< တောလည်ရာ 25 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ကား​ရှား ချိုင့်​ဝှမ်း​တွင်​စ​ခန်း​ချ​လျက်​ရှိ​နေ​ကြ​စဉ် အ​မျိုး သား​အ​ချို့​တို့​သည်​ထို​အ​ရပ်​သူ​မော​ဘ အ​မျိုး​သ​မီး​တို့​နှင့်​မှား​ယွင်း​ကြ​၏။-
ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ် အရပ်၌ နေ သောအခါ ၊ အချို့တို့သည် မောဘ မိန်းမ တို့နှင့် မတရား သောမေထုန် ကိုပြုကြ၏။
2 ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-
ထိုမိန်းမတို့သည် မိမိ တို့ ဘုရား ရှေ့မှာ ယဇ်ပူဇော် ရာပွဲသို့ ဣသရေလလူ တို့ကို ခေါ် သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချ ကြ၏။
3 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊-
ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောကြောင့် ၊ ထာဝရဘုရား သည် အမျက် ထွက် တော်မူ၏။
4 မော​ရှေ​အား``ငါ​၏​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း တို့​ကို​ထုတ်​ဆောင်​၍ လူ​ပ​ရိ​သတ်​ရှေ့​တွင်​ကွပ် မျက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။
5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။
မောရှေ သည် ဣသရလ မင်း တို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောသူတို့ ကို သင်တို့အသီးသီး ဆိုင်သည်အတိုင်း ကွပ်မျက် ကြလော့ဟု မှာထား လေ၏။
6 မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-
ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေ ရှေ့၌ ၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ငိုကြွေး သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့၌ ၎င်း၊ မိဒျန် မိန်းမကိုလည်း၊ မိမိ ညီအစ်ကို တို့ ထံသို့ ဆောင် ခဲ့လေ၏။
7 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​မြေး၊ ဧ​လာ​ဇာ​၏ သား​ဖိ​န​ဟတ်​သည်​ထို​အ​ခြင်း​အ​ရာ​ကို မြင်​ရ​လျှင် ပ​ရိ​သတ်​ထဲ​မှ​ထွက်​သွား​၍ လှံ​တစ်​စင်း​ကိုင်​စွဲ​လျက်၊-
ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏သား ဖိနဟတ် သည် မြင် လျှင် ၊ ပရိသတ် ထဲမှာ ထ ၍ လှံ ကိုကိုင် လျက်၊
8 ထို​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့​ရှိ​ရာ တဲ​ထဲ​သို့​လိုက်​သွား​ပြီး​လျှင် သူ​တို့​နှစ်​ယောက် စ​လုံး​အား​လှံ​ဖြင့်​ထိုး​သတ်​လေ​၏။ ဤ​နည်း အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သေ​ကြေ​ပျက်​စီး​စေ​သည့်​ကပ်​ရော​ဂါ ဖြစ်​ပွား​မှု​ကို​ရပ်​စေ​သည်။-
ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။
9 သို့​ရာ​တွင်​ထို​ကပ်​ရော​ဂါ​ကြောင့်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​သေ​ဆုံး​ပြီး​ဖြစ်​သည်။
ထိုဘေး ဖြင့် သေ သောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိ သတည်း။
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
၁၀ထာဝရဘုရား ကလည်း ၊ ငါသည် အမျက် ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မ ဖျက်ဆီး မည်အကြောင်း ၊
11 ၁၁ ``ဖိ​န​ဟတ်​ပြု​သော​အ​မှု​ကြောင့်​ငါ​၏​အ​မျက် ပြေ​ပြီ။ သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​အား ကိုး​ကွယ်​မှု​ကို​သည်း​မ​ခံ​နိုင်။ သို့ ဖြစ်​၍​ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​မ​သုတ်​သင်​မ​ဖျက် ဆီး​ခဲ့​ချေ။-
၁၁ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏ သား ၊ ဖိနဟတ် သည် သူ တို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
12 ၁၂ ထို့​ကြောင့်​ငါ​သည်​ထာ​ဝ​စဉ်​တည်​မည့်​ပ​ဋိ ညာဉ်​ကို သူ​နှင့်​ပြု​လုပ်​မည်​ဖြစ်​ကြောင်း​သူ့ အား​ပြော​လော့။-
၁၂သို့ဖြစ်၍ သင်ပြော ရသည်ကား၊ ငါ ၏ချမ်းသာ ပဋိညာဉ် ကို သူ့ အား ငါ ပေး ၏။
13 ၁၃ သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို လက်​မ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​ပြေ​ရာ​ပြေ​ကြောင်း​ကို​ဆောင်​ရွက်​ခဲ့ သော​ကြောင့် သူ​မှ​စ​၍​သူ​၏​အ​ဆက်​အ​နွယ် တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​အ​မြဲ ဆက်​ခံ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၃သူသည် မိမိဘုရားသခင် ဘက်၌ စိတ်အားကြီး ၍ ဣသရေလ အမျိုးသား တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသောကြောင့် ၊ သူ မှစ၍ သားစဉ်မြေးဆက် တို့သည် ထိုပဋိညာဉ်တည်းဟူသောထာဝရ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ် ကို ရပြီဟု မောရှေ အား မိန့် တော်မူ၏။
14 ၁၄ မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။-
၁၄မိဒျန် မိန်းမနှင့် အသေ သတ်ခြင်းကိုခံရသောဣသရေလ လူ ၏ အမည် ကား၊ ရှိမောင် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး သာလု ၏သား ဇိမရိ ဖြစ်သတည်း။
15 ၁၅ အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။
၁၅အသေ သတ်ခြင်းကိုခံရသောမိဒျန် မိန်းမ အမည် ကား၊ မိဒျန် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး ဇုရ ၏ သမီး ကောဇဘိ ဖြစ် သတည်း။
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``မိ​ဒျန် အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက် ဆီး​လော့။
၁၆ထာဝရဘုရား ကလည်း ၊ မိဒျန် အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံ ကြလော့။
17 ၁၇
၁၇အကြောင်းမူကား ၊ သူတို့သည် ပေဂုရ ဘုရား အမှု ၌ ၎င်း၊ ပေဂုရ ဘုရားကြောင့် ဘေး ရောက်သောနေ့ ၌ အသေ သတ်ခြင်းကို ခံရသောသူ တို့ နှမ မိဒျန် မင်း သမီး ကောဇဘိ အမှု ၌ ၎င်း၊
18 ၁၈ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။
၁၈သင် တို့ကို ပရိယာယ် များ အားဖြင့် လှည့်စား နှောင့်ရှက် ကြပြီဟု မောရှေ အား မိန့် တော်မူ၏။

< တောလည်ရာ 25 >