< တောလည်ရာ 31 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
וַיְדַבֵּר יְהוָה אֶל־מֹשֶׁה לֵּאמֹֽר׃
2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​မိ​ဒျန် အ​မျိုး​သား​တို့​အား​လက်​စား​ချေ​လော့။ ထို တာ​ဝန်​ကို​ဆောင်​ရွက်​ပြီး​နောက် သင်​သည် အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
נְקֹם נִקְמַת בְּנֵי יִשְׂרָאֵל מֵאֵת הַמִּדְיָנִים אַחַר תֵּאָסֵף אֶל־עַמֶּֽיךָ׃
3 ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။-
וַיְדַבֵּר מֹשֶׁה אֶל־הָעָם לֵאמֹר הֵחָלְצוּ מֵאִתְּכֶם אֲנָשִׁים לַצָּבָא וְיִהְיוּ עַל־מִדְיָן לָתֵת נִקְמַת־יְהוָה בְּמִדְיָֽן׃
4 စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။
אֶלֶף לַמַּטֶּה אֶלֶף לַמַּטֶּה לְכֹל מַטּוֹת יִשְׂרָאֵל תִּשְׁלְחוּ לַצָּבָֽא׃
5 သို့​ဖြစ်​၍​စစ်​ချီ​ရန်​ဣ​သ​ရေ​လ​အ​နွယ်​များ မှ​လူ​တစ်​ထောင်​ကျ​စီ​ဖြင့် လူ​ပေါင်း​တစ်​သောင်း နှစ်​ထောင်​ကို​ရွေး​ချယ်​ကြ​လေ​သည်။-
וַיִּמּֽ͏ָסְרוּ מֵאַלְפֵי יִשְׂרָאֵל אֶלֶף לַמַּטֶּה שְׁנֵים־עָשָׂר אֶלֶף חֲלוּצֵי צָבָֽא׃
6 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။-
וַיִּשְׁלַח אֹתָם מֹשֶׁה אֶלֶף לַמַּטֶּה לַצָּבָא אֹתָם וְאֶת־פִּינְחָס בֶּן־אֶלְעָזָר הַכֹּהֵן לַצָּבָא וּכְלֵי הַקֹּדֶשׁ וַחֲצֹצְרוֹת הַתְּרוּעָה בְּיָדֽוֹ׃
7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-
וַֽיִּצְבְּאוּ עַל־מִדְיָן כַּאֲשֶׁר צִוָּה יְהוָה אֶת־מֹשֶׁה וַיַּֽהַרְגוּ כָּל־זָכָֽר׃
8 မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။
וְאֶת־מַלְכֵי מִדְיָן הָרְגוּ עַל־חַלְלֵיהֶם אֶת־אֱוִי וְאֶת־רֶקֶם וְאֶת־צוּר וְאֶת־חוּר וְאֶת־רֶבַע חֲמֵשֶׁת מַלְכֵי מִדְיָן וְאֵת בִּלְעָם בֶּן־בְּעוֹר הָרְגוּ בֶּחָֽרֶב׃
9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-
וַיִּשְׁבּוּ בְנֵי־יִשְׂרָאֵל אֶת־נְשֵׁי מִדְיָן וְאֶת־טַפָּם וְאֵת כָּל־בְּהֶמְתָּם וְאֶת־כָּל־מִקְנֵהֶם וְאֶת־כָּל־חֵילָם בָּזָֽזוּ׃
10 ၁၀ သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။-
וְאֵת כָּל־עָרֵיהֶם בְּמוֹשְׁבֹתָם וְאֵת כָּל־טִֽירֹתָם שָׂרְפוּ בָּאֵֽשׁ׃
11 ၁၁ သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-
וַיִּקְחוּ אֶת־כָּל־הַשָּׁלָל וְאֵת כָּל־הַמַּלְקוֹחַ בָּאָדָם וּבַבְּהֵמָֽה׃
