
20 ၂၀ ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
Aole nae Iakou e komo iloko e nana i ka uhi ana i na mea hoano, o make lakou.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
Olelo mai la o Iehova ia Mose, i mai la,
22 ၂၂ လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တို့ မှ​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌​အ​မှု ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး​ဘေး​ဆွေ မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
E helu hoi oe i na mamo a Geresona, ma na hale a pau o ko lakou poe makuakane, ma na ohana a Iakou;
23 ၂၃
Mai na makahiki he kanakolu a keu aku, a hiki i ke kanalima o na makahiki kau e helu aku ai ia lakou; i ka poe a pau e komo ae e lawelawe, a e hana i ka hana iloko o ka halelewa anaina.
24 ၂၄ သူ​တို့​တာ​ဝန်​မှာ၊- တဲ​တော်၊ တဲ​တော်​အောက်​ခံ အ​မိုး၊ အ​ပြင်​အ​မိုး၊ နူး​ညံ့​သော​အ​ပေါ်​ဆုံး ထပ်​သား​ရေ​မိုး၊-
Eia ka hana a na ohana a ka Geresona e hana'i a e halihali ai:
25 ၂၅
E hali lakou i na paku o ka halelewa, a me ka halelewa o ke anaina, a me kona uhi, a me ka uhi ili tahasa maluna iho ona, a me ka pale no ka puka o ka halelewa o ke anaina,
26 ၂၆ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊ တဲ​တော်​နှင့် ယဇ်​ပလ္လင်​ပတ်​လည်​ရှိ​ကန့်​လန့်​ကာ​များ​နှင့် ကြိုး​များ၊ တဲ​တော်​ဝင်း​ပေါက်​ကန့်​လန့်​ကာ များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး​ပြု သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို​လည်း ကောင်း​သယ်​ဆောင်​ရန်​ဖြစ်​သည်။ သူ​တို့​သည် ထို​ပစ္စည်း​များ​နှင့်​ဆိုင်​၍ ဆောင်​ရွက်​ရန်​ရှိ သ​မျှ​တို့​ကို​တာ​ဝန်​ယူ​ရ​မည်။-
A me na paku o ka pa, a me ka paku no ka puka o ka pa, ma ka halelewa a ma ke kuahu a puni, a me ko lakou mau kaula, a me na ipu a lakou i lawehana'i, a me na mea a pau i hanaia no ia mau mea; pela no lakou e hana'i.
27 ၂၇ ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။-
Ma ke kauoha a Aarona a me kana mau keiki ka hana a pau a na mamo a Geresona, no ka lakou mau ukana a pau, a me ka lakou hana a pau: a e haawi aku oukou i ka lakou ukana a pau na lakou e malama.
28 ၂၈ ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။
Oia ka hana a na ohana mamo a Geresona ma ka halelewa o ke anaina: a o ka lakou hana, malalo ia o ka lima o Itamara ke keiki a Aarona ke kahuna.
29 ၂၉ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဝိ​အ​နွယ်​ဝင် မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်၊-
A no na mamo a Merari, e helu oe ia lakou mamuli o ka lakou mau ohana, ma ka hale o ko lakou poe makuakane:
30 ၃၀ အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ၍​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌ အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​ရန် မော​ရှေ​အား​အ​မိန့် ပေး​တော်​မူ​၏။-
Mai ke kanakolu o na makahiki a keu aku, a hiki i ke kanalima o ka makahiki kau e helu ai ia lakou, o kela mea keia mea e komo aku e lawelawe, a e hana i ka hana o ka halelewa anaina.
31 ၃၁ သူ​တို့​သည်​တဲ​တော်​သစ်​သား​ဘောင်​များ၊ တန်း များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ​များ​ကို​လည်း ကောင်း၊-
Eia hoi ka malama ana o ka lakou ukana, e like me ka lakou hana a pau ma ka halelewa o ke anaina: o na papa o ka halelewa, a me kona mau kaola, a me kona mau kia, a me kona mau kumu,
32 ၃၂ တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-
A me na pau no ka pa a puni, a me ko lakou mau kumu, a me na makia o ia mau mea, a me ko lakou mau kaula, me na ipu o lakou a pau, a me ka lakou mau hana a pau: ma ka inoa ka oukou e helu ai i na mea i malamaia'i no ka lakou ukana.
