< တောလည်ရာ 3 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။-
Suivent les générations d’Aaron et de Moïse, à l’époque où l’Éternel parlait à Moïse sur le mont Sinaï.
2 အာ​ရုန်​တွင်​သား​ဦး​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ ဇာ​နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက် ရှိ​၏။-
Voici les noms des fils d’Aaron: l’aîné, Nadab; puis Abihou, Eléazar et Ithamar.
3 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဘိ​သိက် ခံ​ခဲ့​၍​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​၏။-
Ce sont là les noms des fils d’Aaron, oints en qualité de pontifes, auxquels on conféra le sacerdoce.
4 သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။
Or, Nadab et Abihou moururent devant le Seigneur, pour avoir apporté devant lui un feu profane, dans le désert de Sinaï; ils n’avaient point eu d’enfants. Mais Eléazar et Ithamar fonctionnèrent sous les yeux d’Aaron, leur père.
5 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
L’Éternel parla à Moïse en ces termes:
6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ်​၍​ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​လက်​အောက်​တွင်​အ​မှု​တော်​ဆောင် ရွက်​စေ​လော့။-
"Fais approcher la tribu de Lévi et mets-la en présence d’Aaron le pontife, pour qu’ils l’assistent.
7 သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။-
Ils rempliront sa tâche et celle de toute la communauté, devant la tente d’assignation, en faisant le service du tabernacle.
8 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။-
Ils auront la garde de tous les ustensiles de la tente d’assignation, et feront l’office des enfants d’Israël, en s’occupant du service du tabernacle.
9 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။-
Tu adjoindras donc les Lévites à Aaron et à ses fils: ils lui seront donnés comme adjoints, entre les enfants d’Israël.
10 ၁၀ သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။
Pour Aaron et ses fils, recommande-leur de veiller sur leur ministère; le profane qui y prendrait part serait frappé de mort."
11 ၁၁ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​၏​သား​ဦး​အား​လုံး​ကို​သေ ဒဏ်​ခတ်​စဉ်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​တိုင်း​မှ​သား​ဦး​နှင့်​တိ​ရစ္ဆာန်​သား ဦး​ပေါက်​တို့​ကို​ငါ့​အ​တွက်​ရွေး​ချယ်​ခဲ့​သည်။ ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အ​တွက် ရွေး​ယူ​ပြီ။ သူ​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။
L’Éternel parla à Moïse en ces termes:
12 ၁၂
"Moi-même, en effet, j’ai pris les Lévites entre les enfants d’Israël, en échange de tous les premiers-nés, prémices de la maternité, des enfants d’Israël; les Lévites sont donc à moi.
13 ၁၃
Car tout premier-né m’appartient: le jour où j’ai frappé tous les premiers-nés du pays d’Egypte, j’ai consacré à moi tout premier-né en Israël, depuis l’homme jusqu’au bétail, ils m’appartiennent, à moi l’Éternel."
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​တွင်၊-
L’Éternel parla à Moïse, dans le désert de Sinaï, en ces termes:
15 ၁၅ လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​သူ​တိုင်း​ကို သား​ချင်း​စု​နှင့် မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ရန်​အ​မိန့် ရှိ​တော်​မူ​သည့်​အ​တိုင်း၊-
"Fais le dénombrement des enfants de Lévi, selon leur descendance paternelle, par familles; tous les mâles, depuis l’âge d’un mois et au-delà, tu les dénombreras."
16 ၁၆ မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။-
Moïse les dénombra sur l’ordre de l’Éternel, de la manière qui lui avait été prescrite.
17 ၁၇ လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
Or, les fils de Lévi étaient les suivants, ainsi nommés: Gerson, Kehath et Merari.
18 ၁၈
Voici les noms des fils de Gerson avec leurs familles: Libni et Chimi;
19 ၁၉
les fils de Kehath avec leurs familles: Amram et Yiçhar, Hébrôn et Ouzziêl;
20 ၂၀
et les fils de Merari avec leurs familles: Mahli et Mouchi. Telles sont les familles des Lévites, selon leur descendance paternelle.
21 ၂၁ ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊-
Pour Gerson: la famille des Libnites et la famille des Chimites. Telles sont les familles issues de Gerson.
22 ၂၂ အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။-
Dénombrées par le chiffre total des mâles, de l’âge d’un mois et au-delà, elles se composaient de sept mille cinq cents hommes.
23 ၂၃ ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
Les familles issues de Gerson devaient camper derrière le tabernacle, à l’occident.
24 ၂၄ သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။-
Le chef de famille, pour les Gersonites, était Elyaçaf, fils de Laël.
25 ၂၅ သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-
Et ce qu’avaient à garder les enfants de Gerson dans la tente d’assignation, c’était: le tabernacle et le pavillon, ses couvertures, et le rideau d’entrée de la tente d’assignation;
26 ၂၆ တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။
les toiles du parvis, le rideau d’entrée du parvis, qui s’étend autour du tabernacle et de l’autel, ainsi que les cordages nécessaires à son service.
27 ၂၇ ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-
Pour Kehath: la famille des Amramites, la famille des Yiçharites, celle des Hébronites et celle des Ouzziêlites. Telles sont les familles issues de Kehath.
28 ၂၈ အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။-
Le chiffre total des mâles, depuis l’âge d’un mois et au-delà, fut de huit mille six cents, commis à la garde du sanctuaire.
29 ၂၉ ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
Les familles des enfants de Kehath devaient occuper le flanc méridional du tabernacle.