12 ၁၂ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။
וַיָּבִאוּ אֶל־מֹשֶׁה וְאֶל־אֶלְעָזָר הַכֹּהֵן וְאֶל־עֲדַת בְּנֵֽי־יִשְׂרָאֵל אֶת־הַשְּׁבִי וְאֶת־הַמַּלְקוֹחַ וְאֶת־הַשָּׁלָל אֶל־הַֽמַּחֲנֶה אֶל־עַֽרְבֹת מוֹאָב אֲשֶׁר עַל־יַרְדֵּן יְרֵחֽוֹ׃
13 ၁၃ မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။-
וַיֵּצְאוּ מֹשֶׁה וְאֶלְעָזָר הַכֹּהֵן וְכָל־נְשִׂיאֵי הָעֵדָה לִקְרָאתָם אֶל־מִחוּץ לַֽמַּחֲנֶֽה׃
14 ၁၄ သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊-
וַיִּקְצֹף מֹשֶׁה עַל פְּקוּדֵי הֶחָיִל שָׂרֵי הָאֲלָפִים וְשָׂרֵי הַמֵּאוֹת הַבָּאִים מִצְּבָא הַמִּלְחָמָֽה׃
15 ၁၅ ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-
וַיֹּאמֶר אֲלֵיהֶם מֹשֶׁה הַֽחִיִּיתֶם כָּל־נְקֵבָֽה׃
16 ၁၆ ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-
הֵן הֵנָּה הָיוּ לִבְנֵי יִשְׂרָאֵל בִּדְבַר בִּלְעָם לִמְסָר־מַעַל בַּיהוָה עַל־דְּבַר־פְּעוֹר וַתְּהִי הַמַּגֵּפָה בַּעֲדַת יְהוָֽה׃
17 ၁၇ သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။-
וְעַתָּה הִרְגוּ כָל־זָכָר בַּטָּף וְכָל־אִשָּׁה יֹדַעַת אִישׁ לְמִשְׁכַּב זָכָר הֲרֹֽגוּ׃
18 ၁၈ မိန်း​က​လေး​များ​နှင့်​အ​ပျို​က​ညာ​များ​ကို သင်​တို့​အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။-
וְכֹל הַטַּף בַּנָּשִׁים אֲשֶׁר לֹא־יָדְעוּ מִשְׁכַּב זָכָר הַחֲיוּ לָכֶֽם׃
19 ၁၉ သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
וְאַתֶּם חֲנוּ מִחוּץ לַֽמַּחֲנֶה שִׁבְעַת יָמִים כֹּל הֹרֵג נֶפֶשׁ וְכֹל ׀ נֹגֵעַ בֶּֽחָלָל תִּֽתְחַטְּאוּ בַּיּוֹם הַשְּׁלִישִׁי וּבַיּוֹם הַשְּׁבִיעִי אַתֶּם וּשְׁבִיכֶֽם׃
20 ၂၀ သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။
וְכָל־בֶּגֶד וְכָל־כְּלִי־עוֹר וְכָל־מַעֲשֵׂה עִזִּים וְכָל־כְּלִי־עֵץ תִּתְחַטָּֽאוּ׃
21 ၂၁ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊-
וַיֹּאמֶר אֶלְעָזָר הַכֹּהֵן אֶל־אַנְשֵׁי הַצָּבָא הַבָּאִים לַמִּלְחָמָה זֹאת חֻקַּת הַתּוֹרָה אֲשֶׁר־צִוָּה יְהוָה אֶת־מֹשֶֽׁה׃
22 ၂၂ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-
אַךְ אֶת־הַזָּהָב וְאֶת־הַכָּסֶף אֶֽת־הַנְּחֹשֶׁת אֶת־הַבַּרְזֶל אֶֽת־הַבְּדִיל וְאֶת־הָעֹפָֽרֶת׃
