< တောလည်ရာ 34 >
1 ၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားမိန့်မှာ တော်မူသည်ကား၊-
Locutusque est Dominus ad Moysen, dicens:
2 ၂ ``သင်တို့သည်ငါပေးမည့်ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ သင်တို့ပိုင်နက် နယ်နိမိတ်ကိုဤသို့သတ်မှတ်ရမည်။-
Præcipe filiis Israël, et dices ad eos: Cum ingressi fueritis terram Chanaan, et in possessionem vobis sorte ceciderit, his finibus terminabitur.
3 ၃ တောင်ဘက်နယ်နိမိတ်သည်ဇိနတောကန္တာရ မှ ဧဒုံပြည်နယ်စပ်တစ်လျှောက်ဖြစ်၏။ ထို နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက်စွန်း အရှေ့ဘက်မှအစပြုရမည်။-
Pars meridiana incipiet a solitudine Sin, quæ est juxta Edom: et habebit terminos contra orientem mare salsissimum.
4 ၄ ထိုမှတစ်ဖန်တောင်ဘက်သို့လှည့်၍အာက ရဗ္ဗိန်တောင်ကြားသို့သွားပြီးလျှင် ဇိနတော ကန္တာရကိုဖြတ်လျက်တောင်ဘက်ရှိကာဒေရှ ဗာနာသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ဟာဇရဒ္ဒါသို့လည်းကောင်း၊ တစ်ဖန် အာဇမုန်သို့လည်းကောင်း၊-
Qui circuibunt australem plagam per ascensum Scorpionis, ita ut transeant in Senna, et perveniant a meridie usque ad Cadesbarne, unde egredientur confinia ad villam nomine Adar, et tendent usque ad Asemona.
5 ၅ ထိုနောက်ကွေ့၍အီဂျစ်ပြည်နယ်စပ်ရှိချိုင့် ဝှမ်းသို့လည်းကောင်းသွားပြီးလျှင် မြေထဲ ပင်လယ်ကမ်းခြေ၌အဆုံးသတ်ရမည်။
Ibitque per gyrum terminus ab Asemona usque ad torrentem Ægypti, et maris magni littore finietur.
6 ၆ ``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။
Plaga autem occidentalis a mari magno incipiet, et ipso fine claudetur.
7 ၇ ``မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ် ကမ်းခြေမှဟောရတောင်သို့လည်းကောင်း၊-
Porro ad septentrionalem plagam a mari magno termini incipient, pervenientes usque ad montem altissimum,
8 ၈ ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။
a quo venient in Emath usque ad terminos Sedada:
ibuntque confinia usque ad Zephrona, et villam Enan. Hi erunt termini in parte aquilonis.
10 ၁၀ ``အရှေ့ဘက်နယ်နိမိတ်သည် ဟာဇရေနန်မှ ရှေဖံသို့လည်းကောင်း၊-
Inde metabuntur fines contra orientalem plagam de villa Enan usque Sephama,
11 ၁၁ ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
et de Sephama descendent termini in Rebla contra fontem Daphnim: inde pervenient contra orientem ad mare Cenereth,
12 ၁၂ တောင်ဘက်ယော်ဒန်မြစ်တစ်လျှောက်သွား၍ ပင်လယ်သေတွင်အဆုံးသတ်ရမည်။ ``သင်တို့ပြည်၏နယ်နိမိတ်တို့သည်ကား အထက်ဖော်ပြပါအတိုင်းဖြစ်သည်'' ဟူ ၍ဖြစ်၏။
et tendent usque ad Jordanem, et ad ultimum salsissimo claudentur mari. Hanc habebitis terram per fines suos in circuitu.
13 ၁၃ သို့ဖြစ်၍မောရှေကဣသရေလအမျိုးသား တို့အား``ဤနယ်မြေသည်ထာဝရဘုရားက သင်တို့အနွယ်ကိုးနွယ်နှင့် အနွယ်တစ်ဝက်တို့ အားသတ်မှတ်ပေးသောနယ်မြေဖြစ်၍ သင်တို့ သည်မဲချယူကြရမည်။-
Præcepitque Moyses filiis Israël, dicens: Hæc erit terra, quam possidebitis sorte, et quam jussit Dominus dari novem tribubus, et dimidiæ tribui.
14 ၁၄ ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။
Tribus enim filiorum Ruben per familias suas, et tribus filiorum Gad juxta cognationum numerum, media quoque tribus Manasse,
id est, duæ semis tribus, acceperunt partem suam trans Jordanem contra Jericho ad orientalem plagam.
16 ၁၆ ထာဝရဘုရားသည်မောရှေအား၊-
Et ait Dominus ad Moysen:
17 ၁၇ ``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။-
Hæc sunt nomina virorum qui terram vobis divident, Eleazar sacerdos, et Josue filius Nun,
18 ၁၈ ထို့ပြင်အနွယ်တစ်မျိုးမှခေါင်းဆောင်တစ်ဦး စီတို့ကိုရွေး၍ သူတို့အားကူညီစေရမည်'' ဟုမိန့်တော်မူ၏။-
et singuli principes de tribubus singulis,
19 ၁၉ ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ
quorum ista sunt vocabula. De tribu Juda, Caleb filius Jephone.
De tribu Simeon, Samuel filius Ammiud.
De tribu Benjamin, Elidad filius Chaselon.
De tribu filiorum Dan, Bocci filius Jogli.
Filiorum Joseph de tribu Manasse, Hanniel filius Ephod.
De tribu Ephraim, Camuel filius Sephthan.
De tribu Zabulon, Elisaphan filius Pharnach.
De tribu Issachar, dux Phaltiel filius Ozan.
De tribu Aser, Ahiud filius Salomi.
De tribu Nephthali, Phedaël filius Ammiud.
29 ၂၉ ဤသူတို့သည်ဣသရေလအမျိုးသားတို့ အား ခါနာန်ပြည်ကိုခွဲဝေပေးရန်ထာဝရ ဘုရားခန့်အပ်တော်မူသောပ္ဂိုလ်များဖြစ် ကြသည်။
Hi sunt, quibus præcepit Dominus ut dividerent filiis Israël terram Chanaan.