< တောလည်ရာ 36 >
1 ၁ ယောသပ်၏မြစ်၊ မနာရှေ၏မြေး၊ မာခိရ၏ သားဂိလဒ်သားချင်းစုမှအိမ်ထောင်ဦးစီး တို့သည် မောရှေနှင့်အခြားခေါင်းဆောင်တို့ ထံသို့လာ၍၊-
那時若瑟後裔的家族中,有默納協的子孫,瑪基爾的兒子基肋阿得子孫的家族首領,來到梅瑟和叵子民各家族的首領前說:
2 ၂ ``ခါနာန်ပြည်ကိုစာရေးတံချ၍ဣသရေလ အမျိုးသားတို့အား ခွဲဝေပေးရန်ထာဝရ ဘုရားသည်ကိုယ်တော်အားမိန့်မှာတော်မူပါ သည်။ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းဇလော ဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အား ဆက်ခံစေရန်မိန့်မှာတော်မူပါသည်။-
「上主吩咐我主,以抽籤來分給以色列子民土地為產業,我主又領了木的保,將我們兄弟責羅斐哈得的產業,分給他的女兒們。
3 ၃ သို့ရာတွင်ထိုအမျိုးသမီးတို့သည်အခြား အနွယ်ဝင်အမျိုးသားတို့နှင့်စုံဖက်လျှင် သူတို့ ၏အမွေမြေသည်ထိုအမျိုးသားအနွယ်လက် ထဲသို့ရောက်ရှိသဖြင့် အကျွန်ုပ်တို့အတွက်ခွဲ ဝေပေးသောနယ်မြေသည်လျော့နည်းလာပါ လိမ့်မည်။-
現在,如果她們嫁給了以色列子民另一支派的人,她們的產業就脫離了我們祖先的產業,而加在所嫁給的那一支派的產業上:這樣,我們抽籤分得的產業就減少了。
4 ၄ ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
甚至一到以色列子民的喜年,她們的產業仍舊加在所嫁的那一支派的產業內,我們祖先支派的產業就減少了她們那一份」。
5 ၅ ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-
梅瑟依上主的指示訓令以色列子民說:「若瑟子孫支派說的有理。
6 ၆ ထာဝရဘုရားက`ဇလောဖဒ်၏သမီးတို့ သည် မိမိတို့ကြိုက်နှစ်သက်သောယောကျာ်းနှင့် စုံဖက်နိုင်၏။ သို့ရာတွင်ထိုယောကျာ်းသည် မိမိ တို့၏အနွယ်ဝင်ဖြစ်ရမည်' ဟုမိန့်တော်မူ၏။-
上主對於責羅斐哈得的女兒們這樣這樣吩咐說:她們可任意嫁給自己所喜愛的人,但只應嫁給屬於自己祖先支派的人。
7 ၇ ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
以色列子民的產業不可由一支派轉移至另一支派,因為以色列子民每人應固守自己祖先支派的產業。
8 ၈ ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊-
以色列子民支派中,凡繼承產業的子女,應嫁給她祖先支派的人為妻,好使每個以色列子民能固守祖先的產業。
9 ၉ မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။
這樣產業就不會由一支派轉移至另一支派,因為以色列子民各支派應固守自己的產業」。
10 ၁၀ ထို့ကြောင့်ဇလောဖဒ်၏သမီးများဖြစ်ကြ သောမာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလကာ နှင့်နောအာတို့သည် မောရှေအားထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းမိမိတို့ ၏အစ်ကိုဝမ်းကွဲများနှင့်စုံဖက်ကြ၏။-
上主怎樣吩咐了梅瑟,責羅斐哈得的女兒們就怎樣做了。
責羅斐哈得的女兒:瑪赫拉、提爾匝、曷米革拉、米耳加和諾阿,嫁給了自己叔伯的兒子們,
12 ၁၂ သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။
即嫁給了若瑟的兒子默納協子孫家族的人:如此她們的產業仍留在她們祖先家族的支派內。
13 ၁၃ ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။
這是上主在耶利哥對面,約旦河邊,摩阿布曠野內,藉梅瑟向以色列子民所頒佈的誡命和規則。