< တောလည်ရာ 28 >
1 ၁ ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
And the LORD spoke unto Moses, saying:
Command the children of Israel, and say unto them: My food which is presented unto Me for offerings made by fire, of a sweet savour unto Me, shall ye observe to offer unto Me in its due season.
3 ၃ ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
And thou shalt say unto them: This is the offering made by fire which ye shall bring unto the LORD: he-lambs of the first year without blemish, two day by day, for a continual burnt-offering.
4 ၄ သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
The one lamb shalt thou offer in the morning, and the other lamb shalt thou offer at dusk;
5 ၅ သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။-
and the tenth part of an ephah of fine flour for a meal-offering, mingled with the fourth part of a hin of beaten oil.
6 ၆ ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-
It is a continual burnt-offering, which was offered in mount Sinai, for a sweet savour, an offering made by fire unto the LORD.
7 ၇ ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-
And the drink-offering thereof shall be the fourth part of a hin for the one lamb; in the holy place shalt thou pour out a drink-offering of strong drink unto the LORD.
8 ၈ ညနေတွင်ဒုတိယသိုးကလေးကိုပူဇော် သောအခါ၌လည်း နံနက်တွင်ပူဇော်ဆက်သ သည့်နည်းတူစပျစ်ရည်သကာပါလျက်ပူဇော် ရမည်။ ဤသကာသည်လည်းပူဇော်သကာဖြစ် ၍ ယင်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
And the other lamb shalt thou present at dusk; as the meal-offering of the morning, and as the drink-offering thereof, thou shalt present it, an offering made by fire, of a sweet savour unto the LORD.
9 ၉ ဥပုသ်နေ့တွင်အပြစ်အနာကင်းသောတစ် နှစ်သားအရွယ်သိုးထီးနှစ်ကောင်၊ သံလွင်ဆီ နှင့်ဂျုံမုန့်ညက်လေးပေါင်ကိုရောနယ်ထား သောဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ကို ပူဇော်ရမည်။-
And on the sabbath day two he-lambs of the first year without blemish, and two tenth parts of an ephah of fine flour for a meal-offering, mingled with oil, and the drink-offering thereof.
10 ၁၀ နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
This is the burnt-offering of every sabbath, beside the continual burnt-offering, and the drink-offering thereof.
11 ၁၁ လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
And in your new moons ye shall present a burnt-offering unto the LORD: two young bullocks, and one ram, seven he-lambs of the first year without blemish;
12 ၁၂ ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
and three tenth parts of an ephah of fine flour for a meal-offering, mingled with oil, for each bullock; and two tenth parts of fine flour for a meal-offering, mingled with oil, for the one ram;
13 ၁၃ သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
and a several tenth part of fine flour mingled with oil for a meal-offering unto every lamb; for a burnt-offering of a sweet savour, an offering made by fire unto the LORD.
14 ၁၄ ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
And their drink-offerings shall be half a hin of wine for a bullock, and the third part of a hin for the ram, and the fourth part of a hin for a lamb. This is the burnt-offering of every new moon throughout the months of the year.
15 ၁၅ နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
And one he-goat for a sin-offering unto the LORD; it shall be offered beside the continual burnt-offering, and the drink-offering thereof.
16 ၁၆ နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
And in the first month, on the fourteenth day of the month, is the LORD'S passover.
17 ၁၇ တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
And on the fifteenth day of this month shall be a feast; seven days shall unleavened bread be eaten.
18 ၁၈ ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
In the first day shall be a holy convocation; ye shall do no manner of servile work;
19 ၁၉ ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
but ye shall present an offering made by fire, a burnt-offering unto the LORD: two young bullocks, and one ram, and seven he-lambs of the first year; they shall be unto you without blemish;
20 ၂၀ မီးရှို့ရာယဇ်နှင့်တွဲဖက်၍ဘောဇဉ်သကာ အဖြစ် သံလွင်ဆီရောထားသောမုန့်ညက်ကို ဆက်သရမည်။ နွားထီးတစ်ကောင်စီနှင့်အတူ မုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုးထီး နှင့်အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
and their meal-offering, fine flour mingled with oil; three tenth parts shall ye offer for a bullock, and two tenth parts for the ram;
21 ၂၁ သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
a several tenth part shalt thou offer for every lamb of the seven lambs;
22 ၂၂ အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
and one he-goat for a sin-offering, to make atonement for you.
23 ၂၃ နံနက်တိုင်းမီးရှို့ရာယဇ်အပြင်ဤပူဇော် သကာများကိုဆက်သရမည်။-
Ye shall offer these beside the burnt-offering of the morning, which is for a continual burnt-offering.
24 ၂၄ ဤနည်းအတိုင်းခုနစ်ရက်တိုင်အောင်ထာဝရ ဘုရားအား ပူဇော်သကာကိုဆက်သရမည်။ ယင်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤသကာကိုဆက်သရမည်။-
After this manner ye shall offer daily, for seven days, the food of the offering made by fire, of a sweet savour unto the LORD; it shall be offered beside the continual burnt-offering, and the drink-offering thereof.
25 ၂၅ သတ္တမနေ့တွင်စုဝေးဝတ်ပြုရမည်။ ထိုနေ့ တွင်အလုပ်မလုပ်ရ။
And on the seventh day ye shall have a holy convocation; ye shall do no manner of servile work.
26 ၂၆ သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။-
Also in the day of the first-fruits, when ye bring a new meal-offering unto the LORD in your feast of weeks, ye shall have a holy convocation: ye shall do no manner of servile work;
27 ၂၇ သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
but ye shall present a burnt-offering for a sweet savour unto the LORD: two young bullocks, one ram, seven he-lambs of the first year;
28 ၂၈ ထိုမီးရှို့ရာနှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကိုဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့် ညက်လေးပေါင်ကိုလည်းကောင်း၊ သိုးကလေး တစ်ကောင်စီနှင့်အတူမုန့်ညက်နှစ်ပေါင်ကို လည်းကောင်းပူဇော်ရမည်။-
and their meal-offering, fine flour mingled with oil, three tenth parts for each bullock, two tenth parts for the one ram,
a several tenth part for every lamb of the seven lambs;
30 ၃၀ ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။-
one he-goat, to make atonement for you.
31 ၃၁ နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။
Beside the continual burnt-offering, and the meal-offering thereof, ye shall offer them — they shall be unto you without blemish—and their drink-offerings.