< တောလည်ရာ 32 >
1 ၁ ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
У сынов Рувимовых и у сынов Гадовых стад было весьма много; и увидели они, что земля Иазер и земля Галаад есть место годное для стад;
2 ၂ သူတို့သည်မောရှေ၊ ဧလာဇာနှင့်ဣသရေလ ခေါင်းဆောင်တို့ထံသို့သွား၍၊-
и пришли сыны Гадовы и сыны Рувимовы и сказали Моисею и Елеазару священнику и князьям общества, говоря:
3 ၃ ``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
Атароф и Дивон, и Иазер, и Нимра, и Есевон, и Елеале, и Севам, и Нево, и Веон,
земля, которую Господь поразил пред обществом Израилевым, есть земля годная для стад, а у рабов твоих есть стада.
5 ၅ သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
И сказали: если мы нашли благоволение в глазах твоих, отдай землю сию рабам твоим во владение; не переводи нас чрез Иордан.
6 ၆ ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
И сказал Моисей сынам Гадовым и сынам Рувимовым: братья ваши пойдут на войну, а вы останетесь здесь?
7 ၇ ဣသရေလအမျိုးသားတို့သည်ယော်ဒန် မြစ်ကိုကူး၍ ထာဝရဘုရားပေးသနား တော်မူသောပြည်သို့ဝင်ရောက်ရေးတွင် သင် တို့သည်အဘယ်ကြောင့်သူတို့ကိုစိတ် ပျက်အားလျော့စေကြသနည်း။-
для чего вы отвращаете сердце сынов Израилевых от перехода в землю, которую дает им Господь?
8 ၈ ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။-
так поступили отцы ваши, когда я посылал их из Кадес-Варни для обозрения земли:
9 ၉ သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။-
они доходили до долины Есхол, и видели землю, и отвратили сердце сынов Израилевых, чтобы не шли они в землю, которую Господь дает им;
10 ၁၀ ထိုအခါထာဝရဘုရားသည်အမျက် တော်ထွက်၍၊-
и воспылал в тот день гнев Господа, и поклялся Он, говоря:
11 ၁၁ `သူတို့သည်ငါ့ကိုသစ္စာဖောက်ကြသဖြင့် အီဂျစ်ပြည်မှထွက်လာသောသူတို့တွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိ သောမည်သည့်ယောကျာ်းမျှအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါပေးမည်ဟုကတိထား သောပြည်သို့မဝင်ရ' ဟုကျိန်ဆို၍မိန့် တော်မူခဲ့၏။-
люди сии, вышедшие из Египта, от двадцати лет и выше знающие добро и зло, не увидят земли, о которой Я клялся Аврааму, Исааку и Иакову, потому что они не повиновались Мне,
12 ၁၂ ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
кроме Халева, сына Иефонниина, Кенезеянина, и Иисуса, сына Навина, потому что они повиновались Господу.
13 ၁၃ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။-
И воспылал гнев Господа на Израиля, и водил Он их по пустыне сорок лет, доколе не кончился весь род, сделавший зло в очах Господних.
14 ၁၄ ဘိုးဘေးတို့၏ဒုစရိုက်မျိုးကိုကူးလွန် သောအားဖြင့် ယခုသင်တို့သည်ဒုစရိုက် ပြုသောမျိုးဆက်သစ်ဖြစ်လာကြ၏။ သို့ ဖြစ်၍သင်တို့သည်ထာဝရဘုရား၏ပြင်း ထန်သောအမျက်တော်ကို ဣသရေလ အမျိုးသားတို့အပေါ်သို့တစ်ဖန်ကျ ရောက်စေရန်ပြုကျင့်နေကြပါသည် တကား။-
И вот, вместо отцов ваших восстали вы, отродье грешников, чтоб усилить еще ярость гнева Господня на Израиля.
15 ၁၅ ရုဗင်နှင့်ဂဒ်အနွယ်ဝင်များဖြစ်ကြသော သင်တို့သည် ထာဝရဘုရား၏နောက်တော် သို့ယခုမလိုက်ကြလျှင် ကိုယ်တော်သည် ဣသရေလတစ်မျိုးလုံးကိုတောကန္တာရ တွင်တစ်ဖန်စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ် ၍သင်တို့ကြောင့်ထိုသူအပေါင်းတို့သည် ပျက်စီးဆုံးပါးရကြလိမ့်မည်'' ဟုပြန် လည်ဖြေကြား၏။
Если вы отвратитесь от Него, то Он опять оставит его в пустыне, и вы погубите весь народ сей.
