< တောလည်ရာ 19 >
1 ၁ ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ မှတစ်ဆင့်၊
၁တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊ ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူသော ပညတ် တရားဟူမူကား၊
2 ၂ ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊-
၂အပြစ် မပါ၊ တခါမျှ ထမ်းဘိုး မတင် ၊ ကွက်ကျား ခြင်းမ ရှိ၊ အဆင်းနီ သော နွားမ ပျိုကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့မည်အကြောင်း ဆင့်ဆို လော့။
3 ၃ ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။-
၃ယဇ်ပုရောဟိတ် ဧလာဇာ ၌ အပ် ၍ တပ် ပြင် သို့ ဆောင် သွားပြီးမှ ၊ သူ့ ရှေ့၌ အခြားသူ သတ် ရမည်။
4 ၄ ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။-
၄ယဇ်ပုရောဟိတ် ဧလာဇာ သည် အသွေး ကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ စူးစူး၌ ခုနစ် ကြိမ် ဖြန်း ရမည်။
5 ၅ နွား၏အရေ၊ အသား၊ သွေးနှင့်အူမှစ၍တစ် ကောင်လုံးကို ယဇ်ပုရောဟိတ်ရှေ့တွင်မီးရှို့ ရမည်။-
၅ယဇ်ပုရောဟိတ် ရှေ့မှာ ထိုနွားမ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနု နှင့်တကွတကောင်လုံးကို အခြား သူသည် မီးရှို့ ရမည်။
6 ၆ ထိုနောက်သူသည်အကာရှသစ်သား၊ ဟုဿုပ် ညွန့်နှင့်ချည်ကြိုးအနီတို့ကိုမီးပုံထဲသို့ ပစ်ချရမည်။-
၆ယဇ်ပုရောဟိတ် သည်လည်း အကာရှ သစ်သား ၊ ဟုဿုပ် ပင်ညွန့်နှင့် နီမောင်း သော အထည်ကို ယူ၍၊ နွားမ မီးလောင် ရာထဲသို့ ပစ်ချ ရမည်။
7 ၇ ထို့နောက်သူသည်မိမိအဝတ်များကိုဖွပ် လျှော်၍ ရေချိုးပြီးလျှင်စခန်းတွင်းသို့ဝင် နိုင်သည်။ သို့ရာတွင်ဘာသာရေးထုံးနည်း အရ သူသည်ညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
၇ထိုနောက် မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ တပ် ထဲသို့ ဝင် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
8 ၈ နွားမကိုမီးရှို့သောသူသည်လည်း မိမိ အဝတ်များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည်လည်းညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
၈မီးရှို့ သောသူသည် လည်း ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။
9 ၉ ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
၉စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။
10 ၁၀ နွားမ၏ပြာကိုစုသိမ်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်ရမည်။ သူသည်လည်းည နေခင်းသို့တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။ ဣသရေလအမျိုးသားတို့နှင့်တကွသူတို့ နှင့်အတူနေထိုင်သောလူမျိုးခြားများသည် ဤပညတ်ကိုအစဉ်အမြဲစောင့်ထိန်းရမည်။
၁၀နွားမ ၏ပြာ ကို စုသိမ်း သောသူသည်လည်း ၊ မိမိ အဝတ် ကိုလျှော် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား ၊ တည်းခို သော တပါး အမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသောပညတ် ဖြစ်သတည်း။
11 ၁၁ လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။-
၁၁လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။
12 ၁၂ သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-
၁၂သုံး ရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ် ကိုသန့်ရှင်း စေ၍ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ စင်ကြယ် လိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ကိုယ်ကိုမ သန့်ရှင်း စေ လျှင် ၊ ခုနစ် ရက်မြောက်သောနေ့ တိုင်အောင် မ စင်ကြယ် ရ။
13 ၁၃ လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
၁၃လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။
14 ၁၄ တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
၁၄တဲ ၌ လူ သေ လျှင် စောင့်ရသောတရား ဟူမူကား ၊ တဲ သို့ ဝင် သောသူ၊ တဲ ၌ ရှိနေသောသူအပေါင်း တို့သည် ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်ကြလိမ့်မည်။
15 ၁၅ တဲတွင်း၌အဖုံးမရှိသောအိုးခွက်ရှိသမျှ တို့သည်လည်းညစ်ညမ်းလိမ့်မည်။-
၁၅မ ဖုံး ဘဲ ဖွင့် ထားသောအိုး ရှိသမျှ တို့သည်လည်း မ စင်ကြယ်ဖြစ်ကြလိမ့်မည်။
16 ၁၆ မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။
၁၆သတ်၍သေ သောသူ၊ နာ၍သေ သောသူ၊ လူ သေ အရိုး ၊ လူသင်္ချိုင်း ကို လယ်ပြင် ၌ တွေ့၍ထိ လျှင်၊ ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်လိမ့်မည်။
17 ၁၇ ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။-
၁၇မ စင်ကြယ်သောသူဘို့ အပြစ် ကင်းစေရာ မီးရှို့ သောနွားမ၏ပြာ အချို့ ကို ယူ ၍ ၊ စီး သောရေ နှင့်အတူအိုး ၌ ထည့် ပြီးမှ ၊
18 ၁၈ အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
၁၈စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
19 ၁၉ သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။
၁၉စင်ကြယ် သောသူသည် မ စင်ကြယ်သောသူကို သုံး ရက်မြောက်သောနေ့ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ ဖြန်း ရမည်။ ခုနစ် ရက်မြောက်သောနေ့ ၌ ကိုယ်ကိုသန့်ရှင်း စေ လျက် ၊ မိမိ အဝတ် ကို လျှော် ၍ ရေချိုး လျှင် ၊ ညဦး အချိန် တွင် စင်ကြယ် လိမ့်မည်။
20 ၂၀ ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
၂၀မ စင်ကြယ်သော သူ သည် ကိုယ်ကိုသန့်ရှင်း စေခြင်းငှါမ ပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေသောကြောင့် ၊ ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။ စင်ကြယ် စေသော ရေ ဖြန်း ခြင်းကို မ ခံသောကြောင့်၊ မ စင်ကြယ်ဘဲနေ၏။
21 ၂၁ သင်တို့သည်ဤပညတ်ကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သန့်စင်ခြင်း ဝတ်ဆိုင်ရာရေကိုဖျန်းပေးသောသူသည် လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။ ထိုရေကိုထိကိုင်မိသောသူသည် ညနေသို့ တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
၂၁အစဉ်အမြဲ စောင့်ရသောပညတ် ဟူမူကား ၊ စင်ကြယ် သော ရေ ကို ဖြန်း သောသူသည် မိမိ အဝတ် ကို လျှော် ရမည်။ ထိုရေ ကို ထိ သောသူလည်း ၊ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
22 ၂၂ မသန့်စင်သူကိုင်တွယ်မိသမျှတို့သည်ညစ် ညမ်းလာသဖြင့် ထိုအရာဝတ္ထုများကိုကိုင် တွယ်မိသူသည်ညနေသို့တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။
၂၂မ စင်ကြယ်သောသူ ထိ သမျှ သော အရာသည် လည်း မ စင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိ သောသူ လည်း ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။