< တောလည်ရာ 3 >
1 ၁ ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
These are the generations of Aaron and Moses, in the day when the Lord spoke to Moses on mount Sinai.
2 ၂ အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။-
And these are the names of the sons of Aaron: his firstborn Nadab, then Abihu, and Eleazar, and Ithamar.
3 ၃ သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဘိသိက် ခံခဲ့၍ဆက်ကပ်ထားသူများဖြစ်ကြ၏။-
These are the names of the sons of Aaron, the priests who were anointed and whose hands were filled and consecrated in order to exercise the priesthood.
4 ၄ သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။
For Nadab and Abihu died without children, when they offered, in the sight of the Lord, a strange fire, in the desert of Sinai. And so, Eleazar and Ithamar exercised the priesthood in the sight of Aaron, their father.
5 ၅ ထာဝရဘုရားကမောရှေအား၊-
And the Lord spoke to Moses, saying:
6 ၆ ``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။-
“Bring forward the tribe of Levi, and cause them to stand in the sight of Aaron the priest, in order to minister to him. And let them keep watch outside,
7 ၇ သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
and let them observe whatever pertains to the ritual for the multitude, in front of the tabernacle of the testimony,
8 ၈ သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
and let them take care of the vessels of the tabernacle, serving in its ministry.
9 ၉ လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
And you shall give the Levites as a gift to Aaron and his sons; for they have been delivered to them by the sons of Israel.
10 ၁၀ သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။
But you shall appoint Aaron and his sons over the service of the priesthood. The outsider who approaches to minister shall be put to death.”
11 ၁၁ တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။
And the Lord spoke to Moses, saying:
“I have taken the Levites from the sons of Israel. For the Levites, and all the firstborn who open the womb among the sons of Israel, shall be mine.
For every firstborn is mine. From the time that I struck the firstborn in the land of Egypt, I have sanctified for myself whatever is born first in Israel. From man, even to beast, they are mine. I am the Lord.”
14 ၁၄ ထာဝရဘုရားသည်သိနာတောကန္တာရတွင်၊-
And the Lord spoke to Moses in the desert of Sinai, saying:
15 ၁၅ လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊-
“Number the sons of Levi by the houses of their fathers and their families, every male from one month and above.”
16 ၁၆ မောရှေလိုက်နာဆောင်ရွက်လေ၏။-
Moses numbered them, just as the Lord had instructed,
17 ၁၇ လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။
and there were found the sons of Levi by their names: Gershon and Kohath and Merari.
The sons of Gershon: Libni and Shimei.
The sons of Kohath: Amram, and Izhar, Hebron and Uzziel.
The sons of Merari: Mahli and Mushi.
21 ၂၁ ဂေရရှုန်၏သားချင်းစုတွင်လိဗနိ၏ မိသားစုနှင့်ရှိမိ၏မိသားစုတို့ပါဝင်၍၊-
From Gershon were two families: the Libnites, and the Shimeites.
22 ၂၂ အသက်တစ်လသားအရွယ်နှင့်အထက်ရှိသူ ယောကျာ်းဦးရေစုစုပေါင်းမှာခုနစ်ထောင့်ငါး ရာဖြစ်သည်။-
The people of these were numbered, of the male sex, from one month and above: seven thousand five hundred.
23 ၂၃ ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။-
These shall encamp behind the tabernacle, toward the west,
24 ၂၄ သူတို့၏ခေါင်းဆောင်မှာလေလ၏သားဧလျာ သပ်ဖြစ်သည်။-
under the leader Eliasaph the son of Lael.
25 ၂၅ သူတို့သည်တဲတော်နှင့်ဆိုင်သောအတွင်းအမိုး၊ အပြင်အမိုး၊ တံခါးဝရှိကန့်လန့်ကာ၊-
And they shall keep watch over the tabernacle of the covenant:
26 ၂၆ တဲတော်ဝင်းကိုကာရံထားသောကန့်လန့်ကာ များနှင့်တဲတော်ဝင်းတံခါးရှိကန့်လန့်ကာ ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကိုထိန်း သိမ်းစောင့်ရှောက်ရကြသည်။
the tabernacle itself, and its covering; the tent that is drawn before the doors of the covering of the covenant; and the curtains of the atrium; likewise, the tent that is suspended at the entrance of the atrium of the tabernacle; and whatever pertains to the ritual of the altar; the cords of the tabernacle and all its implements.
