< တောလည်ရာ 22 >

1 တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်၊ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​လွင်​ပြင်​တွင်​စ​ခန်း ချ​ကြ​လေ​သည်။
And thei yeden forth, and settiden tentis in the feeldi places of Moab, where Jerico is set ouer Jordan.
2 မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊-
Forsothe Balach, the sone of Sephor, siy alle thingis whiche Israel hadde do to Ammorrei,
3 သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။-
and that men of Moab `hadden dred Israel, and miyten not bere the assailing of him.
4 ထို့​ကြောင့်​သူ​တို့​သည်​မိ​ဒျန်​ပြည်​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား``နွား​သည်​စား​ကျက်​ရှိ​မြက် ကို​ကုန်​စင်​အောင်​စား​သ​ကဲ့​သို့​ဤ​လူ​အုပ်​ကြီး သည် ငါ​တို့​ပတ်​ဝန်း​ကျင်​၌​ရှိ​သ​မျှ​ကို​ဖျက်​ဆီး ပစ်​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ဗာ​လက် ဘု​ရင်​သည်၊-
And he seide to the grettere men in birthe of Madian, So this puple schal do a wei alle men that dwellen in oure coostis, as an oxe is wont to do awei an eerbe `til to the rootis. Forsothe he, `that is, Balaac, was kyng in that tyme in Moab.
5 အမ္မုန်​ပြည်​ယူ​ဖ​ရေး​မြစ်​အ​နီး​ရှိ​ပေ​သော် မြို့​တွင် နေ​ထိုင်​သော​ဗော​ရ​၏​သား​ဗာ​လမ်​အား လျှောက်​ထား​ပင့်​ခေါ်​ခြင်း​ငှာ စေ​တ​မန်​များ ကို​စေ​လွှတ်​လိုက်​လေ​သည်။ ဗာ​လက်​၏​လျှောက် ထား​ချက်​တွင်``လူ​မျိုး​တစ်​မျိုး​သည်​ထွက်​လာ ၍​နေ​ရာ​အ​နှံ့​အ​ပြား​သို့​ရောက်​ပြီး​နောက် ယ​ခု​ငါ​တို့​၏​ပြည်​ကို​သိမ်း​ယူ​ရန်​ခြိမ်း ခြောက်​နေ​ကြ​ပါ​ပြီ။-
Therfor he sente messangeris to Balaam, the sone of Beor, a fals diuynour, that dwellide on the flood of the lond of the sones of Amon, that thei schulden clepe hym, and schulden seie, Lo! a puple yede out of Egipt, `which puple hilide the face of erthe, and sittith ayens me.
6 သူ​တို့​သည်​ငါ​တို့​ထက်​လူ​အင်​အား​ပို​များ သ​ဖြင့် လာ​၍​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​လော့။ သို့ ပြု​လျှင်​သူ​တို့​ကို​ငါ​တိုက်​ခိုက်​၍ နှင်​ထုတ်​နိုင် ကောင်း​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော် ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ကို ခံ​ရ​၍ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​တို့​သည် ကျိန်​စာ​သင့်​ကြ​ပါ​လိမ့်​မည်'' ဟု​ဖော်​ပြ ပါ​ရှိ​လေ​သည်။
Therfor come thou, and curse this puple, which is strongere than Y, if in ony maner Y may smyte and dryue hym out of my lond; for Y knowe, that he is blissid whom thou blissist, and he is cursid whom thou hast cursid.
7 ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။-
The eldere men of Moab and the grettere men in birthe of Madian yeden forth, hauynge in hondis the prijs of fals dyuynyng; and whanne thei hadden come to Balaam, and hadden teld to hym alle the wordis of Balaach, he answeride,
8 ထို​အ​ခါ​ဗာ​လမ်​က​သူ​တို့​အား``ယ​နေ့​ည ဤ​အ​ရပ်​တွင်​တည်း​ခို​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား​မည်​ကဲ့​သို့​မိန့်​မှာ​တော်​မူ ကြောင်း နက်​ဖြန်​နေ့​တွင်​ငါ​ပြော​ပြ​ပါ​မည်'' ဟု​ဆို​လေ​၏။ ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဗာ​လမ်​ထံ​၌​တည်း​ခို ကြ​လေ​သည်။
Dwelle ye here to nyyt, and Y schal answere what euer thing the Lord schal seie to me. Sotheli while thei dwelliden at Balaam, God cam, and seide to hym,
9 ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ​သို့​ကြွ​လာ ၍``သင်​နှင့်​အ​တူ​တည်း​ခို​နေ​သူ​များ​သည် မည်​သူ​တို့​နည်း'' ဟု​မေး​တော်​မူ​၏။
What wolen these men at thee `to hem silf?
