< တောလည်ရာ 26 >
1 ၁ ရောဂါကပ်လွန်ပြီးနောက်ထာဝရဘုရား သည် မောရှေနှင့်အာရုန်၏သားဧလာဇာ တို့အား၊-
postquam noxiorum sanguis effusus est dixit Dominus ad Mosen et Eleazarum filium Aaron sacerdotem
2 ၂ ``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
numerate omnem summam filiorum Israhel a viginti annis et supra per domos et cognationes suas cunctos qui possunt ad bella procedere
3 ၃ မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။ အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
locuti sunt itaque Moses et Eleazar sacerdos in campestribus Moab super Iordanem contra Hierichum ad eos qui erant
a viginti annis et supra sicut Dominus imperarat quorum iste est numerus
5 ၅ ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊-
Ruben primogenitus Israhel huius filius Enoch a quo familia Enochitarum et Phallu a quo familia Phalluitarum
6 ၆ ဟေဇရုံ၏သားချင်းစုနှင့်ကာမိ၏သားချင်း စုတို့ဖြစ်သည်။
et Esrom a quo familia Esromitarum et Charmi a quo familia Charmitarum
7 ၇ ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်း သုံးထောင့်ခုနစ်ရာ့သုံးဆယ်ယောက်ဖြစ်သည်။-
hae sunt familiae de stirpe Ruben quarum numerus inventus est quadraginta tria milia et septingenti triginta
8 ၈ ဖာလု၏အဆက်အနွယ်များမှာဧလျာဘနှင့်၊-
filius Phallu Heliab
9 ၉ သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။-
huius filii Namuhel et Dathan et Abiram isti sunt Dathan et Abiram principes populi qui surrexerunt contra Mosen et Aaron in seditione Core quando adversum Dominum rebellaverunt
10 ၁၀ ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
et aperiens terra os suum devoravit Core morientibus plurimis quando conbusit ignis ducentos quinquaginta viros et factum est grande miraculum
11 ၁၁ သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။)
ut Core pereunte filii illius non perirent
12 ၁၂ ရှိမောင်အနွယ်မှသားချင်းစုများမှာ ယေ မွေလ၏သားချင်းစု၊ ယာမိန်၏သားချင်းစု၊ ယာခိန်၏သားချင်းစု၊-
filii Symeon per cognationes suas Namuhel ab hoc familia Namuhelitarum Iamin ab hoc familia Iaminitarum Iachin ab hoc familia Iachinitarum
13 ၁၃ ဇေရ၏သားချင်းစုနှင့်ရှောလ၏ သားချင်း စုတို့ဖြစ်သည်။-
Zare ab hoc familia Zareitarum Saul ab hoc familia Saulitarum
14 ၁၄ ဤသားချင်းစုတို့၏ဦးရေမှာနှစ်သောင်း နှစ်ထောင့်နှစ်ရာယောက်ဖြစ်သည်။
hae sunt familiae de stirpe Symeon quarum omnis numerus fuit viginti duo milia ducentorum
15 ၁၅ ဂဒ်အနွယ်မှသားချင်းစုများမှာ ဇေဖုန်၏ သားချင်းစု၊ ဟ္ဂိ၏သားချင်းစု၊ ရှုနိ၏သား ချင်းစု၊-
filii Gad per cognationes suas Sephon ab hoc familia Sephonitarum Aggi ab hoc familia Aggitarum Suni ab hoc familia Sunitarum
16 ၁၆ သြဇနိ၏သားချင်းစု၊ ဧရိ၏သားချင်းစု၊-
Ozni ab hoc familia Oznitarum Heri ab hoc familia Heritarum
17 ၁၇ အာရုဒ်၏သားချင်းစုနှင့်အရေလိတို့၏ သားချင်းစုတို့ဖြစ်သည်။-
