< တောလည်ရာ 35 >
1 ၁ ယေရိခေါမြို့တစ်ဘက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်၌ ထာဝရဘုရားသည် မောရှေအား၊-
2 ၂ ``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
3 ၃ ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
4 ၄ စားကျက်မြေသည်မြို့ရိုးမျက်နှာလေးဘက်မှ အပြင်သို့ကိုက်ငါးရာအထိကျယ်ပြန့်စေ ရမည်။-
5 ၅ ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6 ၆ လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7 ၇ သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
8 ၈ ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
9 ၉ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
10 ၁၀ ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11 ၁၁ ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12 ၁၂ ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
13 ၁၃ ယော်ဒန်မြစ်အရှေ့ဘက်တွင်သုံးမြို့၊ ခါနာန် ပြည်ထဲတွင်သုံးမြို့၊ စုစုပေါင်းခြောက်မြို့ကို ရွေးချယ်လော့။-
14 ၁၄
15 ၁၅ ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
16 ၁၆ ``သို့ရာတွင်သံ၊ ကျောက်၊ သစ်သားလက်နက်တစ် ခုခုဖြင့် လူတစ်ဦးအားသတ်သူသည်လူသတ် မှုကိုကူးလွန်သဖြင့်သေဒဏ်စီရင်ခြင်းကို ခံစေရမည်။-
17 ၁၇
18 ၁၈
19 ၁၉ သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။
20 ၂၀ ``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊-
21 ၂၁ လက်သီးနှင့်ထိုး၍သော်လည်းကောင်း သတ် သောသူသည်လူသတ်မှုကိုကူးလွန်သဖြင့် သေဒဏ်စီရင်ခြင်းကိုခံစေရမည်။ သေဆုံး သူနှင့်အနီးဆုံးသွေးတော်စပ်သူသည် တာဝန်ရှိသဖြင့်လူသတ်သမားကိုတွေ့ လျှင်သတ်ရမည်။
22 ၂၂ ``သို့ရာတွင်တစ်စုံတစ်ယောက်အား မုန်းတီး ခြင်းမရှိဘဲနှင့်တွန်းချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့်ပစ်၍သော်လည်းကောင်း အမှတ်မထင်သတ်မိလျှင်ဖြစ်စေ၊-
23 ၂၃ မိမိရန်သူမဟုတ်သူကိုထိခိုက်စေလိုသော ဆန္ဒမရှိဘဲနှင့်ကျောက်ခဲဖြင့် အမှတ်တမဲ့ ပစ်မိသောကြောင့်ထိုသူသေဆုံးရလျှင် ဖြစ်စေ၊-
24 ၂၄ လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။-
25 ၂၅ လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
26 ၂၆ အကယ်၍လူသတ်မှုကူးလွန်သူသည် ခိုလှုံရာမြို့ပြင်သို့ထွက်သဖြင့်၊-
27 ၂၇ သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။-
28 ၂၈ သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။-
29 ၂၉ သင်တို့သည်မည်သည့်အရပ်၌နေထိုင်သည် မဆို ဤပညတ်များကိုထာဝစဉ်စောင့်ထိန်း ကြရမည်။
30 ၃၀ ``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
31 ၃၁ လူသတ်မှုကူးလွန်သူအားသေဒဏ်ပေး ရမည်။ ထိုသူသည်အသက်ဖိုးငွေပေး၍ သေဒဏ်မှလွတ်ငြိမ်းခွင့်မရှိစေရ။-
32 ၃၂ ခိုလှုံရာမြို့သို့ပြေးဝင်သူသည်ယဇ်ပုရော ဟိတ်မင်းအနိစ္စမရောက်မီ မိမိနေရပ်သို့ ပြန်ရန်အတွက်ငွေပေးလျှင်လက်မခံရ။-
33 ၃၃ ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
34 ၃၄ ငါသည်ထာဝရဘုရားဖြစ်၍ ဣသရေလ အမျိုးသားတို့တွင်ကျိန်းဝပ်တော်မူသဖြင့် ပြည်တော်ကိုမညစ်ညမ်းစေရ'' ဟုမိန့် တော်မူ၏။