10 ၁၀ ထို​အ​ခါ​ဗာ​လမ်​က``မော​ဘ​ပြည်​ဘု​ရင် ဗာလက်​ထံ​မှ​လာ​သော​သူ​များ​ဖြစ်​ကြ ပါ​သည်။-
Balaam answeride, Balaach, the sone of Sephor, kyng of Moabitis, sente to me, and seide, Lo!
11 ၁၁ ဗာ​လက်​က​အီ​ဂျစ်​ပြည်​မှ​လာ​သော​လူ​မျိုး တစ်​မျိုး​သည် မြေ​မျက်​နှာ​ပြင်​အ​နှံ့​အ​ပြား သို့​ရောက်​ရှိ​နေ​ကြောင်း၊ ထို​သူ​တို့​ကို​တိုက်​ခိုက် နှင်​ထုတ်​နိုင်​ရန်​အ​ကျွန်ုပ်​အား သူ​တို့​ထံ​သို့ သွား​၍​ထို​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​မည့် အ​ကြောင်း​အ​ကြောင်း​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​လေ​သည်။
a puple which is gon out of Egipt hilide the face of erthe; come thou, and curse hem, if in ony maner Y may fiyte, and dryue hym awey.
12 ၁၂ ဘု​ရား​သ​ခင်​က​ဗာ​လမ်​အား``သင်​သည်​ဤ သူ​တို့​နှင့်​အ​တူ​မ​လိုက်​သွား​ရ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​ခံ​ရ​သော​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့ ကို​မ​ကျိန်​ဆဲ​ရ'' ဟု​မိန့်​တော်​မူ​၏။
And God seide to Balaam, Nyle thou go with hem, nether curse thou the puple, for it is blessid.
13 ၁၃ နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ်​က​ဗာ​လက် ၏​သံ​တ​မန်​တို့​အား``သင်​တို့​ပြန်​ကြ​လော့။ သင် တို့​နှင့်​အ​တူ​လိုက်​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​အ​ခွင့်​ပေး​တော်​မ​မူ'' ဟု​ပြော​လေ​၏။-
Which Balaam roos eerli, and seide to the princes, Go ye in to youre lond, for God forbeed me to come with you.
14 ၁၄ ထို​ကြောင့်​သူ​တို့​သည်​ဗာ​လက်​ထံ​သို့​ပြန်​၍ သူ တို့​နှင့်​အ​တူ​ဗာ​လမ်​မ​လိုက်​လို​ကြောင်း​လျှောက် ထား​ကြ​လေ​သည်။
The princes turneden ayen, and seiden to Balaach, Balaam nolde come with vs.
15 ၁၅ ထို​နောက်​ဗာ​လက်​သည်​ယ​ခင်​တစ်​ကြိမ်​ထက် အ​ရေ​အ​တွက်​များ​၍ ပို​မြင့်​သော​စေ​တ​မန် များ​ကို​ဗာ​လမ်​ထံ​သို့​စေ​လွှတ်​လိုက်​လေ သည်။-
Eft Balaach sente many mo and noblere men, than he hadde sent bifore;
16 ၁၆ သူ​တို့​သည်​ဗာ​လမ်​ထံ​သို့​သွား​၍``ငါ့​ထံ​လာ ဖြစ်​အောင်​လာ​ပါ​လော့။-
whiche seiden, whanne thei hadden come to Balaam, Balaach, the sone of Sephor, seith thus, Tarye thou not to come to me, redi to onoure thee;
17 ၁၇ ကိုယ်​တော်​အား​ထိုက်​ထိုက်​တန်​တန်​ချီး​မြှင့် ပါ​မည်။ ကိုယ်​တော်​ခိုင်း​စေ​သ​မျှ​ကို​ဆောင်​ရွက် ပေး​ပါ​မည်။ ကြွ​လာ​၍​ဤ​သူ​တို့​ကို​ကျိန်​ဆဲ ပါ​လော့'' ဟူ​သော​ဗာ​လက်​၏​လျှောက်​ထား ချက်​ကို​တင်​ပြ​ကြ​၏။
and what euer thing thou wolt, Y schal yyue to thee; come thou, and curse this puple.
18 ၁၈ သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။-
Balaam answeride, Thouy Balaach schal yyue to me his howsful of siluer and of gold, Y schal not mowe chaunge the word of my God, that Y speke ethir more ethir lesse.
