< တောလည်ရာ 30 >

1 မော​ရှေ​သည်​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သော​ပ​ညတ် များ​ကို ဣ​သ​ရေ​လ​အ​နွယ်​များ​ခေါင်း​ဆောင် တို့​အား​အောက်​ပါ​အ​တိုင်း​ညွှန်​ကြား​လေ သည်။-
Moses [Drawn out] spoke to the heads of the tribes of the children of Israel [God prevails], saying, “This is the thing which Adonai has enjoined.
2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန် က​တိ​ပြု​လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ တစ်​ရာ​ကို​ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော် လည်း​ကောင်း ထို​သစ္စာ​က​တိ​ကို​မ​ချိုး​ဖောက် ရ။ က​တိ​သစ္စာ​ပြု​ထား​သည့်​အ​တိုင်း​တစ် သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။
When a man vows a vow to Adonai, or swears an oath to bind his soul with a bond, he shall not break his word. He shall do according to all that proceeds out of his mouth.
3 အ​ဖ​၏​အုပ်​ထိန်း​မှု​အောက်​တွင်​ရှိ​နေ​သေး သော​မိန်း​မ​ပျို​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန်​က​တိ​ပြု လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ​ကို ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော်​လည်း ကောင်း၊-
“Also when a woman vows a vow to Adonai, and binds herself by a bond, being in her father’s house, in her youth,
4 သူ​၏​ဖ​ခင်​ကြား​၍​မ​တား​မြစ်​လျှင် သူ​သည် က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-
and her father sh'ma ·hears obeys· her vow, and her bond with which she has bound her soul, and her father holds his peace at her; then all her vows shall stand, and every bond with which she has bound her soul shall stand.
5 သို့​ရာ​တွင်​သူ​၏​ဖ​ခင်​ကြား​၍​တား​မြစ်​ပါ​မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန်​မ လို။ ဖ​ခင်​၏​တားမြစ်​မှု​ကြောင့်​က​တိ​သစ္စာ​ပျက် ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။
But if her father forbids her in the day that he sh'ma ·hears obeys·, none of her vows, or of her bonds with which she has bound her soul, shall stand. Adonai will forgive her, because her father has forbidden her.
6 အိမ်​ထောင်​မ​ကျ​သေး​သော​အ​မျိုး​သ​မီး​တစ် ဦး​သည် သိ​လျက်​နှင့်​သော်​လည်း​ကောင်း၊ အ​မှတ် တမဲ့​သော်​လည်း​ကောင်း​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ပြီး​နောက်​အိမ်​ထောင် ကျ​လျှင် သူ​၏​ခင်​ပွန်း​သည်​ကြား​၍​မ​တား မြစ်​သော်၊-
“If she has a husband, while her vows are on her, or the rash utterance of her lips, with which she has bound her soul,
7 သူ​သည်​က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-
and her husband sh'ma ·hears obeys· it, and hold his peace at her in the day that he sh'ma ·hears obeys· it; then her vows shall stand, and her bonds with which she has bound her soul shall stand.
8 သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။
But if her husband forbids her in the day that he sh'ma ·hears obeys· it, then he shall make void her vow which is on her, and the rash utterance of her lips, with which she has bound her soul. Adonai will forgive her.
9 မု​ဆိုး​မ​ဖြစ်​စေ၊ လင်​ကွာ​မိန်း​မ​ဖြစ်​စေ မိ​မိ ပြု​ခဲ့​သ​မျှ​သော​က​တိ​သစ္စာ​ကို​တည်​စေ ရ​မည်။
“But the vow of a widow, or of her who is divorced, everything with which she has bound her soul, shall stand against her.
10 ၁၀ လင်​ရှိ​မိန်း​မ​သည်​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ခဲ့​သော်​သူ​၏​ခင်​ပွန်း ကြား​၍​မ​တား​မြစ်​လျှင်၊-
“If she vowed in her husband’s house, or bound her soul by a bond with an oath,
11 ၁၁ သူ​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည်​စေ​ရ​မည်။-
and her husband sh'ma ·heard obeyed· it, and held his peace at her, and didn’t disallow her; then all her vows shall stand, and every bond with which she bound her soul shall stand.
12 ၁၂ သို့​ရာ​တွင်​သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​ပါ မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ခင်​ပွန်း​၏​တား​မြစ်​မှု​ကြောင့်​က​တိ​ပျက် ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။-
But if her husband made them null and void in the day that he sh'ma ·heard obeyed· them, then whatever proceeded out of her lips concerning her vows, or concerning the bond of her soul, shall not stand. Her husband has made them void. Adonai will forgive her.
13 ၁၃ သူ​၏​ခင်​ပွန်း​သည်​သူ​ပြု​ခဲ့​သော​က​တိ သစ္စာ​ကို တည်​စေ​နိုင်​ခွင့်​နှင့်​ပယ်​ဖျက်​ပိုင်​ခွင့် ရှိ​၏။-
Every vow, and every binding oath to afflict the soul, her husband may establish it, or her husband may make it void.
14 ၁၄ သို့​ရာ​တွင်​ခင်​ပွန်း​သည်​ဇ​နီး​၏​က​တိ​သစ္စာ အ​ကြောင်း​ကို​ကြား​ရ​သော​နေ့​၌​မ​တား​မြစ် လျှင် ဇ​နီး​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည် စေ​ရ​မည်။ ခင်​ပွန်း​သည်​ကြား​ရ​သော​နေ့​၌ မ​တား​မြစ်​သ​ဖြင့်​သ​ဘော​တူ​ရာ​ရောက် သည်။-
But if her husband altogether hold his peace at her from day to day, then he establishes all her vows, or all her bonds, which are on her. He has established them, because he held his peace at her in the day that he sh'ma ·heard obeyed· them.
15 ၁၅ သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။
But if he shall make them null and void after that he has heard them, then he shall bear her depravity (moral evil).”
16 ၁၆ ဤ​ပ​ညတ်​များ​သည်​ကား​ဖ​ခင်​၏​အုပ်​ထိန်း မှု​အောက်​တွင် ရှိ​နေ​သေး​သော​မိန်း​မ​ပျို​နှင့် အိမ်​ထောင်​ကျ​ပြီး​သော​အ​မျိုး​သ​မီး​တို့ က​တိ​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သည့်​ပ​ညတ် များ​ဖြစ်​သ​တည်း။
These are the statutes which Adonai enjoined Moses [Drawn out], between a man and his wife, between a father and his daughter, being in her youth, in her father’s house.

< တောလည်ရာ 30 >