< တောလည်ရာ 34 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
2 ``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။-
သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
3 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။-
တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
4 ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊-
တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
5 ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။
အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
6 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။
အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
7 ``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊-
မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
8 ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။
ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
9
ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
10 ၁၀ ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် ဟာ​ဇ​ရေ​နန်​မှ ရှေ​ဖံ​သို့​လည်း​ကောင်း၊-
၁၀အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
11 ၁၁ ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊-
၁၁အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
12 ၁၂ တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။
၁၂ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13 ၁၃ သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-
၁၃မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
14 ၁၄ ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။
၁၄ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
15 ၁၅
၁၅
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
၁၆တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
17 ၁၇ ``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-
၁၇အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
18 ၁၈ ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
၁၈ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အ​နွယ် ခေါင်း​ဆောင် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ရှိ​မောင် အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ ဗ​င်္ယာ​မိန် ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် ဒန် ယော​ဂ​လိ​၏​သား​ဗုက္ကိ မ​နာ​ရှေ ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ ဧ​ဖ​ရိမ် ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ ဇာ​ဗု​လုန် ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် ဣသ​ခါ အဇ္ဇန်​၏​သား ပါ​လ​တေ​လ အာ​ရှာ ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် န​ဿ​လိ အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ
၁၉ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
20 ၂၀
၂၀ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
21 ၂၁
၂၁ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
22 ၂၂
၂၂ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
23 ၂၃
၂၃ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
24 ၂၄
၂၄ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
25 ၂၅
၂၅ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
26 ၂၆
၂၆ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
27 ၂၇
၂၇အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
28 ၂၈
၂၈နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
29 ၂၉ ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။
၂၉ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။

< တောလည်ရာ 34 >