Arod ab hoc familia Aroditarum Arihel ab hoc familia Arihelitarum
18 ၁၈ ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်း ငါးရာယောက်ဖြစ်သည်။
istae sunt familiae Gad quarum omnis numerus fuit quadraginta milia quingentorum
19 ၁၉ ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)
filii Iuda Her et Onan qui ambo mortui sunt in terra Chanaan
20 ၂၀ ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊-
fueruntque filii Iuda per cognationes suas Sela a quo familia Selanitarum Phares a quo familia Pharesitarum Zare a quo familia Zareitarum
21 ၂၁ ဟေဇရုံ၏သားချင်းစုနှင့်ဟာမုလ၏သား ချင်းစုတို့ဖြစ်သည်။-
porro filii Phares Esrom a quo familia Esromitarum et Amul a quo familia Amulitarum
22 ၂၂ ဤသားချင်းစုတို့၏ဦးရေမှာ ခုနစ်သောင်း ခြောက်ထောင့်ငါးရာယောက်ဖြစ်သည်။
istae sunt familiae Iuda quarum omnis numerus fuit septuaginta milia quingentorum
23 ၂၃ ဣသခါအနွယ်မှသားချင်းစုများမှာ တောလ ၏သားချင်းစု၊ ဖုဝါ၏သားချင်းစု၊-
filii Isachar per cognationes suas Thola a quo familia Tholaitarum Phua a quo familia Phuaitarum
24 ၂၄ ယာရှုပ်၏သားချင်းစုနှင့်ရှိမရုန်၏သားချင်းစု တို့ဖြစ်သည်။-
Iasub a quo familia Iasubitarum Semran a quo familia Semranitarum
25 ၂၅ ဤသားချင်းစုတို့၏ဦးရေမှာ ခြောက်သောင်း လေးထောင့်သုံးရာယောက်ဖြစ်သည်။
hae sunt cognationes Isachar quarum numerus fuit sexaginta quattuor milia trecentorum
26 ၂၆ ဇာဗုလုန်အနွယ်မှသားချင်းစုများမှာသရက် ၏သားချင်းစု၊ ဧလုန်၏သားချင်းစုနှင့်ယာ လေလ၏သားချင်းစုတို့ဖြစ်သည်။-
filii Zabulon per cognationes suas Sared a quo familia Sareditarum Helon a quo familia Helonitarum Ialel a quo familia Ialelitarum
27 ၂၇ ဤသားချင်းစုတို့၏ဦးရေမှာခြောက်သောင်း ငါးရာယောက်ဖြစ်သည်။
hae sunt cognationes Zabulon quarum numerus fuit sexaginta milia quingentorum
28 ၂၈ ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။
filii Ioseph per cognationes suas Manasse et Ephraim
29 ၂၉ မနာရှေအနွယ်၊ မနာရှေ၏သားမာခိရသည် ဂိလဒ်၏ဖခင်ဖြစ်သည်။ ဂိလဒ်မှဆင်းသက် သောသားချင်းစုများမှာ၊-
de Manasse ortus est Machir a quo familia Machiritarum Machir genuit Galaad a quo familia Galaaditarum
30 ၃၀ ယေဇေရ၏သားချင်းစု၊ ဟေလက်၏သားချင်း စု၊-
Galaad habuit filios Hiezer a quo familia Hiezeritarum et Elec a quo familia Elecarum
31 ၃၁ အသရေလ၏သားချင်းစု၊ ရှေခင်၏သားချင်းစု၊-
et Asrihel a quo familia Asrihelitarum et Sechem a quo familia Sechemitarum
32 ၃၂ ရှမိဒ၏သားချင်းနှင့်ဟေဖာ၏သားချင်းစုတို့ ဖြစ်ကြသည်။-
et Semida a quo familia Semidatarum et Epher a quo familia Epheritarum
33 ၃၃ ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။-
fuit autem Epher pater Salphaad qui filios non habebat sed tantum filias quarum ista sunt nomina Maala et Noa et Egla et Melcha et Thersa
34 ၃၄ ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း နှစ်ထောင့်ခုနစ်ရာယောက်ဖြစ်သည်။