27 ၂၇ ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊-
The kinship of Kohath includes the peoples of the Amramites and Izharites and Hebronites and Uzzielites. These are the families of the Kohathites, having been counted by their names,
28 ၂၈ အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။-
all those of the male gender, from one month and above: eight thousand six hundred. They shall keep watch over the Sanctuary,
29 ၂၉ ယင်းသားချင်းစုသည်တဲတော်၏တောင်ဘက် မျက်နှာတွင်စခန်းချရမည်။-
and they shall encamp toward the south side.
30 ၃၀ သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။-
And their leader shall be Elisaphan the son of Uzziel.
31 ၃၁ သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
And they shall take care of the ark, and the table and the lampstand, the altars and the vessels of the Sanctuary, by which they minister, and the veil, and all the articles of this kind.
32 ၃၂ လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
But the leader of the leaders of the Levites, Eleazar the son of Aaron the priest, shall be over those who watch over the care of the Sanctuary.
33 ၃၃ မေရာရိ၏သားချင်းစုတွင်မဟာလိ မိသားစုနှင့်မုရှိမိသားစုပါဝင်၍၊-
And truly, from Merari are the peoples of the Mahlites and Mushites, having been counted by their names,
34 ၃၄ အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။-
all those of the male gender, from one month and above: six thousand two hundred.
35 ၃၅ ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-
Their leader is Suriel the son of Abihaiel. They shall make camp on the north side.
36 ၃၆ သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။-
Under their care shall be the panels of the tabernacle, and the bars, and the columns with their bases, and all the things which pertain to service of this kind,
37 ၃၇ သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
and the columns of the surrounding atrium with their bases, and the tent pegs with their cords.
38 ၃၈ မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
Moses and Aaron, with their sons, shall make camp before the tabernacle of the covenant, that is, on the east side, holding the custody of the Sanctuary in the midst of the sons of Israel. Whatever foreigner approaches it shall die.
39 ၃၉ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။
All the Levites, whom Moses and Aaron numbered by their families according to the precept of the Lord, of the male gender, from one month and above, were twenty-two thousand.
40 ၄၀ ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။-
And the Lord said to Moses: “Number the firstborn of the male sex from the sons of Israel, from one month and above, and you shall take their total.
And you shall bring the Levites to me, in place of all the firstborn of the sons of Israel, and you shall bring their cattle to me, in place of all the firstborn of the cattle of the sons of Israel. I am the Lord.”
42 ၄၂ မောရှေသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း၊-
Moses took a census, just as the Lord had instructed, of the firstborn of the sons of Israel.
43 ၄၃ အသက်တစ်လသားအရွယ်နှင့်အထက်ရှိ ဣသရေလအမျိုးသားတို့၏သားဦးများ ကိုစာရင်းကောက်ယူရာစုစုပေါင်းနှစ်သောင်း နှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက်ရှိ၏။
And the males by their names, from one month and above, were twenty-two thousand two hundred seventy-three.
44 ၄၄ တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
And the Lord spoke to Moses, saying:
45 ၄၅ ``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။-
“Take the Levites, in place of the firstborn of the sons of Israel, and the cattle of the Levites, in place of their cattle, and so the Levites shall be mine. I am the Lord.
46 ၄၆ ဣသရေလအမျိုးသားတို့၏သားဦး အရေအတွက်သည်လေဝိအမျိုးသားဦး ရေထက်နှစ်ရာခုနစ်ဆယ့်သုံးယောက်ပိုသော ကြောင့်ပိုများသောဦးရေကိုရွေးယူရမည်။-
But for the price of the two hundred and seventy-three, which exceed the number of the Levites compared to the number of firstborn of the sons of Israel,
47 ၄၇ တစ်ဦးလျှင်တရားဝင်ချင်တွယ်နည်းအရ ငွေသားငါးကျပ်ဖြင့်ရွေးယူရမည်။-
you shall take five shekels for each head, by the measure of the Sanctuary. A shekel has twenty obols.
48 ၄၈ ထိုငွေကိုအာရုန်နှင့်သူ၏သားတို့လက်သို့ ပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
And you shall give the money to Aaron and his sons as the price of those that are in excess.”
49 ၄၉ မောရှေသည်ထာဝရဘုရားမိန့်တော်မူသည် အတိုင်းရရှိသော၊-
Therefore, Moses took the money for those that were in excess, and whom they had redeemed from the Levites
50 ၅၀ ငွေသားတစ်ထောင့်သုံးရာခြောက်ဆယ့်ငါး ကျပ်ကို၊-
in place of the firstborn of the sons of Israel: one thousand three hundred sixty-five shekels, according to the weight of the Sanctuary.
51 ၅၁ အာရုန်နှင့်သူ၏သားတို့အားပေးအပ်လေ သည်။
And he gave it to Aaron and his sons, according to the word by which the Lord had instructed him.