< တောလည်ရာ 32 >

1 ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-
Filii autem Ruben et Gad habebant pecora multa, et erat illis in iumentis infinita substantia. Cumque vidissent Iazer, et Galaad aptas animalibus alendis terras,
2 သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-
venerunt ad Moysen, et ad Elezarum sacerdotem, et principes multitudinis, atque dixerunt:
3 ``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-
Ataroth, et Dibon, et Iazer, et Nemra, Hesebon, et Eleale, et Saban, et Nebo, et Beon,
4
terra, quam percussit Dominus in conspectu filiorum Israel, regio uberrima est ad pastum animalium: et nos servi tui habemus iumenta plurima:
5 သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။
precamurque si invenimus gratiam coram te, ut des nobis famulis tuis eam in possessionem, nec facias nos transire Iordanem.
6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-
Quibus respondit Moyses: Numquid fratres vestri ibunt ad pugnam, et vos hic sedebitis?
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-
Cur subvertitis mentes filiorum Israel, ne transire audeant in locum, quem eis daturus est Dominus?
8 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။-
nonne ita egerunt patres vestri, quando misi de Cadesbarne ad explorandam Terram?
9 သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-
Cumque venissent usque ad Vallem botri, lustrata omni regione, subverterunt cor filiorum Israel, ut non intrarent fines, quos eis Dominus dedit.
10 ၁၀ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-
Qui iratus iuravit, dicens:
11 ၁၁ `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-
Si videbunt homines isti, qui ascenderunt ex Ægypto a viginti annis et supra, Terram, quam sub iuramento pollicitus sum Abraham, Isaac, et Iacob: et noluerunt sequi me,
12 ၁၂ ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-
præter Caleb filium Iephone Cenezæum, et Iosue filium Nun: isti impleverunt voluntatem meam.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-
Iratusque Dominus adversum Israel, circumduxit eum per desertum quadraginta annis, donec consumeretur universa generatio, quæ fecerat malum in conspectu eius.
14 ၁၄ ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-
Et ecce, inquit, vos surrexistis pro patribus vestris, incrementa, et alumni hominum peccatorum, ut augeretis furorem Domini contra Israel.
15 ၁၅ ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
Quod si nolueritis sequi eum, in solitudine populum derelinquet, et vos causa eritis necis omnium.
16 ၁၆ တစ်​ဖန်​သူ​တို့​သည် မော​ရှေ​အ​နီး​သို့​ချဉ်း ကပ်​၍``ရှေး​ဦး​စွာ​အ​ကျွန်ုပ်​တို့​၏​သိုး​များ ထား​ရန်​ကျောက်​တုံး​ခြံ​စည်း​ရိုး​များ​ကို လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကို​မှီ​ခို​သူ​များ နေ​ထိုင်​ရန် တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ ကို​လည်း​ကောင်း​တည်​ဆောက်​ခွင့်​ပေး​ပါ။-
At illi prope accedentes, dixerunt: Caulas ovium fabricabimus, et stabula iumentorum, parvulis quoque nostris urbes munitas:
17 ၁၇ ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။-
nos autem ipsi armati et accincti pergemus ad prælium ante filios Israel, donec introducamus eos ad loca sua. Parvuli nostri, et quidquid habere possumus, erunt in urbibus muratis, propter habitatorum insidias.
18 ၁၈ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။-
Non revertemur in domos nostras, usque dum possideant filii Israel hereditatem suam:
19 ၁၉ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။
nec quidquam quæremus trans Iordanem, quia iam habemus nostram possessionem in orientali eius plaga.
20 ၂၀ ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-
Quibus Moyses ait: Si facitis quod promittitis, expediti pergite coram Domino ad pugnam:
21 ၂၁ သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊-
et omnis vir bellator armatus Iordanem transeat, donec subvertat Dominus inimicos suos,
22 ၂၂ တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-
et subiiciatur ei omnis Terra: tunc eritis inculpabiles apud Dominum et apud Israel, et obtinebitis regiones, quas vultis coram Domino.
23 ၂၃ သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။-
Sin autem quod dicitis, non feceritis, nulli dubium est quin peccetis in Deum: et scitote quoniam peccatum vestrum apprehendet vos.
24 ၂၄ သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။
Ædificate ergo urbes parvulis vestris, et caulas, et stabula ovibus ac iumentis: et quod polliciti estis implete.