16 ၁၆ တစ်ဖန်သူတို့သည် မောရှေအနီးသို့ချဉ်း ကပ်၍``ရှေးဦးစွာအကျွန်ုပ်တို့၏သိုးများ ထားရန်ကျောက်တုံးခြံစည်းရိုးများကို လည်းကောင်း၊ အကျွန်ုပ်တို့ကိုမှီခိုသူများ နေထိုင်ရန် တံတိုင်းကာရံထားသောမြို့များ ကိုလည်းကောင်းတည်ဆောက်ခွင့်ပေးပါ။-
И подошли они к нему и сказали: мы построим здесь овчие дворы для стад наших и города для детей наших;
17 ၁၇ ထိုနောက်အကျွန်ုပ်တို့သည်အမျိုးသားချင်း တို့အပိုင်ရမည့်ပြည်တွင် အခြေချနေထိုင် ရသည်အထိသူတို့ကိုရှေ့ဆောင်၍စစ်ချီ တိုက်ခိုက်ပါမည်။ ဤအတောအတွင်းအကျွန်ုပ် တို့ကိုမှီခိုသူများသည် ခိုင်ခံ့သောမြို့များ တွင်နေထိုင်ရသဖြင့် ဤအရပ်သားတို့၏ ရန်မှကင်းလွတ်နိုင်ကြပါလိမ့်မည်။-
сами же мы первые вооружимся и пойдем пред сынами Израилевыми, доколе не приведем их в места их; а дети наши пусть останутся в укрепленных городах, для безопасности от жителей земли;
18 ၁၈ အခြားသောဣသရေလအနွယ်ဝင်တို့ သည် မိမိတို့နေထိုင်ရမည့်ပြည်ကိုအပိုင် မရမချင်းအကျွန်ုပ်တို့သည်ကိုယ့်အိမ် သို့မပြန်ပါ။-
не возвратимся в домы наши, доколе не вступят сыны Израилевы каждый в удел свой;
19 ၁၉ ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
ибо мы не возьмем с ними удела по ту сторону Иордана и далее, если удел нам достанется по эту сторону Иордана, к востоку.
20 ၂၀ ထိုအခါမောရှေက``သင်တို့ကတိတည် မည်ဆိုလျှင် ထာဝရဘုရားရှေ့တော်၌ စစ်ချီတိုက်ရန်အသင့်ပြင်လော့။-
И сказал им Моисей: если вы это сделаете, если вооруженные пойдете на войну пред Господом,
21 ၂၁ သင်တို့၏တပ်သားအပေါင်းတို့သည်ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးလျှင် ထာဝရဘုရား၏ အမိန့်ကိုနာခံလျက် ငါတို့၏ရန်သူများကို တိုက်ခိုက်ချေမှုန်း၍၊-
и пойдет каждый из вас вооруженный за Иордан пред Господом, доколе не истребит Он врагов Своих пред Собою,
22 ၂၂ တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
и покорена будет земля пред Господом, то после возвратитесь и будете неповинны пред Господом и пред Израилем, и будет земля сия у вас во владении пред Господом;
23 ၂၃ သို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။-
если же не сделаете так, то согрешите пред Господом, и испытаете наказание за грех ваш, которое постигнет вас;
24 ၂၄ သင်တို့မြို့များနှင့်သိုးခြံများကိုတည် ဆောက်ကြလော့။ သို့ရာတွင်သင်တို့ကတိ ကိုမဖျက်ကြနှင့်'' ဟုသတိပေးလေ၏။
стройте себе города для детей ваших и дворы для овец ваших и делайте, что произнесено устами вашими.
25 ၂၅ ထိုအခါဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ် ဝင်တို့က``ကိုယ်တော်မိန့်မှာသည်အတိုင်း အကျွန်ုပ်ဆောင်ရွက်ပါမည်။-
И сказали сыны Гадовы и сыны Рувимовы Моисею: рабы твои сделают, как повелевает господин наш;
26 ၂၆ အကျွန်ုပ်တို့၏ဇနီးနှင့်သားသမီးများ၊ သိုး၊ ဆိတ်၊ နွားများသည်ဤအရပ်ရှိဂိလဒ် မြို့များတွင်နေရစ်ကြပါမည်။-
дети наши, жены наши, стада наши и весь скот наш останутся тут в городах Галаада,
27 ၂၇ အကျွန်ုပ်တို့မူကားထာဝရဘုရား၏အမိန့် ကိုနာခံလျက် စစ်ချီတက်ရန်အသင့်ရှိနေ ကြပါသည်။ ကိုယ်တော်မိန့်မှာသည့်အတိုင်း အကျွန်ုပ်တို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ရန်သူများကိုတိုက်ခိုက်ပါမည်'' ဟူ၍ မောရှေအားကတိပေးကြ၏။
а рабы твои, все, вооружившись, как воины, пойдут пред Господом на войну, как говорит господин наш.