33 ၃၃ ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။
Oia ka hana a na ohana mamo a Merari, no ka lakou hana a pau ma ka halelewa o ke anaina, malalo o ka lima o Itamara ke keiki a Aarona ke kahuna.
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု​သုံး စု​ဖြစ်​သော​ကော​ဟတ်​သား​ချင်း​စု၊ ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​တို့ တွင်​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် တွင်​အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့ ကို​ဘိုး​ဘေး​ဆွေ​မျိုး​များ​ဘက်​မှ မိ​သား​စု အ​လိုက်​ကောက်​ယူ​ရ​ရှိ​သော​လူ​ဦး​ရေ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ သား​ချင်း​စု လူ​ဦး​ရေ ကော​ဟတ် ၂၇၅၀ ဂေ​ရ​ရှုန် ၂၆၃၀ မေ​ရာ​ရိ ၃၂၀၀ စု​စု​ပေါင်း ၈၅၈၀
Helu aku la o Mose me Aarona, a me na luna o ke anaina kanaka, i na mamo a Kohata mamuli o ka lakou mau ohana, a ma ko ka hale o ko lakou poe kupuna;
35 ၃၅
Mai ke kanakolu o na makahiki a keu aku, a hiki i ke kanalima, i na mea a pau i komo iloko o ka oihana, no ka hana ma ka halelewa o ke anaina.
36 ၃၆
A o na mea o lakou i heluia ma ko lakou mau ohana, he elua tausani me na haneri ehiku a me ke kanalima.
37 ၃၇
Oia ka poe i heluia no na ohana a Kohata, o na mea a pau e pono ke hana i ka hana ma ka halelewa o ke anaina kanaka, o na mea a Mose laua o Aarona i hehu ai, e like me ke kauoha a Iehova, ma ka lima o Mose.
38 ၃၈
A o ka poe mamo a Geresona i heluia, ma ka lakou mau ohana a pau, a ma ko ka hale o ko lakou poe kupuna,
39 ၃၉
Mai ke kanakolu o na makahiki a keu aku, a hiki i ke kanalima o na makahiki; o na mea a pau e komo maloko o ka oihana, no ka hana ma ka halelewa o ke anaina;
40 ၄၀
O na mea o lakou i heluia, ma ko lakou mau ohana a pau, ma ko ka hale o ko lakou poe kapuna, he elua tausani eono haneri a me ke kanakolu.
41 ၄၁
Oia na mea i heluia o na ohana mamo a Geresona, o na mea a pau e pono ke hana i ka hana ma ka halelewa o ke anaina, na mea a Mose laua o Aarona i helu ai, mamuli o ke kauoha ana a Iehova.
42 ၄၂
A o ka poe i heluia o na ohaua mamo a Merari, ma ko lakou mau ohana, ma ko ka hale o ko lakou poe kupuna,
43 ၄၃
Mai ke kanakolu o na makahiki a keu aku, a hiki i ke kanalima o na makahiki, o na mea a pau e komo maloko o ka oihana, no ka hana ma ka halelewa o ke anaina;
44 ၄၄
O na mea o lakou i heluia mamuli o ko lakou mau ohana, he ekolu tausani me na haneri elua.
45 ၄၅
Oia na mea i heluia o na ohana mamo a Merari, ka poe a Mose laua o Aarona i helu ai, mamuli o ka olelo a Iehova ma ka lima o Mose.
46 ၄၆
O ka poe a pau o na Levi i heluia, ka poe a Mose me Aarona a me na luna o ka Iseraela i helu ai, ma ko lakou mau ohana, a ma ku ka hale o ko lakou poe kupuna;
47 ၄၇
Mai ke kanakolu o na makahiki a keu aku, a hiki i ke kanalima o na makahiki, o na mea a pau i hele mai e hana i ka oihana lawe lawe, a me ka oihana o ka hali ukana ma ka halelewa o ke anaina:
48 ၄၈
O na mea o lakou i heluia, he awalu tausani elima haneri a me ke kanawalu.
49 ၄၉ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။
E like me ka Iehova i kauoha ai, ua heluia lakou ma ka lima o Mose, o kela kanaka keia kanaka ma kana hana, a ma kana ukana: pela i heluia'i lakou e ia, e like me ka Iehova i kauoha mai ai ia Mose.

< တောလည်ရာ 4 >