hae sunt familiae Manasse et numerus earum quinquaginta duo milia septingentorum
35 ၃၅ ဧဖရိမ်အနွယ်မှသားချင်းစုများမှာ ရှုသလ၏ သားချင်းစု၊ ဗေခါ၏သားချင်းစုနှင့်တာဟန်၏ သားချင်းစုတို့ဖြစ်သည်။-
filii autem Ephraim per cognationes suas fuerunt hii Suthala a quo familia Suthalitarum Becher a quo familia Becheritarum Tehen a quo familia Tehenitarum
36 ၃၆ ဧရန်၏သားချင်းစုသည် ရှုသလမှဆင်းသက် လာသည်။-
porro filius Suthala fuit Heran a quo familia Heranitarum
37 ၃၇ ဤသားချင်းစုတို့၏ဦးရေမှာ သုံးသောင်းနှစ် ထောင့်ငါးရာယောက်ဖြစ်သည်။ ဤသားချင်းစုတို့သည်ယောသပ်မှဆင်းသက် လာသည်။
hae sunt cognationes filiorum Ephraim quarum numerus triginta duo milia quingentorum
38 ၃၈ ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
isti sunt filii Ioseph per familias suas filii Beniamin in cognationibus suis Bale a quo familia Baleitarum Azbel a quo familia Azbelitarum Ahiram a quo familia Ahiramitarum
39 ၃၉ ရှုဖံ၏သားချင်းစုနှင့်ဟုဖံ၏သားချင်းစုတို့ ဖြစ်သည်။-
Supham a quo familia Suphamitarum Hupham a quo familia Huphamitarum
40 ၄၀ အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-
filii Bale Hered et Noeman de Hered familia Hereditarum de Noeman familia Noemitarum
41 ၄၁ ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။
hii sunt filii Beniamin per cognationes suas quorum numerus quadraginta quinque milia sescentorum
42 ၄၂ ဒန်အနွယ်မှရှုဟံသားချင်းစု၏၊-
filii Dan per cognationes suas Suham a quo familia Suhamitarum hae cognationes Dan per familias suas
43 ၄၃ ဦးရေမှာခြောက်သောင်းလေးထောင့်လေးရာယောက် ဖြစ်သည်။
omnes fuere Suhamitae quorum numerus erat sexaginta quattuor milia quadringentorum
44 ၄၄ အာရှာအနွယ်မှသားချင်းစုများမှာယိမန သားချင်းစု၊ ယေသဝိသားချင်းစုနှင့်ဗေရိ သားချင်းစုတို့ဖြစ်သည်။-
filii Aser per cognationes suas Iemna a quo familia Iemnaitarum Iessui a quo familia Iessuitarum Brie a quo familia Brieitarum
45 ၄၅ ဟေဗေရသားချင်းစုနှင့်မာလချေလ၏ သားချင်းစုတို့သည် ဗေရိမှဆင်းသက်လာသည်။-
filii Brie Haber a quo familia Haberitarum et Melchihel a quo familia Melchihelitarum
46 ၄၆ အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။-
nomen autem filiae Aser fuit Sara
47 ၄၇ ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း သုံးထောင့်လေးရာယောက်ဖြစ်သည်။
hae cognationes filiorum Aser et numerus eorum quinquaginta tria milia quadringentorum
48 ၄၈ နဿလိအနွယ်မှသားချင်းစုများမှာ ယာဇေလ ၏သားချင်းစု၊ ဂုနိ၏သားချင်းစု၊-
filii Nepthalim per cognationes suas Iessihel a quo familia Iessihelitarum Guni a quo familia Gunitarum
49 ၄၉ ယေဇရ၏သားချင်းစုနှင့်ရှိလ္လင်သားချင်းစု တို့ဖြစ်သည်။-
Iesser a quo familia Iesseritarum Sellem a quo familia Sellemitarum
50 ၅၀ ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်းငါး ထောင့်လေးရာယောက်ဖြစ်သည်။
