< တောလည်ရာ 33 >
1 ၁ မောရှေနှင့်အာရုန်ခေါင်းဆောင်၍ဣသရေလ အမျိုးသားတို့သည် အီဂျစ်ပြည်မှအနွယ် အလိုက်ထွက်ခွာလာခဲ့ကြ၏။ သူတို့၏ ခရီးစဉ်ကိုဖော်ပြပေအံ့။-
These are the stages of the children of Israel, by which they went forth out of the land of Egypt by their hosts under the hand of Moses and Aaron.
2 ၂ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။
And Moses wrote their goings forth, stage by stage, by the commandment of the LORD; and these are their stages at their goings forth.
3 ၃ ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။-
And they journeyed from Rameses in the first month, on the fifteenth day of the first month; on the morrow after the passover the children of Israel went out with a high hand in the sight of all the Egyptians,
4 ၄ ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
while the Egyptians were burying them that the LORD had smitten among them, even all their first-born; upon their gods also the LORD executed judgments.
5 ၅ ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။-
And the children of Israel journeyed from Rameses, and pitched in Succoth.
6 ၆ ထိုမှတစ်ဆင့်တောကန္တာရအစွန်ရှိဧသံ စခန်းတွင်ရပ်နားကြ၏။-
And they journeyed from Succoth, and pitched in Etham, which is in the edge of the wilderness.
7 ၇ တစ်ဖန်သူတို့သည်ဗာလဇေဖုန်စခန်း အရှေ့ရှိပိဟဟိရုတ်စခန်းသို့ပြန်လှည့် ကြပြီးလျှင် မိဂဒေါလစခန်းအနီး၌ ရပ်နားကြ၏။-
And they journeyed from Etham, and turned back unto Pihahiroth, which is before Baal-zephon; and they pitched before Migdol.
8 ၈ သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-
And they journeyed from Penehahiroth, and passed through the midst of the sea into the wilderness; and they went three days' journey in the wilderness of Etham, and pitched in Marah.
9 ၉ ထိုစခန်းမှထွက်လာပြီးနောက်စမ်းရေတွင်း တစ်ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ် ရှိသောဧလိမ်စခန်းသို့ရောက်လာကြ၏။
And they journeyed from Marah, and came unto Elim; and in Elim were twelve springs of water, and threescore and ten palm-trees; and they pitched there.
10 ၁၀ တစ်ဖန်သူတို့သည်ဧလိမ်စခန်းမှထွက် လာ၍ ဆူးအက်ပင်လယ်ကွေ့အနီးတွင် စခန်းချကြ၏။-
And they journeyed from Elim, and pitched by the Red Sea.
11 ၁၁ ထိုနောက်သိန်တောကန္တာရသို့ရောက်လာ ကြ၏။-
And they journeyed from the Red Sea, and pitched in the wilderness of Sin.
12 ၁၂ တစ်ဖန်ဒေါဖကာစခန်း၌လည်းကောင်း၊-
And they journeyed from the wilderness of Sin, and pitched in Dophkah.
13 ၁၃ ထိုမှတစ်ဆင့်အာလုရှစခန်း၌လည်း ကောင်းရပ်နားကြ၏။-
And they journeyed from Dophkah, and pitched in Alush.
14 ၁၄ တစ်ဖန်ခရီးဆက်ကြရာလူတို့အတွက် သောက်ရေမရှိသောရေဖိဒိမ်စခန်းသို့ ရောက်ကြ၏။
And they journeyed from Alush, and pitched in Rephidim, where was no water for the people to drink.
15 ၁၅ သူတို့သည်ရေဖိဒိမ်စခန်းမှဟောရတောင် သို့ သွားသောခရီးလမ်းတွင်ရပ်နားသော စခန်းများနာမည်စာရင်းမှာသိနာတော ကန္တာရ၊ ကိဗြုတ်ဟတ္တဝါသို့မဟုတ်``မွတ်သိပ် ရာသင်္ချိုင်း၊'' ဟာဇရုတ်၊ ရိသမ၊ ရိမ္မုန်ဖာရက်၊ လိဗန၊ ရိဿ၊ ကေဟလာသ၊ ရှာဖာတောင်၊ ဟာရဒ၊ မက္ကလုတ်၊ တာဟတ်၊ တာရ၊ မိသကာ၊ ဟာရှမောန၊ မောသရုတ်၊ ဗင်္ယာကန်၊ ဟောရ ဂိဒ်ဂဒ်၊ ယုမ္ဘာသ၊ ဧဗြောန၊ ဧဇယုန်ဂါဗာ၊ ဇိနတောကန္တာရ(ယင်းသည်ကာဒေရှဖြစ်၏) ဧဒုံပြည်နယ်စပ်ရှိဟောရတောင်တို့ဖြစ် သည်။
And they journeyed from Rephidim, and pitched in the wilderness of Sinai.
And they journeyed from the wilderness of Sinai, and pitched in Kibroth-hattaavah.
And they journeyed from Kibroth-hattaavah, and pitched in Hazeroth.
And they journeyed from Hazeroth, and pitched in Rithmah.
And they journeyed from Rithmah, and pitched in Rimmon-perez.
And they journeyed from Rimmon-perez, and pitched in Libnah.
