< တောလည်ရာ 20 >
1 ၁ ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
Kwa hiyo wana wa Israeli, na jamii yote ya watu, wakaenda katika jangwa la Sini katika mwezi wa kwanza; wakaa Kadeshi. Hapo ndipo Miriamu alipofia na kuzikwa.
2 ၂ စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊-
Huko hapakuwa na maji kwa ajili ya watu, kwa hiyo wakakusanyika kinyume na Musa na Haruni huko.
3 ၃ ``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
Watu wakamlalamikia Musa. Wakasema, “Ilikuwa ni bora kama tungelikufa wakati Waisraeli wenzetu walipokufa mbele za BWANA.
4 ၄ အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။-
Kwa nini umewaleta watu wa BWANA kufia katika jangwa hili, sisi na wanyama wetu?
5 ၅ အဘယ်ကြောင့်အကျွန်ုပ်တို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်၍ မည်သည့်အပင်မျှမပေါက်သောဤ ခေါင်သည့်အရပ်သို့ခေါ်ဆောင်ခဲ့ပါသနည်း။ ဤ အရပ်တွင်ကောက်ပဲသီးနှံပင်မရှိ၊ သဖန်းပင် မရှိ၊ စပျစ်ပင်မရှိ၊ သလဲပင်မရှိ၊ သောက် စရာရေမရှိ'' ဟုညည်းတွားကြလေသည်။-
Kwa nini ulitutoa Misri na kutuleta katika eneo hili baya? Hapa hakuna nafaka, wala mitini, wala mizabibu, wala makomamanga. Na hakuna maji ya kunywa.”
6 ၆ ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
Basi Musa na Haruni wakatoweka mbele ya mkutano huo. Wakaenda kwenye hema ya kukutania wakalala kifudifudi. Ndipo pale utukufu wa Busara wa BWANA ukaonekana kwao.
7 ၇ ထာဝရဘုရားကမောရှေအား၊-
BWANA akanena na Musa, akamwambia,
8 ၈ ``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
“Chukua fimbo yako na uwakusanye watu, wewe na Haruni ndugu yako. Uumbie huu mwamba mbele ya macho yao, na uumuru utoe maji. Nawe utawapa maji kutoka kwenye huu mwamba, nawe utawapa maji ya kunywa hao watu na wanyama wao.”
9 ၉ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
Musa akachukua hiyo fimbo mbele ya BWANA, kama vile BWANA alivyokuwa amemwamuru kufanya.
10 ၁၀ သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
Kisha Musa na Haruni wakawakusanya watu pamoja mbele ya ule mwamba. Ndipo Musa akawaambia, “Sasa sikilizeni, enyi wapinzani. Lazima tuwape maji kutoka kwenye huu mwamba?”
11 ၁၁ တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
Ndipo Musa akanyosha mkono wake na kuupiga ule mwamba mara mbili kwa fimbo yake, na maji mengi yakatoka. Wale watu wakanywa pamoja na wanyama wao.
12 ၁၂ သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
Kisha BWANA akamwambia Musa na Haruni, “Kwa kuwa hamkuniheshimu mimi na kuniamini mbele ya watu wa Israeli, hamtawaingiza hawa watu katika nchi niliyowaahidi.
13 ၁၃ မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
Mahali hapa paliitwa maji ya Meriba kwa sababu wana wa Israeli walitofautiana na BWANA pale, na akajionyesha kwao kuwa mtakatifu.
14 ၁၄ မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
Musa akatuma wajumbe kutoka Kadeshi kwa mfalme wa Edom: Ndugu yako Israeli anasema hivi: “Wewe unajua magumu yote ambayo yametupata.
15 ၁၅ အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
Na unajua kuwa babu zetu walienda Misri na waliishi Misri kwa muda mrefu. Wamisri walitutendea vibaya pamoja na babu zetu.
16 ၁၆ အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
Tulipomlilia BWANA, akatusikia na kututumia malaika ambaye alitutoa toka Misri. Tazama, sasa tuko Kadeshi, mji unaopakana na nchi yako.
17 ၁၇ ကိုယ်တော်၏ပြည်ကိုဖြတ်သန်းခွင့်ပေးတော် မူပါ။ အကျွန်ုပ်တို့နှင့်တကွသိုး၊ နွား၊ တိရစ္ဆာန် တို့သည်ကိုယ်တော်၏လယ်များ၊ စပျစ်ဥယျာဉ် များကိုဖြတ်သန်းခြင်းပြုမည်မဟုတ်ပါ။ ရေတွင်းများမှရေကိုလည်းသောက်သုံးမည် မဟုတ်ပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်၏ ပိုင်နက်လွန်သည် အထိလမ်းမကြီးအတိုင်း ဖြတ်သန်းသွားပါမည်'' ဟုလျှောက်ထား ကြလေသည်။
Tunakuomba uturuhusu kupita katika nchi yako. Hatutapita mashambani wala kwenye mashamba ya mizabibu, wala hatutakunywa maji ya visima vyako. Tutapita kwenye njia kuu ya mfalme. Hatutageuka upande wa kulia wala upande wa kushoto mpaka tutakapopita mpaka wako.”
18 ၁၈ ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
Lakini mfalme wa Edomu akamjibu, “Msipite hapa. Kama mtafanya hivyo, Nitakuja na upanga kukuvamia.”
19 ၁၉ ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
Ndipo wana wa Israeli wakamwambia,”tutapitia njia kuu. Kama sisi au wanyama wetu watakunywa maji yako, basi tutalipa. Tunaomba uturuhusu tupite tukitembea kwa miguu yetu, bila kufanya jambo lolote lile.”
20 ၂၀ ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။-
Lakini mfalme wa Edomu akajibu, “Usipite hapa.” Kwa hiyo nfalme wa Edomu akawa kinyume cha Israeli kwa mkono wenye nguvu pamoja na jeshi kubwa sana.
21 ၂၁ ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
Mfame wa Edomu akawazuia wana wa Israeli kupita kwenye mipaka yake. Kwa sababu ya hili, Israeli akageuka kuiacha nchi ya Edomu.
22 ၂၂ ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
Kwa hiyo watu wakasafiri kutoka Kadeshi. Wana wa Israeli, watu wote, wakafika Mlima Hori.
BWANA akanena na Musa na Haruni hapo kwenye Mlima Hori, kwenye mpaka wa Edomu. Akasema,
24 ၂၄ ``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
“Sasa ni wakati wa Haruni kukusanyika na watu wake, hataingia katika nchi ile niliyowaahidi wana wa Israeli. Hii ni kwa sababu ninyi wawili hamkuitii sauti yangu pale kwenye maji ya Meriba.
25 ၂၅ အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
Mchukue Haruni na Eliazari mwanaye, na uwalete juu ya Mlima Hori.
26 ၂၆ အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
Umvulishi HarunI yale mavazi ya kikuhani na umvalishe Eliazari mwanaye. Haruni atakufa na kulazwa pamoja na watu wake.”
27 ၂၇ ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။-
Musa akafanya kama BWANA alivyomwamuru. Wakaenda juu y a Mlima Hori na watu wote wakiona.
28 ၂၈ တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
Musa akamvulisha Haruni yale mavazi ya kikuhani na kumvalisha Mwanaye Eliazari. Haruni akafa pale juu ya Mlima Hori. Kisha Musa na Eliazari wakashuka.
29 ၂၉ ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။
Watu walipoona kuwa Haruni amekufa, taifa lote wakamlilia Haruni kwa siku arobaini.