< တောလည်ရာ 24 >
1 ၁ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-
Et Balaam voyant qu'il plaisait à l'Éternel de bénir Israël, n'alla point cette fois, comme la première, à la recherche des enchantements, mais il tourna sa face du côté du désert.
2 ၂ ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
Et Balaam levant les yeux vit Israël campé par tribus; alors vint sur lui l'esprit de Dieu.
3 ၃ ထို့နောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်သည်။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
Et il prononça son oracle et dit: Ainsi parle Balaam, fils de Behor, ainsi parle l'homme dont l'œil est ouvert,
4 ၄ သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
ainsi parle l'auditeur des paroles de Dieu, qui voit les visions du Tout-Puissant, qui se prosterne et a les yeux dessillés:
5 ၅ ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။
Que tes tentes sont belles, ô Jacob! tes demeures, ô Israël! Elles s'étendent comme des vallées,
6 ၆ ရှည်လျားစွာပေါက်ရောက်နေသော ထန်းပင်တန်းများနှင့်တူပေသည်။ မြစ်ကမ်းနားမှာစိုက်သောဥယျာဉ်နှင့်လည်းကောင်း၊ ထာဝရဘုရားစိုက်တော်မူသော အကျော်ပင်များနှင့်လည်းကောင်း၊ ရေနီးရာ၌ပေါက်သောအာရဇ်ပင်များနှင့် လည်းကောင်း တူပေသည်။
comme des jardins le long d'un fleuve, comme des aloès que planta l'Éternel, comme des cèdres le long des eaux.
7 ၇ ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
Des ondes s'épanchent de son seau, et sa race, en flots abondants. Au-dessus d'Agag s'élève son Roi, et son royaume a la prééminence.
8 ၈ ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
Dieu le retira de l'Egypte, et il a la vélocité du buffle. Il dévore les peuples, ses adversaires, ronge leurs os, et fracasse leurs flèches.
9 ၉ ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
Il se couche, il repose, pareil au lion ou à la lionne: Qui le fera lever? Qui te bénira, sera béni, et qui te maudira, sera maudit.
10 ၁၀ ထိုအခါဗာလက်ဘုရင်သည်အမျက်ထွက်သဖြင့် လက်သီးများကိုဆုပ်လျက်ဗာလမ်အား``အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့သည်။ သို့ရာတွင်ကိုယ်တော်သည်သူတို့ ကိုသုံးကြိမ်တိုင်အောင်ကောင်းချီးပေးလေပြီ။-
Alors la colère de Balak s'enflamma contre Balaam, et frappant ses mains l'une contre l'autre Balak dit à Balaam: Je t'ai mandé pour maudire mes ennemis, et voilà que tu as béni, béni déjà par trois fois.
11 ၁၁ ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
Fuis donc maintenant et va-t'en chez toi! Je disais: Je t'accorderai des honneurs, mais voilà que l'Éternel t'empêche de les recevoir.
12 ၁၂ ဗာလမ်က``သင်၏နန်းတော်တွင် ရှိသမျှသောရွှေ၊ ငွေကိုပေးသော်လည်းထာဝရဘုရား၏အမိန့် တော်ကိုဆန့်ကျင်၍ ငါ့အလိုအလျောက်မည်သို့ မျှမပြုနိုင်ဟုသင်စေလွှတ်သောသံတမန်တို့ အား ငါပြောခဲ့ပြီမဟုတ်လော။ ငါသည်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကိုသာပြောရမည်'' ဟုဖြေကြားလေ၏။
Et Balaam dit à Balak: Même aux messagers que tu m'as envoyés, n'ai-je pas dit en propres termes:
Quand Balak me donnerait sa maison pleine d'argent et d'or, je ne pourrais transgresser l'ordre de l'Éternel en faisant de par moi du bien ou du mal! ce que l'Éternel dira, c'est ce que je répéterai.
14 ၁၄ ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
Et maintenant, voici, je reprends le chemin de mon peuple. Mais viens! je veux t'avertir de ce que ce peuple fera à ton peuple dans la suite des temps.
15 ၁၅ ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
Puis Balaam prononça son oracle et dit: Ainsi parle Balaam, fils de Behor, ainsi parle l'homme dont l'œil est ouvert,
16 ၁၆ သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ အမြင့်ဆုံးသောဘုရားထံတော်မှ အသိပညာကိုရရှိ၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
ainsi parle l'auditeur des paroles de Dieu, qui connaît les vues du Très-Haut, qui voit les visions du Tout-Puissant, qui se prosterne et a les yeux dessillés:
17 ၁၇ ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
Je le vois, quoique non présent, Je le vois, mais dans le lointain… Un astre surgit de Jacob, et un sceptre s'élève d'Israël; il ébranle Moab de fond en comble, et extermine tous les fils de Seth,
18 ၁၈ သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍ သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။
et Edom devient sa conquête, et Séïr la conquête de ses ennemis, et Israël fait des actes de vaillance.
19 ၁၉ ဣသရေလနိုင်ငံသည်အဆက်မပြတ် အောင်ပွဲခံလိမ့်မည်။ ဣသရေလနိုင်ငံသည်ရန်သူတို့ကိုချေမှုန်း၍ တစ်ယောက်မကျန်သုတ်သင်ဖျက်ဆီးလိမ့်မည်။''
Issu de Jacob il aura l'empire, et fera périr les réchappés des villes.
20 ၂၀ ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
Et à la vue d'Amalek, il prononça son oracle et dit: Amalek est en tête des peuples, mais son avenir aboutit à la ruine.
21 ၂၁ တစ်ဖန်သူသည်ကေနိအမျိုးသားတို့ကို ရူပါရုံ၌မြင်၍ အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``သင်တို့နေထိုင်ရာအရပ်သည် ကမ်းပါးယံအထက်၌တည်ဆောက်ထားသော ငှက်သိုက်ကဲ့သို့လုံခြုံပေသည်။
Et à la vue des Kénites, il prononça son oracle et dit: Que ta demeure soit permanente, et place ton aire sur le rocher!
22 ၂၂ သို့ရာတွင်အာရှုရိဘုရင်သည်သင်တို့၏ပြည်ကို တိုက်ခိုက်သိမ်းယူလိမ့်မည်။ ထိုအခါသင်တို့သည်ပျက်စီးဆုံးပါးလိမ့်မည်။''
Mais Kain est voué à la ruine: Quelle sera sa durée? Assur te fera prisonnier.
23 ၂၃ ဗာလမ်သည်အောက်ပါဗျာဒိတ်တော်ကိုဆင့်ဆို သည်။ ``မြောက်အရပ်တွင်မည်သူတို့စုရုံးနေကြ သနည်း။
Et il prononça son oracle et dit: Hélas! qui vivra, quand Il fera ces choses?…
24 ၂၄ ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
Et des navires partis de la côte de Kittim humilieront Assur, humilieront Eber, lui aussi est voué à la ruine.
25 ၂၅ ထိုနောက်ဗာလမ်နှင့်ဗာလက်ဘုရင်တို့သည် မိမိ တို့နေရပ်သို့အသီးသီးပြန်သွားကြလေ၏။
Et Balaam se leva, et partit et retourna chez lui; de même Balak s'en alla de son côté.