hae sunt cognationes filiorum Nepthalim per familias suas quorum numerus quadraginta quinque milia quadringentorum
51 ၅၁ ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
ista est summa filiorum Israhel qui recensiti sunt sescenta milia et mille septingenti triginta
52 ၅၂ ထာဝရဘုရားသည်မောရှေအား``အနွယ် တို့၏ဦးရေအနည်းအများအလိုက်ခါနာန် ပြည်ကိုခွဲဝေပေးလော့။ လူဦးရေများသော အနွယ်တို့အတွက်မြေပို၍လည်းကောင်း၊ လူဦး ရေနည်းသောအနွယ်တို့အတွက်မြေလျော့နည်း ၍လည်းကောင်းစာရေးတံချ၍ဝေပေးရမည်'' ဟုမိန့်တော်မူ၏။
locutusque est Dominus ad Mosen dicens
istis dividetur terra iuxta numerum vocabulorum in possessiones suas
pluribus maiorem partem dabis et paucioribus minorem singulis sicut nunc recensiti sunt tradetur possessio
ita dumtaxat ut sors terram tribubus dividat et familiis
quicquid sorte contigerit hoc vel plures accipient vel pauciores
57 ၅၇ လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။-
hic quoque est numerus filiorum Levi per familias suas Gerson a quo familia Gersonitarum Caath a quo familia Caathitarum Merari a quo familia Meraritarum
58 ၅၈ ထိုသူတို့မှတစ်ဆင့်လိဗနိသားချင်းစု၊ ဟေ ဗြောနိသားချင်းစု၊ မာလိသားချင်းစု၊ မုရှိ သားချင်းစုနှင့်ကောရသိသားချင်းစုတို့ ဆင်းသက်လာကြသည်။ ကောဟတ်၏သား အာမရံသည်၊-
hae sunt familiae Levi familia Lobni familia Hebroni familia Mooli familia Musi familia Cori at vero Caath genuit Amram
59 ၅၉ လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
qui habuit uxorem Iochabed filiam Levi quae nata est ei in Aegypto haec genuit viro suo Amram filios Aaron et Mosen et Mariam sororem eorum
60 ၆၀ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ သည်။-
de Aaron orti sunt Nadab et Abiu et Eleazar et Ithamar
61 ၆၁ နာဒပ်နှင့်အဘိဟုတို့သည်ထာဝရဘုရား အား မပူဇော်ထိုက်သောမီးဖြင့်ပူဇော်သော ကြောင့်သေဆုံးခဲ့ကြ၏။-
quorum Nadab et Abiu mortui sunt cum obtulissent ignem alienum coram Domino
62 ၆၂ လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
fueruntque omnes qui numerati sunt viginti tria milia generis masculini ab uno mense et supra quia non sunt recensiti inter filios Israhel nec eis cum ceteris data possessio
63 ၆၃ ဤလူဦးရေစာရင်းသည်မောရှေနှင့်ဧလာဇာ တို့က ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နား ရှိမောဘလွင်ပြင်တွင် ဣသရေလအမျိုး သားတို့ကိုသားချင်းစုအလိုက်ကောက်ယူ သည့်စာရင်းဖြစ်သတည်း။-
hic est numerus filiorum Israhel qui descripti sunt a Mosen et Eleazaro sacerdote in campestribus Moab supra Iordanem contra Hiericho
64 ၆၄ ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
inter quos nullus fuit eorum qui ante numerati sunt a Mose et Aaron in deserto Sinai
65 ၆၅ ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
praedixerat enim Dominus quod omnes morerentur in solitudine nullusque remansit ex eis nisi Chaleb filius Iepphonne et Iosue filius Nun