< တောလည်ရာ 20 >

1 ပ​ထ​မ​လ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဇိ​န​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​၍ ကာ​ဒေ​ရှ​အ​ရပ်​၌​စ​ခန်း​ချ​ကြ​သည်။ ထို အ​ရပ်​တွင်​မိ​ရိ​အံ​သေ​ဆုံး​သ​ဖြင့် သူ့​အ​လောင်း ကို​မြှုပ်​နှံ​သင်္ဂြိုဟ်​လိုက်​ကြ​၏။
以色列子民全會眾於正月來到了親曠野,人民就在卡德士住下了。米黎盎在那裏死了,也就埋在那裏。
2 စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊-
會眾沒有人水喝,就聚在一起反抗梅瑟和亞郎。
3 ``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-
民眾同梅瑟爭辯說:「巴不得我們的兄弟也上主面前死去時,我們也死了!
4 အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။-
為什麼你們領上主的會眾來到這曠野裏,叫我們和我們的牲畜都死在這裏﹖
5 အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-
為什麼你們使我們由埃及上來,領我們來到這樣壞的地方﹖這地方不但沒有糧食,沒有無花果,沒有葡萄,沒有石榴,而且連喝的水也沒有! 」
6 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။
梅瑟和亞郎遂離開會眾,來到會幕門口,俯伏在地;上主的榮耀遂發現給他們。
7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
上主吩咐梅瑟說:
8 ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
「你拿上棍杖,然後你和你的兄弟亞郎召集會眾,當著他們眼前對這磐石發命,叫磐石流水。這樣你便可使水由磐石中給他們流出,給會眾和他們的牲畜喝」。
9 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။
梅瑟就照上主吩咐他的,由上主面前拿了棍杖。
10 ၁၀ သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊-
梅瑟和亞郎召集會眾來到磐石前,對他們說:「你們這些叛徒,聽著! 我們豈能從這磐石中給你們引出水來﹖」
11 ၁၁ တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။
梅瑟遂舉起手來,用棍杖打了磐石兩次,才有大量的水湧出,會眾和他們的生畜都喝夠了。
12 ၁၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။
上主卻對梅瑟和亞郎說:「因為你們沒有相信我,使我以色列子民眼前被尊為聖,所以你們不得領這會眾進入我賜給他們的土地」。
13 ၁၃ မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။
這就是默黎巴水的來歷,因為以色列子民在那裏與上主爭辯過,上主因而顯示了自己的聖德。
14 ၁၄ မော​ရှေ​သည်​ကာ​ဒေ​ရှ​အ​ရပ်​မှ​ဧ​ဒုံ​ဘု​ရင်​ထံ သို့ သံ​တ​မန်​များ​ကို​စေ​လွှတ်​လိုက်​၏။ သံ​တ​မန် တို့​က​ဧ​ဒုံ​ဘု​ရင်​အား``ကိုယ်​တော်​၏​ဆွေ​မျိုး သား​ချင်း​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​မှ သ​တင်း​ပါး​လိုက်​ပါ​သည်။ အ​ကျွန်ုပ် တို့​ဆင်း​ရဲ​ဒုက္ခ​မည်​မျှ​ခံ​ခဲ့​ရ​ကြောင်း ကိုယ်​တော်​သိ​ပါ​၏။-
梅瑟由卡德士派遺使者去見厄東王說:「你的兄弟以色列這樣說:你知道我們所遭遇的一切困難,
15 ၁၅ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-
我們的祖先下到了埃及。我們在埃及住了很久,埃及人虐待了我們和我們的祖先。
16 ၁၆ အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-
我們曾向上主呼號,衪俯聽了我們的呼聲,派來了一位使者,領我們出離了埃及。看,我們現在就在你邊境上的卡德士城,
17 ၁၇ ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။
求你讓我們由你的境內經過;我們決不會踏過莊田或葡萄園,菩提不喝井裏的水,只走王道,不偏右,也不偏左;直至走過你的國境」。
18 ၁၈ ဧ​ဒုံ​အ​မျိုး​သား​တို့​က``သင်​တို့​အား​ငါ​တို့ ၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပြု​နိုင်။ သင်​တို့ ဖြတ်​သန်း​လာ​လျှင်​ငါ​တို့​သည်​အ​လုံး အ​ရင်း​နှင့်​ချီ​တက်​၍​သင်​တို့​အား​တိုက်​ခိုက် မည်'' ဟု​ဖြေ​ကြား​ကြ​လေ​သည်။
厄東卻答覆說:「不准你們由我們這裏經過,不然我要以刀相迎」。
19 ၁၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။
以色列子民再向他說:「我們只沿大路走,我們和我們的牲畜若喝了你的水,我們願付錢;只求經過這點小事」。
20 ၂၀ ဧ​ဒုံ​အ​မျိုး​သား​တို့​က``ငါ​တို့​ဖြတ်​သန်း​ခွင့် မ​ပြု​နိုင်'' ဟု​ဆို​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​ရန် ဗိုလ်​ပါ​အ​လုံး​အ​ရင်း နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။-
他仍然說:「不准你經過」。厄東即領大隊人馬和武裝步隊出迎。
21 ၂၁ ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။
厄東既然不讓以色列由他境內經過,以色列就從那裏折回。
22 ၂၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
以色列子民全會眾由卡德士起程,來到了曷爾山。
23 ၂၃
在厄東國界的了曷爾山上,上主對梅瑟和亞郎說:
24 ၂၄ ``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-
「亞郎要歸到他祖先那裏去,他不能進入我賜給以色列子民的地方,因為你們在默黎巴取水的事上,違背了我的訓令。
25 ၂၅ အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊-
你帶亞郎和他的兒子厄肋阿匝爾,一同上曷爾山上去,
26 ၂၆ အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
將亞郎的長袍脫下,給他的兒子厄肋阿匝爾穿上,因為亞郎要被召回歸去,死在那裏」。
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-
梅瑟就照上主吩咐的做了。當著全會眾的面,他們上了曷爾山。
28 ၂၈ တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-
梅瑟把亞郎的長袍脫下,給他的兒子厄肋阿匝爾穿上,亞郎就在山頂死了。以後梅瑟和厄肋阿匝爾由山上下來。
29 ၂၉ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။
全會眾知道亞郎死了,以色列全家為亞郎舉哀三十天。

< တောလည်ရာ 20 >