23 ၂၃
כָּל־דָּבָר אֲשֶׁר־יָבֹא בָאֵשׁ תַּעֲבִירוּ בָאֵשׁ וְטָהֵר אַךְ בְּמֵי נִדָּה יִתְחַטָּא וְכֹל אֲשֶׁר לֹֽא־יָבֹא בָּאֵשׁ תַּעֲבִירוּ בַמָּֽיִם׃
24 ၂၄ သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။
וְכִבַּסְתֶּם בִּגְדֵיכֶם בַּיּוֹם הַשְּׁבִיעִי וּטְהַרְתֶּם וְאַחַר תָּבֹאוּ אֶל־הַֽמַּחֲנֶֽה׃
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
וַיֹּאמֶר יְהוָה אֶל־מֹשֶׁה לֵּאמֹֽר׃
26 ၂၆ ``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။-
שָׂא אֵת רֹאשׁ מַלְקוֹחַ הַשְּׁבִי בָּאָדָם וּבַבְּהֵמָה אַתָּה וְאֶלְעָזָר הַכֹּהֵן וְרָאשֵׁי אֲבוֹת הָעֵדָֽה׃
27 ၂၇ ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-
וְחָצִיתָ אֶת־הַמַּלְקוֹחַ בֵּין תֹּפְשֵׂי הַמִּלְחָמָה הַיֹּצְאִים לַצָּבָא וּבֵין כָּל־הָעֵדָֽה׃
28 ၂၈ စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-
וַהֲרֵמֹתָ מֶכֶס לַֽיהוָה מֵאֵת אַנְשֵׁי הַמִּלְחָמָה הַיֹּצְאִים לַצָּבָא אֶחָד נֶפֶשׁ מֵחֲמֵשׁ הַמֵּאוֹת מִן־הָאָדָם וּמִן־הַבָּקָר וּמִן־הַחֲמֹרִים וּמִן־הַצֹּֽאן׃
29 ၂၉ ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-
מִמַּֽחֲצִיתָם תִּקָּחוּ וְנָתַתָּה לְאֶלְעָזָר הַכֹּהֵן תְּרוּמַת יְהוָֽה׃
30 ၃၀ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
וּמִמַּחֲצִת בְּנֵֽי־יִשְׂרָאֵל תִּקַּח ׀ אֶחָד ׀ אָחֻז מִן־הַחֲמִשִּׁים מִן־הָאָדָם מִן־הַבָּקָר מִן־הַחֲמֹרִים וּמִן־הַצֹּאן מִכָּל־הַבְּהֵמָה וְנָתַתָּה אֹתָם לַלְוִיִּם שֹׁמְרֵי מִשְׁמֶרֶת מִשְׁכַּן יְהוָֽה׃
31 ၃၁ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။
וַיַּעַשׂ מֹשֶׁה וְאֶלְעָזָר הַכֹּהֵן כַּאֲשֶׁר צִוָּה יְהוָה אֶת־מֹשֶֽׁה׃
32 ၃၂ စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။-
וַיְהִי הַמַּלְקוֹחַ יֶתֶר הַבָּז אֲשֶׁר בָּזְזוּ עַם הַצָּבָא צֹאן שֵׁשׁ־מֵאוֹת אֶלֶף וְשִׁבְעִים אֶלֶף וַחֲמֵֽשֶׁת־אֲלָפִֽים׃
33 ၃၃
וּבָקָר שְׁנַיִם וְשִׁבְעִים אָֽלֶף׃
34 ၃၄
וַחֲמֹרִים אֶחָד וְשִׁשִּׁים אָֽלֶף׃
35 ၃၅
וְנֶפֶשׁ אָדָם מִן־הַנָּשִׁים אֲשֶׁר לֹֽא־יָדְעוּ מִשְׁכַּב זָכָר כָּל־נֶפֶשׁ שְׁנַיִם וּשְׁלֹשִׁים אָֽלֶף׃