30 ၃၀ သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။-
Le chef de famille, pour la descendance de Kehath, était Eliçafân, fils d’Ouzziêl.
31 ၃၁ သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။
Et les objets confiés à leur garde: l’arche, la table, le candélabre, les autels, les ustensiles sacrés servant au ministère, et le voile avec tout son appareil.
32 ၃၂ လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။
Le chef général des Lévites était Eléazar, fils d’Aaron le pontife, ayant l’inspection de ceux qui étaient chargés de la garde du sanctuaire.
33 ၃၃ မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်​မ​ဟာ​လိ မိ​သား​စု​နှင့်​မု​ရှိ​မိ​သား​စု​ပါ​ဝင်​၍၊-
Pour Merari: la famille des Mahlites et la famille des Mouchites. Telles sont les familles de Merari.
34 ၃၄ အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။-
Leur contingent, d’après le relevé de tous les mâles âgés d’un mois et au-delà, fut de six mille deux cents hommes.
35 ၃၅ ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-
Le chef de famille, pour la descendance de Merari, était Courïel, fils d’Abihayil. C’Est au flanc nord du tabernacle qu’ils devaient camper.
36 ၃၆ သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-
Dépôt confié à la garde des Merarites: les solives du tabernacle, ses traverses, ses piliers et ses socles, toutes ses pièces et toute sa dépendance;
37 ၃၇ သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။
les piliers formant le pourtour du parvis, ainsi que leurs socles, leurs chevilles et leurs cordages.
38 ၃၈ မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။-
Pour ceux qui stationnaient à la face orientale du tabernacle, devant la tente d’assignation, au levant, c’étaient Moïse, Aaron et ses fils, chargés de la garde du sanctuaire, pour le salut des enfants d’Israël: le profane qui en approchait encourait la mort.
39 ၃၉ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။
Le nombre total des Lévites, recensés par Moïse et Aaron, sur l’ordre de l’Éternel, selon leurs familles, le total des mâles de l’âge d’un mois et au-delà, fut de vingt-deux mille.
40 ၄၀ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​သည် ငါ​နှင့်​ဆိုင်​၏။ သို့​ဖြစ်​၍​အ​သက်​တစ်​လ​သား အ​ရွယ်​နှင့်​အ​ထက်​ရှိ​သား​ဦး​အား​လုံး​တို့ ၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။ သို့​ရာ တွင်​ထို​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ်​ရွေး ချယ်​မည့်​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရွေး​ချယ်​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ထို့​အ​ပြင်​သိုး​နွား​တိ​ရစ္ဆာန် သား​ဦး​ပေါက်​အား​လုံး​ကို​ငါ​ပိုင်​ဆိုင်​ရာ အ​ဖြစ်​ရွေး​ချယ်​မည့်​အ​စား​ငါ​သည်​လေ​ဝိ အ​နွယ်​ဝင်​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​ကို ငါ​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။-
L’Éternel dit à Moïse: "Dénombre tous les premiers-nés mâles des enfants d’Israël, depuis l’âge d’un mois et au-dessus, et fais-en le relevé nominal.
41 ၄၁
Tu m’attribueras les Lévites, à moi l’Éternel, à la place de tous les premiers-nés des enfants d’Israël, et le bétail des Lévites à la place des premiers-nés du bétail des enfants d’Israël."
42 ၄၂ မော​ရှေ​သည်​ထာ​ဝ​ရ​ဘုရား​၏​အ​မိန့်​တော် အ​တိုင်း၊-
Moïse dénombra, comme l’Éternel le lui avait ordonné, tous les premiers-nés parmi les enfants d’Israël.
43 ၄၃ အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ ကို​စာ​ရင်း​ကောက်​ယူ​ရာ​စု​စု​ပေါင်း​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ရှိ​၏။
Or, la somme des premiers-nés mâles, comptés par noms depuis l’âge d’un mois et au-delà, dans ce recensement, fut de vingt-deux mille deux cent soixante-treize.
44 ၄၄ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
Et l’Éternel parla ainsi à Moïse:
45 ၄၅ ``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။-
"Prends les Lévites à la place de tous les premiers-nés des enfants d’Israël, et le bétail des Lévites à la place de leur bétail, les Lévites devant m’appartenir, à moi l’Éternel.
46 ၄၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။-
Pour la rançon des deux cent soixante-treize, excédent des premiers-nés israélites sur le nombre des Lévites,
47 ၄၇ တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-
tu prendras cinq sicles par chaque tête; tu les prendras selon le poids du sanctuaire, à vingt ghéra le sicle,
48 ၄၈ ထို​ငွေ​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့​လက်​သို့ ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
et tu donneras cet argent à Aaron et à ses fils, comme rachat de la portion excédante."
49 ၄၉ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း​ရ​ရှိ​သော၊-
Moïse recueillit le montant de la rançon, donnée par ceux qui étaient en plus du nombre racheté par les Lévites.
50 ၅၀ ငွေ​သား​တစ်​ထောင့်​သုံး​ရာ​ခြောက်​ဆယ့်​ငါး ကျပ်​ကို၊-
C’Est des premiers-nés des enfants d’Israël qu’il reçut cette somme, mille trois cent soixante-cinq sicles, au poids du sanctuaire.
51 ၅၁ အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ပေး​အပ်​လေ သည်။
Et Moïse remit le montant du rachat à Aaron et à ses fils, sur l’ordre de l’Éternel, ainsi que l’Éternel l’avait prescrit à Moïse.

< တောလည်ရာ 3 >