28 ၂၈ ထို့ကြောင့်မောရှေကဧလာဇာ၊ ယောရှုနှင့် အခြားသောဣသရေလခေါင်းဆောင်တို့ အား၊-
И дал Моисей о них повеление Елеазару священнику и Иисусу, сыну Навину, и начальникам племен сынов Израилевых,
29 ၂၉ ``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
и сказал им Моисей: если сыны Гадовы и сыны Рувимовы перейдут с вами за Иордан, все вооружившись на войну пред Господом, и покорена будет пред вами земля, то отдайте им землю Галаад во владение;
30 ၃၀ သို့ရာတွင်သူတို့သည်သင်တို့နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်ကူး၍စစ်ချီတိုက်ခိုက် ခြင်းမပြုကြလျှင် သင်တို့နည်းတူခါနာန် ပြည်ထဲ၌သာသူတို့ဝေစုကိုရစေရမည်'' ဟုအမိန့်ပေးလေ၏။
если же не пойдут они с вами вооруженные на войну пред Господом, то пошлите пред собою имение их, жен их и скот их в землю Ханаанскую, и они получат владение вместе с вами в земле Ханаанской.
31 ၃၁ ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့ က``အကျွန်ုပ်တို့သည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်းဆောင်ရွက်ပါမည်။-
И отвечали сыны Гадовы и сыны Рувимовы и сказали: как сказал Господь рабам твоим, так и сделаем;
32 ၃၂ အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။
мы пойдем вооруженные пред Господом в землю Ханаанскую, а удел владения нашего пусть будет по эту сторону Иордана.
33 ၃၃ ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
И отдал Моисей им, сынам Гадовым и сынам Рувимовым, и половине колена Манассии, сына Иосифова, царство Сигона, царя Аморрейского, и царство Ога, царя Васанского, землю с городами ее и окрестностями, - города земли во все стороны.
34 ၃၄ ဂဒ်အနွယ်ဝင်တို့သည်ဒိဗုန်မြို့၊ အတရုပ် မြို့၊ အာရော်မြို့၊-
И построили сыны Гадовы Дивон и Атароф, и Ароер,
35 ၃၅ အာတရုတ်ရှောဖန်မြို့၊ ယာဇာမြို့၊ ယုမ္ဘေဟ မြို့၊-
и Атароф-Шофан, и Иазер, и Иогбегу,
36 ၃၆ ဗက်နိမရာမြို့နှင့်ဗေသာရန်မြို့စသော တံတိုင်းကာရံထားသည့် မြို့များကိုပြန် လည်တည်ဆောက်ကြ၏။-
и Беф-Нимру и Беф-Гаран, города укрепленные и дворы для овец.
37 ၃၇ ရုဗင်အနွယ်ဝင်တို့သည်ဟေရှဘုန်မြို့၊ ဧလာလေမြို့၊ ကိရယသိမ်မြို့၊-
И сыны Рувимовы построили Есевон, Елеале, Кириафаим,
38 ၃၈ နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
и Нево, и Ваал-Меон, которых имена переменены, и Сивму, и дали имена городам, которые они построили.
39 ၃၉ မနာရှေသားမာခိရ၏သားချင်းစုသည် ဂိလဒ်ပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးလျှင် ထိုပြည်တွင်နေထိုင်သောအာမောရိအမျိုး သားတို့ကိုမောင်းထုတ်၍ပြည်ကိုသိမ်းပိုက် လေသည်။-
И пошли сыны Махира, сына Манассиина, в Галаад, и взяли его, и выгнали Аморреев, которые были в нем;
40 ၄၀ ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။-
и отдал Моисей Галаад Махиру, сыну Манассии, и он поселился в нем.
41 ၄၁ မနာရှေ၏အနွယ်ဝင်ဖြစ်သောယာဣရ သည် ကျေးရွာအချို့ကိုတိုက်ခိုက်သိမ်းပိုက် ပြီးလျှင်``ယာဣရကျေးရွာများ'' ဟု သမုတ်လေသည်။-
И Иаир, сын Манассии, пошел и взял селения их, и назвал их: селения Иаировы.
42 ၄၂ နောဗာဆိုသူသည်လည်းကေနတ်မြို့နှင့် အနီးရှိ ကျေးရွာများကိုတိုက်ခိုက်သိမ်း ပိုက်ပြီးလျှင် မိမိ၏အမည်ကိုစွဲ၍ နောဗာမြို့ဟုမှည့်ခေါ်လေ၏။
И Новах пошел и взял Кенаф и зависящие от него города, и назвал его своим именем: Новах.