< တောလည်ရာ 2 >
1 ၁ ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။-
And the LORD spoke unto Moses and unto Aaron, saying:
2 ၂ ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
'The children of Israel shall pitch by their fathers' houses; every man with his own standard, according to the ensigns; a good way off shall they pitch round about the tent of meeting.
3 ၃ အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ယုဒ အမိနဒပ်၏သားနာရှုန် ၇၄၆၀၀ ဣသခါ ဇုအာ၏သားနာသနေလ ၅၄၄၀၀ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ၅၇၄၀၀ စုစုပေါင်း ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
Now those that pitch on the east side toward the sunrising shall be they of the standard of the camp of Judah, according to their hosts; the prince of the children of Judah being Nahshon the son of Amminadab,
and his host, and those that were numbered of them, threescore and fourteen thousand and six hundred;
and those that pitch next unto him shall be the tribe of Issachar; the prince of the children of Issachar being Nethanel the son of Zuar,
and his host, even those that were numbered thereof, fifty and four thousand and four hundred;
and the tribe of Zebulun; the prince of the children of Zebulun being Eliab the son of Helon,
and his host, and those that were numbered thereof, fifty and seven thousand and four hundred;
all that were numbered of the camp of Judah being a hundred thousand and fourscore thousand and six thousand and four hundred, according to their hosts; they shall set forth first.
10 ၁၀ တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ရုဗင် ရှေဒုရ၏သားဧလိဇုရ ၄၆၅၀၀ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ၅၉၃၀၀ ဂဒ် ဒွေလ၏သားဧလျာသပ် ၄၅၆၅၀ စုစုပေါင်း ၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
On the south side shall be the standard of the camp of Reuben according to their hosts; the prince of the children of Reuben being Elizur the son of Shedeur,
and his host, and those that were numbered thereof, forty and six thousand and five hundred;
and those that pitch next unto him shall be the tribe of Simeon; the prince of the children of Simeon being Shelumiel the son of Zurishaddai,
and his host, and those that were numbered of them, fifty and nine thousand and three hundred;
and the tribe of Gad; the prince of the children of Gad being Eliasaph the son of Reuel,
and his host, even those that were numbered of them, forty and five thousand and six hundred and fifty;
all that were numbered of the camp of Reuben being a hundred thousand and fifty and one thousand and four hundred and fifty, according to their hosts; and they shall set forth second.
17 ၁၇ အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
Then the tent of meeting, with the camp of the Levites, shall set forward in the midst of the camps; as they encamp, so shall they set forward, every man in his place, by their standards.
18 ၁၈ အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
On the west side shall be the standard of the camp of Ephraim according to their hosts; the prince of the children of Ephraim being Elishama the son of Ammihud,
and his host, and those that were numbered of them, forty thousand and five hundred;
and next unto him shall be the tribe of Manasseh; the prince of the children of Manasseh being Gamaliel the son of Pedahzur,
and his host, and those that were numbered of them, thirty and two thousand and two hundred;
and the tribe of Benjamin; the prince of the children of Benjamin being Abidan the son of Gideoni,
and his host, and those that were numbered of them, thirty and five thousand and four hundred;
all that were numbered of the camp of Ephraim being a hundred thousand and eight thousand and a hundred, according to their hosts; and they shall set forth third.
25 ၂၅ မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ၆၂၇၀၀ အာရှာ သြကရန်၏သားပါဂျေလ ၄၁၅၀၀ နဿလိ ဧနန်၏သားအဟိရ ၅၃၄၀၀ စုစုပေါင်း ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
On the north side shall be the standard of the camp of Dan according to their hosts; the prince of the children of Dan being Ahiezer the son of Ammishaddai,
and his host, and those that were numbered of them, threescore and two thousand and seven hundred;
and those that pitch next unto him shall be the tribe of Asher; the prince of the children of Asher being Pagiel the son of Ochran,
and his host, and those that were numbered of them, forty and one thousand and five hundred;
and the tribe of Naphtali; the prince of the children of Naphtali being Ahira the son of Enan,
and his host, and those that were numbered of them, fifty and three thousand and four hundred;
all that were numbered of the camp of Dan being a hundred thousand and fifty and seven thousand and six hundred; they shall set forth hindmost by their standards.'
32 ၃၂ ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
These are they that were numbered of the children of Israel by their fathers' houses; all that were numbered of the camps according to their hosts were six hundred thousand and three thousand and five hundred and fifty.
33 ၃၃ ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
But the Levites were not numbered among the children of Israel; as the LORD commanded Moses.
34 ၃၄ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။
Thus did the children of Israel: according to all that the LORD commanded Moses, so they pitched by their standards, and so they set forward, each one according to its families, and according to its fathers' houses.