19 ၁၉ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား မည် ကဲ့​သို့​မိန့်​တော်​မူ​ဦး​မည်​ကို​သိ​ရှိ​နိုင်​ရန် သင်​တို့​သည် ယ​နေ့​ည​ငါ့​ထံ​တွင်​တည်း​ခို နေ​ထိုင်​ကြ​ပါ'' ဟု​ဆို​၏။
Y biseche, that ye dwelle here also in this nyyt, that Y may wite what the Lord schal answere eft to me.
20 ၂၀ ထို​နေ့​ည​တွင်​ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ သို့​ကြွ​လာ​၍``ဤ​သူ​တို့​သည်​သင့်​ကို​သူ​တို့ နှင့်​အ​တူ​လိုက်​ပါ​ရန် ခေါ်​ဖိတ်​လျှင်​လိုက်​သွား လော့။ သို့​ရာ​တွင်​သင်​သည်​ငါ​ညွှန်​ကြား​သည့် အ​တိုင်း​သာ​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။-
Therfor the Lord cam to Balaam in the nyyt, and seide to hym, If these men comen to clepe thee, rise thou, and go with hem, so oneli that thou do that that Y schal comaunde to thee.
21 ၂၁ သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။
Balaam roos eerli, and whanne his femal asse was sadelid, he yede forth with hem.
22 ၂၂ ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။-
And God was wrooth. And the `aungel of the Lord stood in the weie ayens Balam, that sat on the femal asse, and hadde twei children with hym.
23 ၂၃ မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။-
The femal asse siy the aungel stondynge in the weie, with swerd drawun, and `turnede a wei hir silf fro the weie, and yede bi the feeld. And whanne Balaam beet hir, and wolde lede ayen to the path,
24 ၂၄ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။-
the aungel stood in the streitnessis of twei wallis, with whiche the vyneris weren cumpassid.
25 ၂၅ မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။-
And the femal asse siy the aungel, and ioynede hir silf to the wal, and hurtlide the foot of the sittere; and he beet eft `the asse.
26 ၂၆ တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။-
And neuer the lesse the aungel yede to the streit place, where me `myyte not go out of the weie, nether to the riyt side nether to the left side, and stood ayens hym.
27 ၂၇ မြည်း​သည်​ကောင်းကင်​တ​မန်​ကို​မြင်​ပြန်​သော အ​ခါ လမ်း​မ​ပေါ်​တွင်​ဝပ်​ချ​လိုက်​၏။ ဗာ​လမ် သည်​ဒေါ​သ​ထွက်​၍​မြည်း​ကို​တောင်​ဝှေး​ဖြင့် ရိုက်​လေ​သည်။-
And whanne the femal asse siy the aungel stondynge, sche felde doun vndir the feet of the sittere, which was wrooth ful greetli, and beet hir sidis with a staaf.
28 ၂၈ ထို​အ​ခါ​ထာဝရ​ဘု​ရား​သည်​မြည်း​ကို​လူ​ကဲ့ သို့ စ​ကား​ပြော​စေ​သ​ဖြင့်​မြည်း​က​ဗာ​လမ် အား``ငါ့​ကို​အ​ဘယ်​အ​ပြစ်​ကြောင့်​သုံး​ကြိမ် တိုင်​အောင်​ရိုက်​ရ​ပါ​သ​နည်း'' ဟု​မေး​လေ သည်။
And the Lord openyde the `mouth of the femal asse, and sche spak, What have Y doon to thee? whi smytist thou me, lo! now the thridde tyme?
29 ၂၉ ဗာ​လမ်​က``သင်​သည်​ငါ့​ကို​အ​ရူး​ဖြစ်​အောင် ပြု​လုပ်​ပါ​သည်​တ​ကား။ ငါ့​လက်​ထဲ​၌​ဋ္ဌား ရှိ​လျှင်​သင့်​ကို​ငါ​သတ်​မည်'' ဟု​ဆို​လေ​၏။
Balaam answeride, For thou hast disserued, and hast scornyd me; Y wolde that Y hadde a swerd to sle thee.
30 ၃၀ ထို​အ​ခါ​မြည်း​က``ငါ​သည်​သင်​စီး​နေ​ကျ မြည်း​မ​ဟုတ်​ပါ​သ​လော။ ငါ​သည်​ယ​ခင်​ဤ ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ​သ​လော'' ဟု​ဗာ​လမ်​အား မေး​လေ​၏။ ဗာ​လမ်​က``မ​ပြု​ဘူး'' ဟု​ပြန်​ပြော​၏။
And the femal asse seide, Whether Y am not thi beeste on which thou were wont to sitte euere til in to this present dai? seie thou, what lijk thing Y dide euere to thee? And he seide, Neuere.