And they journeyed from Libnah, and pitched in Rissah.
And they journeyed from Rissah, and pitched in Kehelah.
And they journeyed from Kehelah, and pitched in mount Shepher.
And they journeyed from mount Shepher, and pitched in Haradah.
And they journeyed from Haradah, and pitched in Makheloth.
And they journeyed from Makheloth, and pitched in Tahath.
And they journeyed from Tahath, and pitched in Terah.
And they journeyed from Terah, and pitched in Mithkah.
And they journeyed from Mithkah, and pitched in Hashmonah.
And they journeyed from Hashmonah, and pitched in Moseroth.
And they journeyed from Moseroth, and pitched in Bene-jaakan.
And they journeyed from Bene-jaakan, and pitched in Hor-haggidgad.
And they journeyed from Hor-haggidgad, and pitched in Jotbah.
And they journeyed from Jotbah, and pitched in Abronah.
And they journeyed from Abronah, and pitched in Ezion-geber.
And they journeyed from Ezion-geber, and pitched in the wilderness of Zin — the same is Kadesh.
And they journeyed from Kadesh, and pitched in mount Hor, in the edge of the land of Edom. —
38 ၃၈ ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
And Aaron the priest went up into mount Hor at the commandment of the LORD, and died there, in the fortieth year after the children of Israel were come out of the land of Egypt, in the fifth month, on the first day of the month.
And Aaron was a hundred and twenty and three years old when he died in mount Hor.
40 ၄၀ ထိုအချိန်၌ခါနာန်ပြည်တောင်ပိုင်းတွင် စိုးစံသောအာရဒ်ဘုရင်သည် ဣသရေလ အမျိုးသားတို့ချီတက်လာနေကြောင်း ကြားသိရလေ၏။
And the Canaanite, the king of Arad, who dwelt in the South in the land of Canaan, heard of the coming of the children of Israel. —
41 ၄၁ ဟောရတောင်မှမောဘလွင်ပြင်သို့သွား သောခရီးလမ်းတွင် ဣသရေလအမျိုး သားတို့ရပ်နားခဲ့သောစခန်းများနာမည် စာရင်းမှာဇာလမောန၊ ပုနုန်၊ သြဗုတ်၊ မောဘပြည်ထဲရှိဣဇာဗာရိမ်၊ ဒိဗုန်ဂဒ်၊ အာလမုန်ဒိ ဗလသိမ်၊ နေဗောတောင်အနီး ရှိအာဗရိမ်တောင်၊ ဗက်ယေရှိမုတ်နှင့်အာ ကာရှားချိုင့်ဝှမ်းအကြားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင် ပြင်တို့ဖြစ်သည်။
And they journeyed from mount Hor, and pitched in Zalmonah.
And they journeyed from Zalmonah, and pitched in Punon.
And they journeyed from Punon, and pitched in Oboth.
And they journeyed from Oboth, and pitched in Ije-abarim, in the border of Moab.
And they journeyed from Ijim, and pitched in Dibon-gad.
And they journeyed from Dibon-gad, and pitched in Almon-diblathaim.
And they journeyed from Almon-diblathaim, and pitched in the mountains of Abarim, in front of Nebo.
And they journeyed from the mountains of Abarim, and pitched in the plains of Moab by the Jordan at Jericho.
And they pitched by the Jordan, from Beth-jeshimoth even unto Abel-shittim in the plains of Moab.
50 ၅၀ ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်အနီး ရှိမောဘလွင်ပြင်တွင် ထာဝရဘုရားသည် မောရှေမှတစ်ဆင့်ဣသရေလအမျိုးသား တို့အား၊-
And the LORD spoke unto Moses in the plains of Moab by the Jordan at Jericho, saying:
51 ၅၁ မိန့်မှာတော်မူသည်ကား``သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သော အခါ၊-
'Speak unto the children of Israel, and say unto them: When ye pass over the Jordan into the land of Canaan,
52 ၅၂ ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
then ye shall drive out all the inhabitants of the land from before you, and destroy all their figured stones, and destroy all their molten images, and demolish all their high places.
53 ၅၃ ငါသည်ထိုပြည်ကိုသင်တို့အားပေးသဖြင့် သင်တို့သည် ထိုပြည်ကိုသိမ်းပိုက်၍အခြေ ချနေထိုင်ကြရမည်။-
And ye shall drive out the inhabitants of the land, and dwell therein; for unto you have I given the land to possess it.
54 ၅၄ ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
And ye shall inherit the land by lot according to your families — to the more ye shall give the more inheritance, and to the fewer thou shalt give the less inheritance; wheresoever the lot falleth to any man, that shall be his; according to the tribes of your fathers shall ye inherit.
55 ၅၅ သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။-
But if ye will not drive out the inhabitants of the land from before you, then shall those that ye let remain of them be as thorns in your eyes, and as pricks in your sides, and they shall harass you in the land wherein ye dwell.
56 ၅၆ သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ငါသည်သူတို့အားပေးမည့်ဒဏ်ကိုသင် တို့အပေါ်သို့ကျရောက်စေမည်'' ဟူ၍ဖြစ် သည်။
And it shall come to pass, that as I thought to do unto them, so will I do unto you.