25 ၂၅ ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-
Dixeruntque filii Gad et Ruben ad Moysen: Servi tui sumus, faciemus quod iubet dominus noster.
26 ၂၆ အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-
Parvulos nostros, et mulieres, et pecora, ac iumenta relinquemus in urbibus Galaad:
27 ၂၇ အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။
nos autem famuli tui omnes expediti pergemus ad bellum, sicut tu domine loqueris.
28 ၂၈ ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊-
Præcepit ergo Moyses Eleazaro sacerdoti, et Iosue filio Nun, et principibus familiarum per tribus Israel, et dixit ad eos:
29 ၂၉ ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-
Si transierint filii Gad, et filii Ruben vobiscum Iordanem omnes armati ad bellum coram Domino, et vobis fuerit Terra subiecta: date eis Galaad in possessionem.
30 ၃၀ သို့​ရာ​တွင်​သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍​စစ်​ချီ​တိုက်​ခိုက် ခြင်း​မ​ပြု​ကြ​လျှင် သင်​တို့​နည်း​တူ​ခါ​နာန် ပြည်​ထဲ​၌​သာ​သူ​တို့​ဝေ​စု​ကို​ရ​စေ​ရ​မည်'' ဟု​အ​မိန့်​ပေး​လေ​၏။
Sin autem noluerint transire armati vobiscum in Terram Chanaan, inter vos habitandi accipiant loca.
31 ၃၁ ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။-
Responderuntque filii Gad, et filii Ruben: Sicut locutus est Dominus servis suis, ita faciemus:
32 ၃၂ အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။
ipsi armati pergemus coram Domino in Terram Chanaan, et possessionem iam suscepisse nos confitemur trans Iordanem.
33 ၃၃ ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-
Dedit itaque Moyses filiis Gad et Ruben, et dimidiæ tribui Manasse filii Ioseph regnum Sehon regis Amorrhæi, et regnum Og regis Basan, et terram eorum cum urbibus suis per circuitum.
34 ၃၄ ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ဒိ​ဗုန်​မြို့၊ အ​တ​ရုပ် မြို့၊ အာ​ရော်​မြို့၊-
Igitur extruxerunt filii Gad, Dibon, et Ataroth, et Aroer,
35 ၃၅ အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-
et Etroth, et Sophan, et Iazer, et Iegbaa,
36 ၃၆ ဗက်​နိ​မ​ရာ​မြို့​နှင့်​ဗေ​သာ​ရန်​မြို့​စ​သော တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ပြန် လည်​တည်​ဆောက်​ကြ​၏။-
et Bethnemra, et Betharan, urbes munitas, et caulas pecoribus suis.
37 ၃၇ ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊-
Filii vero Ruben ædificaverunt Hesebon, et Eleale, et Cariathaim,
38 ၃၈ နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။
et Nabo, et Baalmeon versis nominibus, Sabama quoque: imponentes vocabula urbibus, quas extruxerunt.
39 ၃၉ မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။-
Porro filii Machir filii Manasse perrexerunt in Galaad, et vastaverunt eam interfecto Amorrhæo habitatore eius.
40 ၄၀ ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-
Dedit ergo Moyses Terram Galaad Machir filio Manasse, qui habitavit in ea.
41 ၄၁ မ​နာ​ရှေ​၏​အ​နွယ်​ဝင်​ဖြစ်​သော​ယာ​ဣ​ရ သည် ကျေး​ရွာ​အ​ချို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက် ပြီး​လျှင်``ယာ​ဣ​ရ​ကျေး​ရွာ​များ'' ဟု သ​မုတ်​လေ​သည်။-
Iair autem filius Manasse abiit et occupavit vicos eius, quos appellavit Havoth Iair, id est, Villas Iair.
42 ၄၂ နော​ဗာ​ဆို​သူ​သည်​လည်း​ကေ​နတ်​မြို့​နှင့် အ​နီး​ရှိ ကျေး​ရွာ​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​ပြီး​လျှင် မိ​မိ​၏​အ​မည်​ကို​စွဲ​၍ နော​ဗာ​မြို့​ဟု​မှည့်​ခေါ်​လေ​၏။
Nobe quoque perrexit, et apprehendit Chanath cum viculis suis: vocavitque eam ex nomine suo Nobe.

< တောလည်ရာ 32 >