< တောလည်ရာ 36 >

1 ယော​သပ်​၏​မြစ်၊ မ​နာ​ရှေ​၏​မြေး၊ မာ​ခိ​ရ​၏ သား​ဂိ​လဒ်​သား​ချင်း​စု​မှ​အိမ်​ထောင်​ဦး​စီး တို့​သည် မော​ရှေ​နှင့်​အ​ခြား​ခေါင်း​ဆောင်​တို့ ထံ​သို့​လာ​၍၊-
And the heads of the fathers’ [houses] of the family of the children of Gilead, the son of Machir, the son of Manasseh, of the families of the sons of Joseph, came near, and spake before Moses, and before the princes, the heads of the fathers’ [houses] of the children of Israel:
2 ``ခါ​နာန်​ပြည်​ကို​စာ​ရေး​တံ​ချ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ကိုယ်​တော်​အား​မိန့်​မှာ​တော်​မူ​ပါ သည်။ အ​ကျွန်ုပ်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဇ​လော ဖဒ်​၏​အ​မွေ​ကို​လည်း သူ​၏​သ​မီး​တို့​အား ဆက်​ခံ​စေ​ရန်​မိန့်​မှာ​တော်​မူ​ပါ​သည်။-
and they said, The LORD commanded my lord to give the land for inheritance by lot to the children of Israel: and my lord was commanded by the LORD to give the inheritance of Zelophehad our brother unto his daughters.
3 သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​တို့​သည်​အ​ခြား အ​နွယ်​ဝင်​အ​မျိုး​သား​တို့​နှင့်​စုံ​ဖက်​လျှင် သူ​တို့ ၏​အ​မွေ​မြေ​သည်​ထို​အ​မျိုး​သား​အ​နွယ်​လက် ထဲ​သို့​ရောက်​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အ​တွက်​ခွဲ ဝေ​ပေး​သော​နယ်​မြေ​သည်​လျော့​နည်း​လာ​ပါ လိမ့်​မည်။-
And if they be married to any of the sons of the [other] tribes of the children of Israel, then shall their inheritance be taken away from the inheritance of our fathers, and shall be added to the inheritance of the tribe whereunto they shall belong: so shall it be taken away from the lot of our inheritance.
4 ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။
And when the jubile of the children of Israel shall be, then shall their inheritance be added unto the inheritance of the tribe whereunto they shall belong: so shall their inheritance be taken away from the inheritance of the tribe of our fathers.
5 ထို​အ​ခါ​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​လေ​၏။ မော​ရှေ​က``မ​နာ ရှေ​၏​အ​နွယ်​ဝင်​တို့​လျှောက်​ထား​ချက်​သည် မှန်​ကန်​သ​ဖြင့်၊-
And Moses commanded the children of Israel according to the word of the LORD, saying, The tribe of the sons of Joseph speaketh right.
6 ထာ​ဝ​ရ​ဘု​ရား​က`ဇ​လော​ဖဒ်​၏​သ​မီး​တို့ သည် မိ​မိ​တို့​ကြိုက်​နှစ်​သက်​သော​ယောကျာ်း​နှင့် စုံ​ဖက်​နိုင်​၏။ သို့​ရာ​တွင်​ထို​ယောကျာ်း​သည် မိ​မိ တို့​၏​အ​နွယ်​ဝင်​ဖြစ်​ရ​မည်' ဟု​မိန့်​တော်​မူ​၏။-
This is the thing which the LORD doth command concerning the daughters of Zelophehad, saying, Let them marry to whom they think best; only to the family of the tribe of their father shall they marry.
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ပိုင်​ဆိုင်​သော အ​မွေ​မြေ​ကို မိ​မိ​နှင့်​သက်​ဆိုင်​ရာ​အ​နွယ် လက်​မှ​အ​ခြား​အ​နွယ်​လက်​သို့​မ​လွှဲ မ​ပြောင်း​ရ။-
So shall no inheritance of the children of Israel remove from tribe to tribe: for the children of Israel shall cleave every one to the inheritance of the tribe of his fathers.
8 ဣ​သ​ရေ​လ​အ​နွယ်​ထဲ​မှ​အ​မွေ​မြေ​ဆက်​ခံ ရ​ရှိ​သော​အ​မျိုး​သ​မီး​တိုင်း မိ​မိ​၏​အ​နွယ် ဝင်​ယောကျာ်း​နှင့်​စုံ​ဖက်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ဘိုး​ဘေး တို့​၏​မြေ​ကို​ဆက်​ခံ​ရ​ရှိ​သ​ဖြင့်၊-
And every daughter, that possesseth an inheritance in any tribe of the children of Israel, shall be wife unto one of the family of the tribe of her father, that the children of Israel may possess every man the inheritance of his fathers.
9 မြေ​သည်​တစ်​နွယ်​လက်​မှ​အ​ခြား​တစ်​နွယ် လက်​သို့​ကူး​ပြောင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ အ​နွယ် တိုင်း​က​မိ​မိ​ပိုင်​မြေ​ကို​ဆက်​လက်​ပိုင်​ဆိုင် လိမ့်​မည်'' ဟု​ဆို​၏။
So shall no inheritance remove from one tribe to another tribe; for the tribes of the children of Israel shall cleave every one to his own inheritance.
10 ၁၀ ထို့​ကြောင့်​ဇ​လော​ဖဒ်​၏​သ​မီး​များ​ဖြစ်​ကြ သော​မာ​လာ၊ တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ နှင့်​နော​အာ​တို့​သည် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​မိ​မိ​တို့ ၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​စုံ​ဖက်​ကြ​၏။-
Even as the LORD commanded Moses, so did the daughters of Zelophehad:
11 ၁၁
for Mahlah, Tirzah, and Hoglah, and Milcah, and Noah, the daughters of Zelophehad, were married unto their father’s brothers’ sons.
12 ၁၂ သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။
They were married into the families of the sons of Manasseh the son of Joseph, and their inheritance remained in the tribe of the family of their father.
13 ၁၃ ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။
These are the commandments and the judgments, which the LORD commanded by the hand of Moses unto the children of Israel in the plains of Moab by the Jordan at Jericho.

< တောလည်ရာ 36 >