31 ၃၁ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လမ်​အား ဋ္ဌား​ကိုင်​၍ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ကို မြင်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မြေ​ပေါ်​တွင် ပျပ်​ဝပ်​၍​နေ​လေ​၏။-
Anoon the Lord openyde `the iyen of Balaam, and he siy the aungel stondynge in the weie, holdynge a drawun swerd in the hoond; and Balaam worschipide hym lowli in to erthe.
32 ၃၂ ကောင်း​ကင်​တ​မန်​က​ဗာ​လမ်​အား``သင်​သည် မြည်း​ကို​ဤ​သို့​အ​ဘယ်​ကြောင့်​သုံး​ကြိမ် ရိုက်​ရ​ပါ​သ​နည်း။ သင်​သည်​ခ​ရီး​ဆက်​၍ မ​သွား​နိုင်​ရန်​ငါ​သည်​သင်​သွား​ရာ​လမ်း ကို​ပိတ်​ဆို့​ခဲ့​သည်။-
To whom the aungel seide, Whi `betist thou thi femal asse `the thridde tyme? Y cam to be aduersarie to thee, for thi weie is weiward, and contrarye to me;
33 ၃၃ သင်​၏​မြည်း​သည်​ငါ့​ကို​မြင်​သ​ဖြင့်​သုံး​ကြိမ် တိုင်​လမ်း​လွှဲ​ခဲ့​ပြီ။ အ​ကယ်​၍​မြည်း​သည်​လမ်း မ​လွှဲ​ခဲ့​လျှင် ငါ​သည်​သင့်​ကို​သတ်​၍​မြည်း ကို​အ​သက်​ချမ်း​သာ​ပေး​ပြီ'' ဟု​ဆို​လေ​၏။
and if the femal asse hadde not bowid a wey fro the weie, and youe place to ayenstondere, Y hadde slayn thee, and sche schulde lyue.
34 ၃၄ ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။
Balaam seide, Y synnede, not witynge that thou stodist ayens me; and now, if it displesith thee that Y go, Y schal turne ayen.
35 ၃၅ ကောင်း​ကင်​တ​မန်​က​လည်း``ဤ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့။ သို့​ရာ​တွင်​ငါ​ပြော စေ​လို​သည့်​အ​တိုင်း​သာ​ပြော​ဆို​ရ​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဗာ​လမ်​သည်​သူ​တို့​နှင့် အ​တူ​လိုက်​ပါ​သွား​လေ​၏။
The aungel seide, Go thou with these men, but be war that thou speke not other thing than Y schal comaunde to thee. Therfor Balaam yede with the princes.
36 ၃၆ ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​လာ​နေ​ကြောင်း ကို​ကြား​သိ​ရ​သော​အ​ခါ မော​ဘ​ပြည်​နယ်​စပ် အာ​နုန်​မြစ်​ကမ်း​ပေါ်​ရှိ​အာ​ရ​မြို့​သို့​သွား​၍ ကြို​ဆို​၏။-
And whanne Balaach hadde herde this, he yede out in to the comyng of hym, in the citee of Moabitis, whiche is set in the laste coostis of Arnon.
37 ၃၇ ဗာ​လက်​က​ဗာ​လမ်​အား``အ​ကျွန်ုပ်​ပ​ထ​မ အ​ကြိမ်​ကိုယ်​တော်​ကို​ခေါ်​ရန်​စေ​လွှတ်​စဉ်​က အ​ဘယ်​ကြောင့်​လိုက်​၍​မ​လာ​ပါ​သ​နည်း။ ကိုယ်​တော်​အား​ထိုက်​တန်​စွာ​မ​ချီး​မြှင့်​နိုင် ဟု​ယူ​ဆ​ပါ​သ​လော'' ဟု​ဆီး​၍​မေး​လေ သည်။
And he seide to Balaam, Y sente messangeris to clepe thee; whi camest thou not anoon to me? whethir for Y may not yelde meede to thi comyng?
38 ၃၈ ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-
To whom Balaam answeride, Lo! Y am present, whethir Y schal mow speke other thing than that, that God schal putte in my mouth?
39 ၃၉ သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာ​လက်​နှင့်​အ​တူ ဿု​ဇုတ်​မြို့​သို့​လိုက်​ပါ​သွား​လေ​သည်။-
Therfor thei yeden forth to gidere, and camen in to a citee, which was in the laste coost of `his rewme.
40 ၄၀ ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။
And whanne Balaach hadde slayn scheep and oxun, he sente yiftis to Balaam and the princes that weren with hym.
41 ၄၁ နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။
Forsothe whanne the morewtid was maad, Balaach ledde Balaam to the hiye placis of Baal, and he bihelde the laste part of the puple, `that is, al the oost til to the laste part.

< တောလည်ရာ 22 >