36 ၃၆ စစ်​သည်​တို့​အ​တွက်​ထက်​ဝက်​ဝေ​စု​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ပေါင်း​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန်​ကောင်​ရေ​မှာ ခြောက်​ရာ့​ခု​နစ်​ဆယ့်​ငါး ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​နွား​ကောင် ရေ​သုံး​သောင်း​ခြောက်​ထောင်​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘုရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန် ကောင်​ရေ​မှာ​ခု​နစ်​ဆယ့်​နှစ်​ကောင်​ဖြစ် သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​မှာ​မြည်း ကောင်​ရေ​သုံး​သောင်း​ငါး​ရာ​ဖြစ်​၍​၎င်း​တို့ အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​ဆက်​သ​ရန်​ကောင်​ရေ​မှာ​ခြောက်​ဆယ့် တစ်​ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု မှာ​အ​ပျို​က​ညာ​တစ်​သောင်း​ခြောက်​ထောင် ယောက်​ဖြစ်​၍ ၎င်း​တို့​အ​နက်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက်​သ​ရန်​အ​တွက် မှာ​သုံး​ဆယ့်​နှစ်​ယောက်​ဖြစ်​သည်။-
וַתְּהִי הַֽמֶּחֱצָה חֵלֶק הַיֹּצְאִים בַּצָּבָא מִסְפַּר הַצֹּאן שְׁלֹשׁ־מֵאוֹת אֶלֶף וּשְׁלֹשִׁים אֶלֶף וְשִׁבְעַת אֲלָפִים וַחֲמֵשׁ מֵאֽוֹת׃
37 ၃၇
וַיְהִי הַמֶּכֶס לַֽיהוָה מִן־הַצֹּאן שֵׁשׁ מֵאוֹת חָמֵשׁ וְשִׁבְעִֽים׃
38 ၃၈
וְהַבָּקָר שִׁשָּׁה וּשְׁלֹשִׁים אָלֶף וּמִכְסָם לַיהוָה שְׁנַיִם וְשִׁבְעִֽים׃
39 ၃၉
וַחֲמֹרִים שְׁלֹשִׁים אֶלֶף וַחֲמֵשׁ מֵאוֹת וּמִכְסָם לַֽיהוָה אֶחָד וְשִׁשִּֽׁים׃
40 ၄၀
וְנֶפֶשׁ אָדָם שִׁשָּׁה עָשָׂר אָלֶף וּמִכְסָם לַֽיהוָה שְׁנַיִם וּשְׁלֹשִׁים נָֽפֶשׁ׃
41 ၄၁ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ရန် အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဝေ​စု​ကို ဧ​လာ​ဇာ​အား​ပေး​အပ်​လေ​သည်။
וַיִּתֵּן מֹשֶׁה אֶת־מֶכֶס תְּרוּמַת יְהוָה לְאֶלְעָזָר הַכֹּהֵן כַּאֲשֶׁר צִוָּה יְהוָה אֶת־מֹשֶֽׁה׃
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု သည်​လည်း စစ်​သည်​တို့​အ​တွက် ဝေ​စု​အ​တိုင်း သိုး​နှင့်​ဆိတ်​ကောင်​ရေ​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ၊ နွား​ကောင်​ရေ​သုံး​သောင်း ခြောက်​ထောင်၊ မြည်း​ကောင်​ရေ​သုံး​သောင်း​ငါး ရာ​နှင့်​အ​ပျို​က​ညာ​ဦး​ရေ​တစ်​သောင်း​ခြောက် ထောင်​ယောက်​ဖြစ်​သည်။-
וּמִֽמַּחֲצִית בְּנֵי יִשְׂרָאֵל אֲשֶׁר חָצָה מֹשֶׁה מִן־הָאֲנָשִׁים הַצֹּבְאִֽים׃
43 ၄၃
וַתְּהִי מֶחֱצַת הָעֵדָה מִן־הַצֹּאן שְׁלֹשׁ־מֵאוֹת אֶלֶף וּשְׁלֹשִׁים אֶלֶף שִׁבְעַת אֲלָפִים וַחֲמֵשׁ מֵאֽוֹת׃
44 ၄၄
וּבָקָר שִׁשָּׁה וּשְׁלֹשִׁים אָֽלֶף׃
45 ၄၅
וַחֲמֹרִים שְׁלֹשִׁים אֶלֶף וַחֲמֵשׁ מֵאֽוֹת׃
46 ၄၆
וְנֶפֶשׁ אָדָם שִׁשָּׁה עָשָׂר אָֽלֶף׃
47 ၄၇ မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။
וַיִּקַּח מֹשֶׁה מִמַּחֲצִת בְּנֵֽי־יִשְׂרָאֵל אֶת־הָֽאָחֻז אֶחָד מִן־הַחֲמִשִּׁים מִן־הָאָדָם וּמִן־הַבְּהֵמָה וַיִּתֵּן אֹתָם לַלְוִיִּם שֹֽׁמְרֵי מִשְׁמֶרֶת מִשְׁכַּן יְהוָה כַּאֲשֶׁר צִוָּה יְהוָה אֶת־מֹשֶֽׁה׃
48 ၄၈ ထို​နောက်​တပ်​မှူး​တို့​သည် မော​ရှေ​ထံ​သို့​လာ ရောက်​၍``အ​ကျွန်ုပ်​တို့​၏​လက်​အောက်​ရှိ​စစ်​သည် များ​ကို​ရေ​တွက်​ရာ တစ်​ယောက်​မျှ​ပျောက်​ဆုံး ခြင်း​မ​ရှိ​ကြောင်း​တွေ့​ရ​ပါ​သည်။-
וַֽיִּקְרְבוּ אֶל־מֹשֶׁה הַפְּקֻדִים אֲשֶׁר לְאַלְפֵי הַצָּבָא שָׂרֵי הָאֲלָפִים וְשָׂרֵי הַמֵּאֽוֹת׃
49 ၄၉
וַיֹּֽאמְרוּ אֶל־מֹשֶׁה עֲבָדֶיךָ נָֽשְׂאוּ אֶת־רֹאשׁ אַנְשֵׁי הַמִּלְחָמָה אֲשֶׁר בְּיָדֵנוּ וְלֹא־נִפְקַד מִמֶּנּוּ אִֽישׁ׃
50 ၅၀ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။-
וַנַּקְרֵב אֶת־קָרְבַּן יְהוָה אִישׁ אֲשֶׁר מָצָא כְלִֽי־זָהָב אֶצְעָדָה וְצָמִיד טַבַּעַת עָגִיל וְכוּמָז לְכַפֵּר עַל־נַפְשֹׁתֵינוּ לִפְנֵי יְהוָֽה׃
51 ၅၁ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​လက်​ဝတ် တန်​ဆာ​များ​ကို​လက်​ခံ​လေ​သည်။-
וַיִּקַּח מֹשֶׁה וְאֶלְעָזָר הַכֹּהֵן אֶת־הַזָּהָב מֵֽאִתָּם כֹּל כְּלִי מַעֲשֶֽׂה׃
52 ၅၂ တပ်​မှူး​များ​ဆက်​သ​သော​လက်​ဝတ်​တန် ဆာ​အ​လေး​ချိန်​မှာ​ပေါင်​လေး​ရာ​ကျော် ရှိ​သည်။-
וַיְהִי ׀ כָּל־זְהַב הַתְּרוּמָה אֲשֶׁר הֵרִימוּ לַֽיהוָה שִׁשָּׁה עָשָׂר אֶלֶף שְׁבַע־מֵאוֹת וַחֲמִשִּׁים שָׁקֶל מֵאֵת שָׂרֵי הֽ͏ָאֲלָפִים וּמֵאֵת שָׂרֵי הַמֵּאֽוֹת׃
53 ၅၃ ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။-
אַנְשֵׁי הַצָּבָא בָּזְזוּ אִישׁ לֽוֹ׃
54 ၅၄ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​အံ့ သော​ငှာ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​များ ကို​တဲ​တော်​သို့​ယူ​ဆောင်​သွား​ကြ​လေ​သည်။
וַיִּקַּח מֹשֶׁה וְאֶלְעָזָר הַכֹּהֵן אֶת־הַזָּהָב מֵאֵת שָׂרֵי הָאֲלָפִים וְהַמֵּאוֹת וַיָּבִאוּ אֹתוֹ אֶל־אֹהֶל מוֹעֵד זִכָּרוֹן לִבְנֵֽי־יִשְׂרָאֵל לִפְנֵי יְהוָֽה׃

< တောလည်ရာ 31 >